ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုများရှိနေသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းစေရန်အတွက် ဝန်ထမ်းများအား နှစ်ပတ်ရုံးတက် နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်း များ ဆောင်ရွက်စေသည့်စနစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် သြဂုတ်လကုန်မှစ၍ နေပြည်တော်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့ပွားမှုနှုန်း မြန်ဆန်လာသောကြောင့် လက်ရှိတွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာန လက် အောက်ရှိ ဝန်ထမ်းဦးရေ (၄၈)ဦးတွင် ရောဂါပိုးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထား သော ပုဗ္ဗသီရိမြို့နယ်ဆေးရုံ- ကုတင်(၃၀၀)တွင် တက်ရောက်ကုသမှုခံယူနေရကြောင်း ဝန်ကြီးဌာန၏ အကြောင်းကြာစာတွင် ဖော်ပြပါရှိသည်။
အထက်ပါအကြောင်းကြာစာနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် “ လက်တလောအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် လျော့ချနိုင်ရေးအလို့ငှာ ဝန်ကြီးဌာန၏ ယာယီအစီအစဉ်တစ်ရပ် ဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းနှင့် ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ပြောင်းလဲမှုရှိနိုင်ပါသည်’’ ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားထားသည်။
ယင်းအခြေအနေများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဌာနအလိုက် လုပ်ငန်း တာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ စတင်၍ နေပြည်တော် ရုံးစိုက်သည့် ဌာန၊ အဖွဲ့အစည်းများတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်အဆင့် ဝန်ထမ်း အားလုံး နေ့စဉ်ရုံးတက်ရန်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းအားလုံး တစ်ဝက်သည် (၂) ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် (၂)ပတ် အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို အလှည့်ကျ ဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ (၂)ပတ် ရုံးတက်၍ (၂)ပတ်အိမ်မှ ရုံးလုပ်ငန်း ဆောင်ရွက်စေသည့် စနစ်ဖြင့် ရုံးလုပ်ငန်း ဆောင်ရွက် ရမည့် နိုင်ငံ့ဝန်ထမ်းများသည် (၂)ပတ် အိမ်တွင်နေသည့် အချိန်၌ မိမိတို့ နေထိုင်ရာ အဝန်းအ ဝိုင်း(အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာ) အတွင်း၌သာ နေထိုင်၍ ရုံးလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာကိစ္စရပ်နှင့် စျေးဝယ်ထွက်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝသွားလာခြင်းမပြုရန်၊ အကြောင်းအမျိုးမျိုး ကြောင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရမည်ဖြစ် ကြောင်း သိရသည်။
အထက်ပါညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်ရာ အဝန်းအဝိုင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များကို ကျော်လွန်၍ ခရီးသွာလာကြောင်း တွေ့ရှိရပါက ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့် ခရီးသွား သူ ဝန်ထမ်း၊ ခရီးသွားလာကြောင်း သိလျက်နှင့် ဖုံးကွယ်ပေးသူနှင့် အကာအကွယ်ပေးသူများအား နိုင်ငံ့ဝန် ထမ်းဥပဒေနှင့်အညီ ဖောက်ဖျက်သည့် ပြစ်မှုအပေါ် မူတည်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား