၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ထိုင်း၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည် လျက်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိ ရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့်နိုင်ငံ ငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၃၀၅ ဒသမ ၆၅ သန်း၊ စင်ကာပူက ဒေါ်လာ ၁၀၀၀ ဒသမ ၁၂ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၅၃၁ ဒသမ ၆၃ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၄၁၁ ဒသမ ၂၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၃၀၁ ဒသမ ၉၀ သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင် သွင်းထားသည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန် တို့ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁ဝသန်း၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ ဒသမ ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊အိန္ဒိယနိုင်ငံမှဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ် လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်နိုင်ငံမှ ၅၈ သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂သန်းတင်သွင်းထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင် သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်းထားသည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄သန်းအထိတင် ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၉၆ ဒသမ ၉၃၇ သန်းအထိ တင် သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်းရရှိထားသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်