Top News

ဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆုံးရှုံးမှု မြင့်တက်လာစဉ် မေလတွင် ကမ္ဘာတစ်ဝန်း lockdown ချထားမှုများအား ဖြေလျှော့၍ စီးပွားရေးလုပ်ငန်းများအား သတိဖြင့် ပြန်လည်ဖွင့်လှစ်
24htopnews | October 29, 2024 5:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှု မြင့်တက်လာနေစဉ် မေလတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချထားမှုမှ သတိဖြင့် ဖြေလျှော့ပေးပြီး တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ forbidden city မှသည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၏ စျေးဝယ်စင်တာများ အထိကို ပြန်လည်ဖွင့်လှစ်မှုများ ဆောင်ရွက်နေကြသည်။

ကမ္ဘာတစ်ဝန်းရှိ လူမှုဝန်းကျင်အများ အပြားသည် ၎င်းတို့က ဗိုင်းရပ်စ်ကူးစက်ပျံ့ နှံ့မှုအား အသေအချာ အနိုင်ရခဲ့ပြီ ဟုတ်၊ မဟုတ်ကို တိတိကျကျ မသိရသေးဘဲ ပုံမှန် အခြေအနေသို့ ဦးတည်သွားနေကြသည်။

သို့သော် ဧပြီ ၃၀ တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းသစ်များက ဗိုင်းရပ်စ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို မီးမောင်းထိုးပြခဲ့ပြီး lockdown လုပ်မှုများအား ရုပ်သိမ်းရန်အတွက် ခေါင်းဆောင်များကို ဖိအားပိုမိုမြင့်တက် လာစေခဲ့သည်။

lockdown လုပ်မှုများကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ကုန်ထုတ်လုပ်ငန်းများ၏ လည်ပတ်မှု ရပ်ဆိုင်းသွားခြင်းကြောင့် ယခု နှစ် ပထမ သုံးလပတ်တွင်  အမေရိကန်၌ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များအား လျှောက်ထားသူအရေအတွက်သည် သန်း ၃၀ ကျော်သို့ ရောက်ရှိခဲ့ပြီး ဥရောပစီးပွားရေး တိုးတက်မှုသည် စံချိန်တင် ၃.၈ ရာခိုင်နှုန်း သို့ ကျုံ့သွားခဲ့သည်။

ထိုကိန်းဂဏန်းများနှင့် အခြားကိန်း ဂဏန်းများ ဆိုးရွားသကဲ့သို့ အချို့ကိန်းဂဏန်း သည် အချက်အလက်စုဆောင်းမှုတွင် နောက်ကျနေခြင်းကြောင့် အမှန်တကယ်အခြေ အနေသည် လုံးဝနီးပါး ပိုမိုဆိုးရွားနေသည်။

အလုပ်လက်မဲ့နှုန်းသစ်သည် သီတင်းပတ်လေးပတ်ဆက်တိုက် ကျဆင်းခဲ့သဖြင့် လေ့လာသူများက မျှော်လင့်ချက်ရောင်ခြည်သစ်များကို မြင်တွေ့ခဲ့ရသည်။ စားသောက် ဆိုင်များ၊ ဟိုတယ်များနှင့် စတိုးများကဲ့သို့ ခုခံနိုင်စွမ်း အားအနည်းဆုံးစီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင် ယာယီဆိုင်းငံ့မှု နှင့် လျှော့ချမှုများသည် အများအားဖြင့် ပုံမှန် အနေအထားသို့ ရောက်ဖွယ်ရှိသည်ဟု  Century Foundation ၏ ထိပ်တန်းတွဲဖက် အဖွဲ့ ဝင် အင်ဒရူးစတက်နာက ပြောကြားခဲ့သည်။

ကံအားလျော်စွာပင် ယခုအချိန်၌ ကမ္ဘာ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုသည် တည်ငြိမ် လာနေပြီဟု ယူဆရကြောင်း၊ သို့သော် မိမိ တို့သည် နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ တောင့် တင်းမှုအား ပြင်းထန်သောခြိမ်းခြောက်မှုရှိ နေသည့် အဆင့်တစ်ရပ်၌ ရှိနေဆဲဖြစ်ကြောင်း စတက်နာက ပြောကြားခဲ့သည်။

အလုပ် ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းသည် အမေရိကန်လုပ်သား ၆ ဦးတွင် တစ်ဦးနှုန်းကြုံနေပြီး တက္ကဆက်ပြည် နယ် လူဦးရေအားလုံးထက် ပိုမိုများပြားနေ ခဲ့သည်။ ဧပြီအတွက် အမေရိကန်အလုပ် လက်မဲ့နှုန်းသည် ရာခိုင်နှုန်း ၂၀ အထိ မြင့် တက်ဖွယ်ရှိကြောင်း ဘောဂဗေဒပညာရှင် အချို့က ခန့်မှန်းထားကြရာ ၁၉၃၀ ပြည့်လွန် နှစ်များတွင် အလုပ်လက်မဲ့နှုန်း ၂၅ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့သော ကမ္ဘာ့စီးပွားရေးပျက် ကပ်နောက်ပိုင်း မကြုံဖူးသော နှုန်းတစ်ခုဖြစ် လာမည်ဖြစ်သည်။

တရုတ်၏ ရှေးဟောင်းမြို့ Forbidden City  ကို မေ ၁ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မေ ၁ မှ ၅ အထိ အားလပ်ရက်ကာလအတွက် လက်မှတ်အားလုံး ရောင်းထွက်ခဲ့သည်။ သို့ သော် တစ်နေ့လျှင် ဧည့်သည် ၅၀၀၀ သာ ဝင်ခွင့်ပြုသောကြောင့် ယခင်က အမြင့်ဆုံး ပမာဏ ၈၀၀၀၀ မှ လျှော့ချခဲ့ခြင်းဖြစ်သည်။

နိုင်ငံအလယ်ပိုင်း ဝူဟန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့မှုကြောင့် လူသန်း ရာပေါင်းများစွာ lockdown ပုံစံ နီး ပါးဖြင့် နေထိုင်ခဲ့ရပြီးနောက် သုံးလခန့်အ ကြာတွင် မြို့တော်ပေကျင်းက ဝင်ပေါက်များ အား ကန့်သတ်လျက် ပန်းခြံများနှင့် ပြတိုက် များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

တရုတ်တွင် မေ ၁ ၌ ပြည်ပမှဝင်ရောက် လာသူ ခြောက်ဦး၏ ကူးစက်မှုအပါအဝင် ကူးစက်သူသစ် ၁၂ ဦး ရှိခဲ့ပြီး သေဆုံးသူလည်း မရှိခဲ့သဖြင့် ၁၆ ရက်ဆက်တိုက် သေဆုံးသူ သစ် မရှိခဲ့ခြင်းဖြစ်သည်။

COVID-19 ကြောင့် လူအများအပြား သေဆုံးနေဆဲဖြစ်သည့် အမေရိကန်တွင် ကျန်း မာရေးတာဝန်ရှိသူများက ကူးစက်မှု ဒုတိယ လှိုင်း၏အန္တရာယ်ကို သတိပေးခဲ့ကြပြီး အ လုပ်ရှင်နှင့် အလုပ်သမားအချို့တို့က လုပ်ငန်း ခွင်သို့ပြန်ဝင်ရန် စိုးရိမ်မှုများ ရှိနေကြသည်။

အသက်မွေးဝမ်းကျောင်းအလုပ်များ ဆုံးရှုံးပြီး အခွင့်အရေးများ ကန့်သတ်ခံထားရ ကြောင်း အပြစ်တင်သူများအကြား စိတ်မရှည် မှု မြင့်တက်လာနေစဉ် ပြည်နယ်နှင့် နိုင်ငံ အများအပြားတို့က နေအိမ်ပြင်ပ မထွက်ရန် ကန့်သတ်မှုများအား ဖြေလျှော့ပေးခဲ့ရသည်။

ကမ္ဘာ၏နေရာအချို့တွင်လည်း lockdown စီမံချက်များအား သတိဖြင့် ဖြေလျှော့ ပေးနေသည်။ မလေးရှားတွင် နှစ်လကြာ lockdown ချထားမှု သက်တမ်းမကုန်မီ ရက် ပိုင်းအလို မေ ၄ မှစတင်၍ စီးပွားရေးလုပ် ငန်းအများစုကို ပြန်ဖွင့်ရန် ခွင့်ပြုမည်ဖြစ် ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က ပြောကြားခဲ့သည်။

ထိုင်းတွင် ည ၁၀ နာရီနှင့် နံနက် ၄ နာရီ အကြား ကာဖျူးအမိန့်ကို ဆက်လက်ထုတ် ပြန်ထားပြီး အရက်ရောင်းချမှုအား ဆက်လက် ပိတ်ပင်ထားသော်လည်း ပန်းခြံများ၊ လက်လီ အရောင်းဆိုင်၊ ဆံသဆိုင်နှင့် စားသောက် ဆိုင်အချို့တို့ကို ပြန်ဖွင့်ရန် စီစဉ်နေသည်။

COVID-19  ဖြစ်ပွားမှုမှ မကြာသေးမီက ပြန်လည်ကောင်းမွန်လာခဲ့သော ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်သည် ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်ကို ကျော် လွန်ခဲ့ပြီးဖြစ်သော်လည်း ကြိုတင်သတိထား မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ဂျာမနီ၊ ပေါ်တူဂီနှင့် ချက် နိုင်ငံတို့ကမူ ကန့်သတ်မှုများအား စတင် ဖြေလျှော့နေပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် တွင် သေဆုံးသူ ၆၁၀၀၀ ကျော်အပါအဝင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂၃၀၀၀၀ ကျော် လာခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန်တွင် ကူး စက်သူ တစ်သန်းအပါအဝင် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ အတည်ပြုလူနာ ၃.၂ သန်း ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

သို့သော် ရောဂါစစ်ဆေးမှု အကန့်အသတ်ရှိခြင်း၊ သေဆုံးသူအား ရေ တွက်မှု ကွဲပြားခြင်းနှင့် အစိုးရအချို့၏ ဖုံး ကွယ်ထားခြင်းတို့ကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်သည် ယင်းထက် ပိုမိုများပြားနိုင်ကြောင်း ယူဆထားကြသည်။                                                              

 

 


READ NEXT
Cancel OK