ဆိုစီဒက် - အီဘာ (တနင်္ဂနွေည ရး၃၀ နာရီ)
မက်ဒရစ်အသင်းကြီး (၂)သင်း ထိပ်တိုက်တွေ့နေချိန်မှာ ထိပ်ဆုံးနေရာကိုပြန်ယူနိုင်ရေး ဆိုစီဒက် အားထုတ်လာမှာသေ ချာတယ်။ ဒါပေမဲ့ အီဘာကလည်း နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားပြထားလို့ ဆိုစီဒက်အတွက် ခက်ခဲတဲ့ပြိုင်ဘက် မျိုးဖြစ်နေတယ်။ အထူးသဖြင့် ခံစစ်ပိုင်းတည်ငြိမ်မှုက နောက် ပိုင်းပွဲတွေမှာ သိသိသာသာအားလျော့နေတဲ့ ဆိုစီဒက်တိုက်စစ် အတွက် စိန်ခေါ်မှုလိုဖြစ်နေတယ်။ ခံစစ်ပိုင်းမာကျောတဲ့အသင်း တွေနဲ့တွေ့ရင် ဆိုစီဒက်တိုက်စစ်က ဂိုးရဖို့ ခက်ခဲသွားတတ်တာ ကိုလည်း လာလီဂါနောက်ဆုံး (၂)ပွဲဖြစ်တဲ့ ဗီလာရီးယဲလ်၊ အ လာဗတ်စ်အသင်းတွေနဲ့ပွဲတွေမှာ (၁)ဂိုးသာသွင်းနိုင်ခဲ့တာက နေ တွေ့ခဲ့ရတယ်။ အခုပွဲမတိုင်မီ ယူရိုပါလိဂ်မှာ နာပိုလီနဲ့ အုပ် စုတက်ရေး အဆုံးအဖြတ်ပွဲ နွှဲထားရတာကလည်း ဆိုစီဒက်အ တွက် ခရီးပန်း၊ ပွဲပန်းအနေအထားမျိုး ရှိနေနိုင်သေးလို့ ခြေစွမ်း မာကျောတဲ့ အီဘာကိုရင်ဆိုင်ဖို့အတွက် အသင့်ဖြစ်နေပါ့မလား ဆိုတာ မသေချာဘူး။ အီဘာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။
ဘက်တစ် - ဗီလာရီးယဲလ် (တနင်္ဂနွေည ၉း၄၅ နာရီ)
ဘက်တစ်ခြေစွမ်းက မှန်းရမလွယ်ဘူး။ နောက်ဆုံးကစားတဲ့ ပွဲမှာ အိုဆာဆူနာကို နိုင်လိုက်ပေမဲ့ ခြေစွမ်းပိုင်းက သိပ်အားရစရာ မရှိလှသေးဘူး။ အထူးသဖြင့် ခံစစ်ပိုင်းအားနည်းနေမှုက ဗီလာ ရီးယဲလ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်တဲ့အခါ ခက်ခဲနေဦးမှာ သေချာ တယ်။ နောက်ပြီး နောက်ဆုံး (၄)ပွဲမှာ (၂)ပွဲ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဘက်တစ်တိုက်စစ်ကလည်း ထိန်းကစားနိုင်တဲ့ ဗီလာရီးယဲလ် ဘက်ကို ဂိုးရဖို့ အတော်လေးအားထုတ်ရဦးမှာ သေချာပါတယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ဘက်တစ်တို့ အလွန်ဆုံးမျှော် လင့်နိုင်ရင် သရေတစ်မှတ်ပါပဲ။
အယ်လ်ချီ - ဂရန်နာဒါ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
လက်ရှိမှာခြေတွေ့ပြီး ရှုံးပွဲမရှိအောင် ဆက်တိုက်ကစား ပြလာတဲ့ အယ်လ်ချီကို ဂရန်နာဒါ ကျော်ဖြတ်ပြနိုင်ဖို့ခက်မှာ သေ ချာတယ်။ ဂရန်နာဒါရဲ့ လတ်တလောခြေစွမ်းကလည်း အားရစ ရာသိပ်မရှိလှတဲ့အပြင် ယူရိုပါလိဂ်တစ်ဖက်နဲ့လည်း အာရုံထွေ ပြားနေနိုင်တယ်။ အယ်လ်ချီနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဘာစီလိုနာ - လီဗန်တေး (တနင်္လာနံနက် ၂း၃၀ နာရီ)
ဘာစီလိုနာကတော့ အိမ်ကွင်း၊ အဝေးကွင်း (၂)ခုကြား မှာ ခြေစွမ်းပိုင်း သိသိသာသာပြောင်းနေသေးတယ်။ အထူးသ ဖြင့် တိုက်စစ်ပိုင်းက အိမ်ကွင်းဆို ခြေပိုတွေ့ပြီး အဝေးကွင်းဆို ရင် ဂိုးရဖို့ အတော်လေးရုန်းကန်နေရတယ်။ အခုပွဲလည်း အိမ် ကွင်းဖြစ်နေတာက ဘာစီလိုနာရဲ့အားသာမှုလို့ ပြောလို့ရနေ တယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် လီဗန်တေးကလည်း လျှော့ တွက်လို့မရတဲ့အသင်းမျိုး ဖြစ်နေတယ်။ ဘာစီလိုနာကို အခက် တွေ့အောင် ပြန်တုံ့ပြန်နိုင်တဲ့အသင်းမျိုးဖြစ်တဲ့အပြင် လက်ရှိ ခြေစွမ်းတွေအရလည်း ငြိမ်နေတယ်လို့ပြောလို့ရတယ်။ အထူး သဖြင့် မရှုံးအောင် ထိန်းကစားနိုင်တဲ့အသင်းမျိုးဖြစ်ပြီး နောက် ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိဘဲ (၅)ပွဲသရေကျအောင် ကစားပြထား နိုင်တာကိုကြည့်ရင် ဘာစီလိုနာ အလွယ်တကူကျော်ဖြတ်ပြ နိုင်မယ့် ပြိုင်ဘက်မျိုးမဟုတ်တာ သေချာတယ်။ ဒါပေမဲ့ တိုက် စစ် အားနည်းနေသေးတာ၊ ခံစစ်ကလည်း ပွဲတိုင်း ဂိုးပေးထားရ တဲ့အခြေအနေတွေက ဘာစီလိုနာကို အခွင့်အရေးပေးနေသ လိုပါပဲ။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားမယ်။
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်