Top News

စက်တင်ဘာလ နှစ်ပတ်အတွင်း COVID-19 ပိုးတွေ့ရှိမှု သုံးရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့
24htopnews | October 29, 2024 11:12 PM CST

မြန်မာနိုင်ငံတွင် စက်တင်ဘာလ နှစ်ပတ် အတွင်း COVID-19 ပိုးတွေ့ရှိမှု သုံး- ရာခိုင် နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာ န၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်း ပိုး တွေ့ရှိမှုအနေဖြင့် စက်တင်ဘာ ၈ ရက်တွင် ဓာတ်ခွဲနမူနာ ၉၄၈၀ ခု စစ်ဆေးရာ ပိုးတွေ့ရှိ သူ ၁၈၇ ဦး (ပိုးတွေ့ရှိနှုန်း ၁ ဒသမ ၉၇ ရာ ခိုင်နှုန်း)၊ စက်တင်ဘာ ၉ ရက်တွင် ဓာတ်ခွဲ နမူနာ ၉၈၄၆ ခု စစ်ဆေးရာ ပိုးတွေ့ရှိသူ ၁၉၁ ဦး (ပိုးတွေ့ရှိနှုန်း ၁ ဒသမ ၉၄ ရာခိုင်နှုန်း)၊ စက်တင်ဘာ ၁၀ ရက်တွင် ဓာတ်ခွဲနမူနာ ၁၀၈၀၄ ခု စစ်ဆေးရာ ပိုးတွေ့ရှိသူ ၂၆၂ ဦး (ပိုးတွေ့ရှိနှုန်း ၂ ဒသမ ၄၃ ရာခိုင်နှုန်း)၊ စက် တင်ဘာ ၁၁ ရက်တွင် ဓာတ်ခွဲနမူနာ ၉၃၇၈ ခု စစ်ဆေးရာ ပိုးတွေ့ရှိသူ ၁၈၉ ဦး (ပိုးတွေ့ရှိ နှုန်း ၂ ဒသမ ၀၂ ရာခိုင်နှုန်း)၊ စက်တင်ဘာ ၁၂ ရက်တွင် ဓာတ်ခွဲနမူနာ ၁၁၃၀၆ ခု စစ် ဆေးရာ ပိုးတွေ့ရှိသူ ၂၀၄ ဦး (ပိုးတွေ့ရှိနှုန်း ၁ ဒသမ ၈၀ ရာခိုင်နှုန်း)၊ စက်တင်ဘာ ၁၃ ရက်တွင် ဓာတ်ခွဲနမူနာ ၁၁၁၉၁ ခု စစ်ဆေးရာ ပိုးတွေ့ရှိသူ ၂၉၉ ဦး (ပိုးတွေ့ရှိနှုန်း ၂ ဒသမ ၆၇ ရာခိုင်နှုန်း)၊ စက်တင်ဘာ ၁၄ ရက်တွင် ဓာတ်ခွဲနမူနာ ၁၂၁၂၀ ခု စစ်ဆေးရာ ပိုးတွေ့ရှိ သူ ၃၈၄ ဦး (ပိုးတွေ့ရှိနှုန်း ၃ ဒသမ ၁၇ ရာခိုင် နှုန်း) ရှိခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သေဆုံးသူ တစ်ဦးစီရှိခဲ့သည်။  

 


READ NEXT
Cancel OK