Top News

ဆာလာနှင့် ပြဿနာဖြစ်ပွားသည်ဆိုသည့် မီဒီယာများ၏ ဖော်ပြမှုများအား မာနေ ပြက်ရယ်ပြုတုံ့ပြန်
24htopnews | October 30, 2024 6:12 AM CST

လီဗာပူးလ်ကွင်းလယ်လူတစ်ဦးဖြစ်သူ ဂျိမ်းစ်မီလ်နာက Instagram တွင် ၎င်း နှင့် မာနေ၏ပုံကို ဖော်ပြခဲ့ပြီး ယင်းပုံနှင့်အတူ "ကျွန်တော် အဓိပ္ပာယ်ကောက်လွဲပြီး ဖတ်မိတာဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဆာဒီယို (မာနေ) က သူ့ဆီကို ဘောလုံးမပေးခဲ့တဲ့အတွက် ကျွန်တော့်ကို ဒေါသထွက်ခဲ့တာပါ"ဟု ရေးသားခဲ့သည်။

 

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ (၀-၃) လီဗာပူးလ်ပွဲတွင် လူစားလဲခံရပြီးနောက် ဒေါသပေါက်ကွဲခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး မာနေက ယင်းပွဲတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ နှင့်ပတ်သက်၍ Instagram တွင် ပြက်ရယ်ပြုခဲ့ကြောင်း သိရှိရသည်။ 

ယင်းပွဲ၏ ပွဲချိန် (၈၅) မိနစ်တွင် တိုက်စစ်မှူး အော်ရီဂီနှင့် လူစားလဲခံရပြီး ကွင်းပြင်သို့ ထွက်ခွာလာသော မာနေသည် ကွင်းဘေးစည်း အရန်ခုံတန်းရှေ့၌ ဒေါသပေါက်ကွဲခဲ့ပြီး ၎င်းအား အသင်းဖော်များနှင့် လီဗာပူးလ် နည်းပြ အဖွဲ့ဝင်အချို့က နှစ်သိမ့်ကာ ထိန်းသိမ်းခဲ့ရသည်။ ယင်းပွဲတွင် တွဲဖက်တိုက်စစ်မှူး ဆာလာက ၎င်းထံ ဘောလုံးမပေး၍ မာနေမှာ ဒေါသပေါက်ကွဲခဲ့သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

လီဗာပူးလ်ကွင်းလယ်လူတစ်ဦးဖြစ်သူ ဂျိမ်းစ်မီလ်နာက Instagram တွင် ၎င်း နှင့် မာနေ၏ပုံကို ဖော်ပြခဲ့ပြီး ယင်းပုံနှင့်အတူ "ကျွန်တော် အဓိပ္ပာယ်ကောက်လွဲပြီး ဖတ်မိတာဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဆာဒီယို (မာနေ) က သူ့ဆီကို ဘောလုံးမပေးခဲ့တဲ့အတွက် ကျွန်တော့်ကို ဒေါသထွက်ခဲ့တာပါ"ဟု ရေးသားခဲ့သည်။

ဂျိမ်းစ်မီလ်နာသည် မာနေ၏ ဒေါသပေါက်ကွဲမှုကို လှောင်ပြောင်သည့်သဘောဖြင့် ယင်းကဲ့သို့ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ မာနေကလည်း ယင်း Instagram ပို့စ်အောက်တွင် Comment ပြန်လည်ရေးသားခဲ့သည်။ ၎င်းက" ကျွန်တော် ဒီပွဲမှာ ဒေါသထွက်ပြီး စောဒကတတ်ခဲ့တာက ဒီအကြောင်းအရာပါ" ဟု ရေးသားကာ ဂျိမ်းစ်မီလ်နာ၏ပို့စ်ကို တုံ့ပြန်ခဲ့သည်။ 

မာနေသည် ယင်းပွဲတွင် လူစားလဲခံရပြီး အရန်ခုံသို့ ရောက်ရှိလာရာ၌ သူ့အား ဘောလုံးမပေးဟု လက်ဟန်ခြေဟန်ဖြင့်ပြုလုပ်ပြနေသည့် အမူအယာများအား ရုပ်သံပြကွက်များတွင် တွေ့မြင် ခဲ့ရသည်။ သို့သော် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က မာနေ၏ ဒေါသပေါက်ကွဲမှုမှာ လီဗာပူးလ်တိုက်စစ်မှူး နှစ်ဦးအကြား ပြဿနာကြောင့်မဟုတ်ဟု မီဒီယာများကို ငြင်းဆန်ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK