Top News

ရုရှား ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သမ္မတ ဗလာဒီမာပူတင်ကို ပြောကြား
24htopnews | October 29, 2024 5:12 PM CST

ဝန်ကြီးချုပ် မီခေးလ်မစ်ရှုစတင်က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ပြန်လည်နာလန်ထူရန် လုပ်ငန်းတာဝန်များကို ယာယီရပ်နားခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဧပြီ ၃၀ ရက်တွင် ပြော ကြားခဲ့သည်။

၎င်းမရှိသည့် ကာလအတွင်း ပထမ ဒုတိယဝန်ကြီးချုပ် Andrei Belousov က ယာယီဝန်ကြီးချုပ် အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း အသက် ၅၄ နှစ်အရွယ်ရှိ မစ်ရှုစတင် က ပြောကြားခဲ့သည်။

ရုပ်သံတွင် ထုတ်လွှင့်သည့် ဗီဒီယို ကွန်ဖရင့်တစ်ခုကို နားထောင်ခဲ့သည့် ပူတင်သည် ယင်းသတင်းကို ကြားချိန်တွင် သက်ပြင်းချခဲ့ပြီး မစ်ရှုစတင်  မြန်မြန် နာလန်ထူရန် ဆုတောင်းပေးခဲ့သည်။

အဆိုပြု အစားထိုးမှုကို  သဘောတူသည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန် ရေးတွင် အဓိကညှိနှိုင်းဆောင်ရွက်သူတစ် ဦးဖြစ်သည့် မစ်ရှုစတင်သည် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရကြောင်း ထုတ်ပြန်ခဲ့သည့် ပထမဆုံး ရုရှားအဆင့်မြင့်ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၁ဝဝယဝ၀၀ ကျော်အထိ မြင့်တက်ခဲ့သည်ဟု အတည်ပြုခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် မစ်ရှုစတင်က ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အ ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာမှာ  ဗိုင်းရပ်စ်ကူးစက်ထားရတဲ့ ရလဒ်တွေ့ရှိခဲ့ တယ်။ ကျွန်တော် သီးသန့်စီခွဲနေဖို့လိုတယ်။  ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တယ်။ ဒါဟာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တယ်” ဟု ဇန်နဝါရီတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် မစ်ရှုစတင်ကပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ဖုန်းနှင့် ဗီဒီယိုဆွေးနွေးမှုတို့မှတစ်ဆင့် အစိုးရအဖွဲ့ဝင်များနှင့် သမ္မတပူတင်ကို   အဆက်အသွယ်လုပ်မည်ဖြစ်ကြောင်း မစ်ရှု စတင်က ပြောကြားခဲ့သည်။

“ခင်ဗျားမှာ ဖြစ်နေတာက ဘယ်သူမ ဆို ဖြစ်နိုင်တယ်။  ဆေးရုံရောက်တဲ့ အချိန် မှာ ဖုန်းဆက်နိုင်ပါတယ်။ ခင်ဗျားဖုန်းဆက် မှာကို စောင့်နေမယ်” ဟု ပူတင်က ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲ ထုတ်လွှင့်မှုသည် လေးမိနစ်မျှသာ ကြာမြင့်ခဲ့သည်။ မစ်ရှုစတင်သည် ဆရာဝန်များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆေးရုံတစ်ရုံတွင် သီးသန့်နေထိုင်မည်ဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် Boris Belyakov က ပြောကြားခဲ့သော်လည်း ဝန်ကြီးချုပ်ကုသမှု ခံယူမည့် ဆေးရုံနေရာကို  အတိအကျ မပြောကြားခဲ့ပေ။

Mishustin နှင့် အနီးကပ်ထိတွေ့ခဲ့သူများအားလုံးသည်လည်း သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ဗိုင်းရပ်စ်အတွက် စစ်ဆေးခံရ မည်ဟု Belyakov က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုသည် နေ့စဉ် စံချိန်တင် မြင့်တက်ခဲ့ပြီး နောက် ဧပြီ ၃၀ ရက် အစောပိုင်းတွင် ဗိုင်း ရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁ဝဝ,ဝ၀၀ ကျော် မြင့်တက်လာပြီ ဖြစ်သည်။

ယခုသီတင်းပတ်တွင် ရုုရှားတွင် ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်သည် တရုတ်နှင့် အီရန်ကို ကျော်တက်ခဲ့သည်။ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်ပြီး သေဆုံးသူ ၁,၀၇၃ ရှိသည် ဟု ထုတ် ပြန်ခဲ့သော်လည်း ယင်းကိန်းဂဏန်းသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအဆိုးရွားဆုံး ဖြစ်ပွား သည့် နိုင်ငံများထက် နည်းပါးနေသေးသည်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအထွတ်အထိပ်သည် မရောက်လာသေးကြောင်း ပူတင် က သတိပေးခဲ့သည်။ မေ အစောပိုင်း အများ ပြည်သူအားလပ်ရက်များအတွင်း Lockdown စီမံချက်များကို လူထုက လေးစား လိုက်နာမှုမရှိပါက ဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်များ မြင့်တက်လာနိုင်ခြေရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

မတ်လနှောင်းပိုင်းမှစပြီး ဗိုင်းရပ်စ် ပျံ့ နှံ့မှုကို ထိန်းချုပ်ရန်အတွက် အများပြည်သူ နေရာအများစုကို ပိတ်သိမ်းကြောင်း သမ္မတ ဗလာဒီမာပူတင်က ထုတ်ပြန်ခဲ့ပြီးနောက် ပိုင်နက်နယ်မြေအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်သည့် ရုရှားတွင် Lockdown ချမှတ်ခဲ့သည်။

 


READ NEXT
Cancel OK