နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License –AD) ရ ဘဏ်များ နိုင်ငံခြားငွေရောင်း / ဝယ်သည့်အခါတွင် စျေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုများ၊ ထပ်တလဲလဲ ရောင်းဝယ်မှုများနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ၅ /၂၀၁၉ ဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ် မ ၅၅ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ (ခ) တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသည့် မြန်မာကျပ်ငွေ၏ ရည်ညွှန်းငွေလဲနှုန်းကို ထုတ်ပြန်ကြေညာရသည်။ ဗဟိုဘဏ်သည် ယင်းရည်ညွှန်းငွေလဲနှုန်းကို နိုင်ငံခြားငွေစျေးပြိုင်လေလံ (Foreign Exchange Aution ) စနစ်အရ သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ နိုင်ငံခြားငွေကြေးစျေးကွက်ရှိ ရောင်း/ ဝယ်မှုများအား အခြေခံ၍ တွက်ချက်ထုတ်ပြန်မည် ဖြစ်သည်။
ဗဟိုဘဏ်သည် ဘဏ်ဖွင့်ရက်တိုင်းတွင် AD လိုင်စင်ရ ဘဏ်များအချင်းချင်း ရောင်း/ဝယ်မှုများနှင့် AD ဘဏ်များနှင့် ၎င်းတို့၏ Customer များအကြား ရောင်း / ဝယ်မှုများ၏ ပျမ်းမျှလဲလှယ်နှုန်းများအား အလေးပေးတွက်ချက်ပြီး ရည်ညွှန်းငွေလဲလှယ်နှုန်းကို သတ်မှတ်မည်ဖြစ်သည်။ ယင်းတွက်ချက်မှုများတွင် AD ဘဏ်များ၏ နိုင်ငံခြားငွေကြေးစျေးကွက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ Spot အရောင်း/ အဝယ်များ ပါဝင်မည်ဖြစ်သည်။ ထိုသို့တွက်ချက်ရရှိသည့် မြန်မာကျပ်ငွေဖြင့် အမေဒေါ်လာ၏ ရည်ညွှန်းငွေလဲနှုန်းနှင့် မြန်မာကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေများ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းများကို တွက်ချက်သည့်နေ့၏ ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ web page ၌ ထုတ်ပြန်မည်ဖြစ်သည်။
စျေးကွက်အခြေခံသတ်မှတ်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းသည် စျေးကွက်ရောင်း / ဝယ်မှုများကို အခြေခံတွက်ချက်ထားသည့် ရည်ညွှန်းချက်တစ်ရပ်သာဖြစ်ပြီး ပြည်တွင်း နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပါဝင်ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ရောင်း / ဝယ်မှုများတွင် မဖြစ်မနေအသုံးပြုရန်မလိုအပ်ဘဲ အကောက်ခွန်ဆိုင်ရာစာရင်း ရှင်းလင်းချက်များ၊ စာရင်းရေးသွင်းမှုများနှင့် စာရင်းအင်းအချက်အလက်ပြုစုရန် ကိစ္စရပ်များအတွက် ယခင်နေ့ရည်ညွှန်းငွေလဲလှယ်နှုန်းကို အသုံးပြုနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲလှယ်နှုန်းကို တွက်ချက်ထုတ်ပြန်နိုင်ရေးအတွက် AD ဘဏ်များသည် နိုင်ငံခြားငွေကြေးစျေးကွက်တွင် နေ့စဉ် AD ဘဏ်များအချင်းချင်း အရောင်း/ အဝယ်ဖြစ်မှု (interbank trade) နှင့် AD ဘဏ်များနှင့် ၎င်းတို့၏ Customer များအကြား အရောင်း/ အဝယ်ဖြစ်မှု ( bank -customer trade) တို့အား တစ်နေ့လျှင် လေးကြိမ်၊ နံနက် ၁၀ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီ၊ မွန်းလွဲ ၃ နာရီတို့တွင် သတင်းပေးပို့ရမည် ဖြစ်သည်။ ထိုသို့သတင်းပေးပို့ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ Electronic Reporting System (ERS) အသုံးပြု၍လည်းကောင်း၊ email ဖြင့်လည်းကောင်း အရောင်း/ အဝယ် ဖြစ်မှု (exeuted trades) တိုင်းအား အထက်ပါ သတ်မှတ်ချိန်များ၏ မိနစ် ၃၀ ထက်နောက် မကျဘဲမပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဆီလျော်မှုမရှိသည့် ရောင်း / ဝယ်မှုများ၊ တူညီသောပမာဏနှင့် စျေးနှုန်းဖြင့် ဘဏ်အချင်းချင်းအကြား ထပ်တလဲလဲရောင်း / ဝယ်မှုများ (Round tripping trades) အား ရည်ညွှန်းငွေလဲလှယ်နှုန်းတွက်ချက်ရာ၌ ဖယ်ထုတ်မည်ဖြစ်သည်။
AD ဘဏ်များက နိုင်ငံခြားငွေရောင်း / ဝယ်သည့်အခါတွင် စျေးကွက်ကိုခြယ်လှယ်လွှမ်းမိုးမှုများ (manipulation) သို့မဟုတ် Round – tripping ရောင်းဝယ်မှုဆောင်ရွက်ကြောင်း သို့မဟုတ် အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက ယင်းဘဏ်သည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်