◘ ဆောက်သမ်တန် - စတုတ်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲမရှိသေးဘဲ ဇယားအောက်ဆုံးရောက်နေတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းကို တုံ့ပြန်ကစားပုံကောင်းပြီး အများချီးကျူးစရာဖြစ်ခဲ့တယ်။ လက်ရှိအခြေအနေမှာ ဆောက်သမ်တန်အသင်းအဖို့ လိဂ်ဖလားထက် ပရီးမီးယားလိဂ်မှာ ဇယားအောက်ဆုံးကနေ ရုန်းထွက်နိုင်ဖို့က ပိုအရေးကြီးနေတယ်။ ဆောက်သမ်တန် နိုင်ရင်တောင် ဂိုးပြတ်ဖို့တော့ မရှိပါဘူး။
◘ ဘရန့်ဖို့ဒ် - ရှက်ဖီးဝင်းစ်ဒေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ဘရန့်ဖို့ဒ်အသင်းက ဒီရာသီပြိုင်ပွဲစုံမှာ ရှုံးပွဲ(၄)ပွဲ ရှိထားခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်၊ မန်စီးတီး၊ စပါးနဲ့ မန်ယူအသင်းတွေကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးသလို၊ တစ်ပွဲသာ သရေကျပြီး (၅)ပွဲ အနိုင်ရထားခဲ့တယ်။ ရှက်ဖီးဝင်းစ်ဒေးအသင်းကတော့ လိဂ်ချန်ပီယံရှစ်မှာ ဇယားအလယ်နားရောက်နေပြီး ဖိအားတော့မရှိတာ သတိပြုရမယ်။ ကစားသမားပိုင်း ကွာခြားချက်များပေမဲ့ ရှက်ဖီးဝင်းစ်ဒေးနဲ့ စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။
◘ ဝုလ်ဖ်ဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ဒေါ့မွန်အသင်းရဲ့ လတ်တလောအဝေးကွင်းရလဒ်တွေက စိတ်ပျက်စရာကောင်းပါတယ်။ နောက်ဆုံး(၄)ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့ခြေစွမ်းနဲ့ ဒေါ့မွန်အသင်းကို မျှော်လင့်ရခက်ပါတယ်။ ဝုလ်ဖ်ဘတ်အသင်းကလည်း နောက်ဆုံးကစားထားတဲ့ (၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့လို့ ယုံစားရခက်တဲ့ အနေအထားပါပဲ။ ဒါပေမဲ့ အိမ်ကွင်းဖြစ်လို့ ဝုလ်ဖ်ဘတ် ဒေါ့မွန်ကို ဒုက္ခပေးလိမ့်မယ်။
◘ လေဗာကူဆင် - အဲဗားစဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက် ည ၁၁း၃၀ နာရီ)
လေဗာကူဆင်အသင်းက (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ သရေကျတဲ့ပွဲတွေ ပိုများလာတယ်။ အဲဗားစဘတ်ကတော့ ဘွန်ဒစ်လီဂါ-၂မှာ ရလဒ်တွေကောင်းနေတယ်။ လက်ရှိချန်ပီယံ လေဗာကူဆင်ပဲ ရွေးချင်တယ်။
◘ လိုက်ပ်ဇစ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက် ည ၁၁း၃၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ပြည်တွင်းမှာတော့ ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေတာ တွေ့ရတယ်။ ဆန့်ပေါ်လီကတော့ တန်းဆင်းဇုန်အန္တရာယ်ကြောင့် ဖိအားများနေတယ်။ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့များတယ်။
◘ ဂျာမန်ဖလား အခြားပွဲစဉ်များ
အော်ဖန်ဘက်ချ် - ကာလ်ရူဟာ*
အော့စ်ဘတ် - ရှော်လ်ကေး*
*စတုဂတ် - ကိုင်ဇာစလော့တန်
*ရေဂင်စဘတ် - ဂရိုင်သာဖက်သ်
ကိုလုံး - ဟော်စတိုင်ကီလ်*
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်