ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ဇူလိုင် ၁၅ ၌ တစ်ရှိန်ထိုး ပြန်လည်မြင့်တက်လာသောကြောင့် နိုင်ငံအများအပြားက ၎င်းတို့၏စီးပွားရေးများ ပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်များကို အရှိန်လျှော့ခြင်း သို့မဟုတ် စိတ်ကုန်နေကြသော ပြည်သူများအား ကန့်သတ်ချက်သစ်များ ပြန်လည်ချမှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ရသည်။
ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၃.၄ သန်းအနက် ၅၈၁၀၀၀ ကျော် သေဆုံးခဲ့သည်။
အမေရိကန်တွင် ကူးစက်ပျံ့နှံ့မှုအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းထားစဉ် ကမ္ဘာ့အကြီးဆုံး လက်လီလုပ်ငန်း Walmart က ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန် ၎င်း၏စတိုး ဆိုင်အားလုံးတွင် ဝယ်ယူသူအားလုံးသည် နှာခေါင်းစည်းများ ဝတ်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကန့်သတ်ချက်များအား ဖြေလျှော့ပေးခဲ့ပြီးနောက် လေးရက်အကြာတွင် ဗင်နီဇွဲလားအစိုးရသည် မြို့တော်ကာရာကက်စ်တွင် ပြင်းထန်သော အသွားအလာကန့်သတ်မှုများအပါအဝင် ဒေသဆိုင်ရာ Lockdown စီမံချက်များကို ပြန်လည်ချမှတ်ခဲ့ရသည်။ ဘိုလစ်ဗီးယားတွင် လာပက်ဇ်၌ လေးရက်ကြာ အလုံးစုံ အသွားအလာကန့်သတ်မှုကို ချမှတ်သွားမည်ဟု ကြေညာခဲ့သည်။
လက်တင်အမေရိကသည် ဇူလိုင် ၁၅ အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၀၀၀၀ ကျော် ရှိလာသဖြင့် သေဆုံးသူစုစုပေါင်း ၂၀၃၇၉၃ ဦး ရှိနေသော ဥရောပပြီးလျှင် ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် ဒုတိယအထိနာဆုံး ဒေသဖြစ်လာခဲ့သည်။ ဘရာဇီးတွင် ဇူလိုင် ၁၅ ၌ ဗိုင်းရပ်စ်ကြောင့် လူ ၁၂၀၀ ကျော် ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၇၅၃၆၆ ဦးရှိလာသောကြောင့် လက်တင်အမေရိကတွင် သေဆုံးမှုအားလုံး၏ အကြမ်းဖျင်း ထက်ဝက်ခန့်ကို ကိုယ်စားပြုနေသည်။
အမေရိကန်တွင် ဇူလိုင် ၁၅ အထိ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်သူသစ် ၆၇၀၀၀ ကျော်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၃၇၀၀၀ ကျော်ရှိသောကြောင့် ကမ္ဘာတွင် သေဆုံးသူအများဆုံးဖြစ်ခဲ့သည်။ နောက်ဆုံး သုတေသန ပုံဖော်တွက်ချက်မှုများအရ အမေရိကန်တွင် သေဆုံးသူအရေအတွက်သည် လာမည့်လမတိုင်မီ ၁၅၀၀၀၀ ကျော်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။
နှာခေါင်းစည်းတပ်ရန် အမြဲလိုလို ပယ်ချခဲ့သော အမေရိကန်နိုင်ငံ အိုကလားဟိုးမား ပြည်နယ်အုပ်ချုပ်ရေးမှူး Kevin Stitt အား COVID-19 အတွက်စစ်ဆေးရာ Positive ရလဒ် ထွက်ခဲ့သည်။ အမေရိကန်တစ်ဝန်း အထူးသဖြင့် တောင်ပိုင်းနှင့် အနောက်ပိုုင်းတို့တွင် ဗိုင်းရပ်စ်ကူးစက်သူနှင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ဖလော်ရီဒါနှင့် ကယ်လီဖိုးနီးယားတို့လည်း အထိနာဆုံးဖြစ်နေသည်။
ကပ်ရောဂါအား တိုက်ဖျက်မှုတွင် အတော်အသင့်အောင်မြင်မှုရထားသော အာရှ - ပစိဖိတ်ဒေသ၌ ကူးစက်မှုသစ်များကြောင့် ပြင်းထန်သောခြိမ်းခြောက်မှုများအဖြစ် ရှိနေဆဲဖြစ်သည်။
ကူးစက်မှုသစ် ပြန်လည်ဖြစ်ပေါ်ခဲ့သော ဟောင်ကောင်တွင် ဘားများ၊ ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းမများနှင့် အလှပြင်ဆိုင်များအား ဇူလိုင် ၁၅ ၌ ပြန်လည် ပိတ်ပစ်ခဲ့ပြီး လူလေးဦးထက်ပို၍ စုဝေးမှုများကို ပိတ်ပင်မှု အာဏာသက်ဝင်ခဲ့သည်။
ဂျပန်တွင်လည်း မြို့တော်တိုကျိုအုပ်ချုပ်ရေးမှူးက ကူးစက်မှုသစ်များ မြင့်တက်လာမှုကြောင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ တပ်လှန့်မှုကို အမြင့်ဆုံးထား၍ သတိပေးခဲ့သည်။ အိန္ဒိယတွင် လူဦးရေ ၁၂၅ သန်းခန့် နေထိုင်သော ဘီဟာပြည်နယ်၌ ဇူလိုင် ၁၆ မှစတင်၍ ၁၅ ရက်ကြာ ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးရေး Lockdown စီမံချက်များ ချမှတ်ခဲ့သည်။
သြစတြေးလျတွင် အာဏာပိုင်များက ပြည်သူများအနေဖြင့် Social Distancing လမ်းညွှန်ချက်များအား လိုက်နာရန် ညွှန်ကြားခဲ့ပြီး အကြမ်းဖျင်းအားဖြင့် လူဦးရေ ငါးသန်းခန့်နေထိုင်သော မဲလ်ဘုန်းတွင် ကူးစက်မှုသစ်အား ထိန်းချုပ်ရန်အတွက် Lockdown စီမံချက်ကို ပြီးခဲ့သောသီတင်းပတ်၌ ပြန်လည်ချမှတ်ခဲ့သည်။
ဗြိတိန်တွင်မူ လာမည့်သီတင်းပတ်မှ စတင်၍ ဆိုင်များ၌ နှာခေါင်းစည်းများအား မဖြစ်မနေ တပ်ဆင်ရတော့မည်ဖြစ်သည်။
စပိန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ၂၈၄၀၀ အတွက် ဇူလိုင် ၁၆ ၌ ပြုလုပ်သည့် နိုင်ငံတော်အခမ်းအနားသို့ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ စပိန်တွင် Lockdown စီမံချက်များအား ရုပ်သိမ်းခဲ့ပြီးနောက် သုံးပတ်မျှသာအကြာတွင် ဗိုင်းရပ်စ်ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်မှုကို ကြုံတွေ့နေရသည်။
အိုင်ယာလန်တွင် ကူးစက်မှုသစ် တစ်ရှိန်ထိုးမြင့်တက်လာနေသောကြောင့် Lockdown စီမံချက်များအား အဆုံးသတ်မည့် အစီအစဉ်ကို ဝန်ကြီးချုပ် Micheal Martin က ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ် ၁၀ အထိ ကန့်သတ်ချက်များကို ဆက်လက်ထားရှိမည်ဖြစ်သည်။ ထို့ပြင် စျေးဆိုင်များတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း အစိုးရက ညွှန်ကြားခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်