Top News

တစ်လနီးပါး ရပ်နားထားသည့် ပြည်တွင်း အမျိုးသမီးလိဂ်ပွဲစဉ်များ ယနေ့ စတင် ယှဉ်ပြိုင်မည်
24htopnews | October 30, 2024 5:12 PM CST

တစ်လနီးပါး ရပ်နားထားသည့် ပြည်တွင်း အမျိုးသမီးလိဂ် (Myanmar Women League 2024)ပွဲစဉ်များကို ယနေ့ အောက်တိုဘာ(၃၀)ရက်တွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Women League 2024ပွဲစဉ်များကို ပြည်ပခြေစမ်းပွဲများကြောင့် ခတ္တရပ်နားထားရာမှ ယနေ့တွင် Week -20 ပွဲစဉ်များကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ Week-20 ပွဲစဉ်အတွင်း ဧရာဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့မှာ YUSC ကွင်းတွင် လည်းကောင်း၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့မှာ စလင်းကွင်းတွင်လည်းကောင်း၊ မြဝတီနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ပဒုမ္မာကွင်းတွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း ပွဲစဉ် (၇)ပွဲအား၊ ဒုတိယအကျော့အား ဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


READ NEXT
Cancel OK