ကရင်ပြည်နယ် နောင်လုံတံတား လုံခြုံရေးကင်းစခန်းပစ်ခတ်မှုမှ သေနတ်သမား စောသန်းနိုင်ဆိုသူကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ ့က သက်သေများရှေ့တွင် စစ်ဆေးနေစဉ် အသက်ရှူမဝ ဖြစ်လာသဖြင့် ဆေးရုံသို ့တင်ပို့ခဲ့သော်လည်း ညနေ ၅နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် ဒုတိယခရိုင်ရဲမှူး ရဲမှူးစိုးမြင့်ခေါင်းဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမား စောသန်းနိုင်အားမှုခင်းအကူ ဌာနစုရုံး၌ သက်သေရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရှေ့တွင်အမှုနှင့်ပတ်သက်၍ မေး မြန်းနေစဉ် ရုတ်တရက် အသက်ရှူမဝကြောင်း ပြောပြသဖြင့် ထိုခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မေးမြန်းရာ ၎င်းမှာ နောင်လုံတံတား လုံခြုံရေး တာဝန်ကျရဲတပ်ဖွဲ့ဝင်အား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ပေါ်တက်ရောက် စက်နှိုးကာ ထွက်ပြေးမည်ပြုစဉ် လုံးထွေးသတ်ပုတ်ခြင်း ခံရ၍မြေပေါ်သို ့ပြုတ်ကျစဉ် နောက်ကျောတွင် ဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးရှိ ပြည်သူများကလည်း ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းအား ရဲဆေးစာနှင့်အတူ ဘားအံပြည်သူ့ဆေးရုံကြီးသို ့ပို့ဆောင်ပေးပြီး ကုသမှုခံယူနေစဉ် ညနေ ၅ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဘားအံ-အိန္ဒုကားလမ်းရှိ နောင်လုံတံတား ယာဉ်ကြောရှင်းလင်းရေးနှင့် လုံခြုံရေး တာဝန်ကျ ရဲကင်းစခန်းအား ဆိုင်ကယ်စီးလာသူ သေနတ်သမား တစ်ဦးက အောက်တို ဘာလ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နောင်လုံတံတားရဲကင်းတွင် ဒုတက မျိုးဇော်အောင်သည် နောင်လုံတံတား ဆောက်လုပ်ရေး လုပ်ငန်းမှ ရုံးစောင့်ဝန်ထမ်း ဦးသက်လွင်နှင့် အတူရှိနေစဉ် အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂နာရီအချိန်ခန့် အိန္ဒုဘက်မှ ဘားအံဘက်သို ့မောင်းနှင်လာသော ဆိုင်ကယ်သမားက အသင့်ပါလာသော သေနတ်အတိုဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် ဒုတက မျိုးဇော်အောင်တွင် ဝဲဘက်ရင်ဘက်မှကျည် ဖောက်ဝင်ပြီး ဝဲဘက်ကျောမှ ဖောက်ထွက်သွားခဲ့ကြောင်း၊ ကင်းစခန်း၌ရှိနေသူ ဦးသက်လွင် (၄၆ နှစ်) တွင် ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်သူ ဆိုင်ကယ်သမားအား အနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေသော ကျိုက်ဖွန်ဘုန်းတော်ကြီးကျောင်း ဆရာတော်၊ အညာသား(မြဝတီ) (ခ)ဦးအောင်ဝင်းလှိုင်၊ ဦးလှဝင်း (ရဲဝန်ထမ်း ဟောင်း)၊ ဦးသန်းကျော်စိုးတို့က ၀ိုင်းဝန်းလုံး ထွေးဖမ်းဆီးခဲ့ရာ သေနတ်သမား စောသန်းနိုင်(၅၂ နှစ်) ၊ (ဘ) ဦးကျော်နိုင်၊ ကျော် ကိခွီးကျေးရွာ၊ ဖာပွန်မြို့နယ်နေသူအား ချက်နိုင်ငံလုပ်သေနတ် အမှတ် A682967 LARGER နက်ရောင် ပစ္စတိုတစ်လက်၊ ကျည်ခုနစ်တောင့်၊ ကျည်ခွံတစ်ခု ၊ ချိုင်းလွယ်အိတ်တစ်ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသူနှစ်ဥိီးအား ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင် ဒုတက မျိုးဇော်အောင်မှာရရှိသော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ လက်မောင်း ဒဏ်ရာရရှိသူ ဦးသက်လွင်အား ဘားအံပြည်သူ့ဆေးရုံကြီးရှိ အရိုးဆောင်တွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ စောသန်းနိုင် (၅၂ နှစ်) ၊ဖာပွန်မြို့နယ်နေသူအား အိန္ဒုနယ်မြေရဲစခန်းမှ ရဲအုပ်မင်းအောင်ထွန်းက တရားလို ပြုလုပ်တိုင်ကြားသဖြင့် (ပ)၁၃၅ /၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၀၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်