ပြည်တွင်း၌ စားသုံးသည့်ဆန်စျေး ယခုနှစ် နှစ်စပိုင်းမှစတင်ကာ ဆက်တိုက်မြင့် တက်နေပြီး လက်ရှိတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅ဝဝဝနှင့်ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀ ဖြင့် ငါးနှစ်အတွင်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်က ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ် အိတ်လျှင် ၄၃၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၁၆၅၀၀ ရှိ ခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်းတွင် ၁၀၈ ပေါင် ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၁၇၀၀၀ ရှိခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းက ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၃၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀၊ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ် အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။
၂၀၁၈ ခုနှစ် လက်ရှိတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၂၀၀၀ အထိ စျေးရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။
မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် အောက် တိုဘာ ၄ ရက်က ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၂၀၀၀ အထိလည်းကောင်း၊ မြောင်းမြ / ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅၂၀၀၀ မှ အမြင့်ဆုံးကျပ် ၅၆၀၀၀ အထိလည်းကောင်း၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၅၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၅၂ဝဝဝအထိလည်းကောင်း၊ ဧည့်မထ (၂၅ မှတ်ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၂၂၅ဝဝမှ အမြင့်ဆုံးကျပ် ၂၂၈၀၀ အထိလည်းကောင်း အသီးသီး စျေးရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၁ ရက်တွင်မူ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၃၀၀၀ အထိ လည်းကောင်း၊ မြောင်းမြ / ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅၂၀၀၀ မှ အမြင့်ဆုံးကျပ် ၅၆၀၀၀ အထိလည်းကောင်း၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၅၀၀၀၀ မှ အမြင့်ဆုံးကျပ် ၅၂၀၀၀ အထိလည်းကောင်း၊ ဧည့်မထ (၂၅ မှတ်ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၂၅၀၀ မှ အမြင့် ဆုံးကျပ် ၂၂၈၀၀ အထိလည်းကောင်း အသီးသီးစျေးရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ အထိ စျေးမြင့်နေပြီး ယခုနှစ်အတွင်း ဖြစ်ပေါ်နေသည့် ဆန်စျေးမှာ ယခင်နှစ်ကထက် ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးထက် ရာခိုင်နှုန်း ၃၀ ကျော် အထိ မြင့်တက်လာကြောင်းနှင့် ဆန်ကြမ်းစျေးအနည်းငယ်အေးသွားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား