Top News

COVID-19 ဓာတ်ခွဲနမူနာ ၁၁,၈၂၅ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၃၀၅ ဦး တွေ့ရှိ
24htopnews | October 29, 2024 11:12 PM CST

COVID-19 ဓာတ်ခွဲနမူနာ ၁၁,၈၂၅ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၃၀၅ ဦး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၆ ရက် ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ စက်တင်ဘာ ၁၅ ရက် ည ၈ နာရီမှ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၆ ရက်တွင် ဆေးရုံများမှပြန်လည်ကောင်းမွန်လာသူ နှင့် နေအိမ်တွင်သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၂၆၃ ဦးရှိပြီး ဆေးရုံဆင်းသည့် ရာခိုင်နှုန်း ၉၆ ဒသမ ၂၃ ရာခိုင်နှုန်းရှိကာ ဆေးရုံဆင်းသူ စုစုပေါင်း ၅၉၄,၉၈၄ ဦးရှိကြောင်း သိရသည်


READ NEXT
Cancel OK