လာမည့်နှစ် ဇန်နဝါရီလမှစ၍ Online Sale မှတ်ပုံတင်လက်မှတ်များကို လျှောက်ထားလာသောအချက်အလက်များကို မြေပြင်စစ်ဆေးပြီးမှသာလျှင် Online Sale မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Online အသုံးပြု၍ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်ကစပြီး e-Commerce Registration System အား စတင်အကောင်အထည်ဖော်၍ Online Sale မှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိနေခြင်း ဖြစ်သည်။
Online Sale Registration Certificate သည် ပြည်တွင်းအသေးစားစီးပွားရေးလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်ရာတွင် စနစ်တကျရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မှတ်ပုံတင်ရာတွင် ကုမ္ပဏီဖြစ်ပြီး MSMEs ကတ်တင်ပြပါက မှတ်ပုံတင်ကြေး (၅၀၀၀၀)ကျပ်သာ ပေးသွင်းရမည်ဖြစ်ကာ MSMEs ကတ် မပါရှိပါက (၇၀၀၀၀) ကျပ်နှင့် Individual အနေဖြင့် လျှောက်ထားလိုပါက (၃၀ ၀၀၀)ကျပ် ကျသင့်မည်ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ Online Sale မှတ်ပုံတင်လက်မှတ် ခန့်မှန်း(၈၈၉၁)ခန့် ထုတ်ပေးထားပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်ဟုလည်း စီး/ကူးက ပြောသည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ e-Com Reg စနစ်တွင် လျှောက်ထားလာသောအချက်အလက်များကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေးပြီးမှသာလျှင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Online Sale မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်ဟု ဆိုသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများကို အရေးကြီးဝန်ဆောငိမှုလုပ်ငန်းအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်တွင် စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ) အရ ထုတ်ပြန်သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ထားသော အမိန့်စာအရ ယင်းအမိန့်စာ ခြောက်လပြည့်ပြီးသည့် အချိန်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းဖြင့်ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားပြီး ဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်