ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်သင့်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို သူ့နေရာနှင့်သူ သတ်မှတ်ထားရှိခြင်းနှင့်အတူ မေ ၄ ရက် မှစ၍ မလေးရှားရှိ စီးပွားရေးလုပ်ငန်းကဏ္ဍအများစုကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူယက်ဒင် ယက်ဆင်က အလုပ်သမားနေ့အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သော အကြံဉာဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ စည်းက အနှစ်ချုပ်ဖော်ပြထားသော စည်း မျဉ်းစည်းကမ်းများနှင့်အတူ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းကဏ္ဍများကို ဂရုတစိုက် ပြန်လည်ဖွင့်လှစ်ပေးရန် ဆုံဖြတ်ထားပြီး ကျန်းမာရေးအတွက် စံသတ်မှတ်ထားသော စည်းကမ်းတင်းကျပ်သည့် လုပ်ထုံးလုပ်နည်း များ (SOP) ကိုလည်း အကောင်အထည် ဖော်ဆောင်နေကြောင်း မေ ၁ ရက်က တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် မူယက်ဒင်က ပြောကြားခဲ့သည်။
သို့သော် လူစုလူဝေးဖြစ်စေနိုင်သည့် လုပ်ငန်းများ၊ လူစုဝေးမှု မဖြစ်အောင် လုပ် ဆောင်ရန် ခက်ခဲသည့် လုပ်ငန်းများထဲတွင် ပါဝင်သော စက်မှုလက်မှုနှင့်စီးပွားရေး လုပ်ငန်းအချို့ကို ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း မူယက်ဒင်က ဆိုသည်။
ယင်းလုပ်ငန်းများတွင် ရုပ်ရှင်ရုံများ၊ ကာရာအိုကေ အခန်းများ၊ အနှိပ်ခန်းများ၊ နိုက်ကလပ်များ၊ ရာမာဒန်စျေးပွဲတော်များ၊ Hari Raya Aidilfitri စျေးပွဲတော်များ၊ လျှော့စျေးချသည့် အရောင်းပွဲတော်များ အပြင် ညီလာခံများနှင့်ပွဲအခမ်းအနားများ အားလုံးပါဝင်သည်။ ထို့အပြင် အများပြည် သူနေရာများနှင့် ကွင်းများအတွင်း ကျင်းပ သည့် အားကစားပွဲများဖြစ်သော ဘောလုံးပွဲ၊ ရက်ဂျ်ဘီပွဲ၊ ရေကူးပြိုင်ပွဲများအပါအဝင် လူအချင်းချင်းထိတွေ့မှု ဖြစ်ပေါ်နိုင်ပြီး လူစု လူဝေးများ ဖြစ်စေသော အားကစားပွဲများကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။
အိမ်ပြင်ထွက်ကစားရသည့် ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ကစားခြင်း၊ ဂေါက်ရိုက်ခြင်း၊ လူ ၁၀ ဦးထက်မပိုသော လူစုဖြင့် ပြေးခြင်း တို့ကိုလည်း တားမြစ်ပိတ်ပင်မည် ဖြစ်သည်။
ထိုသို့ပိတ်ပင်တားမြစ်ခြင်းကို အခြေ အနေအရ လှုပ်ရှားဆောင်ရွက်မှုထိန်းချုပ်ရေးအမိန့် (MCO) အဖြစ် ဖော်ညွှန်းလျက် စားသုံးသူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေနိုင်လောက်သည့် အကျယ်အဝန်းရှိသော စားသောက်ဆိုင်ခန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု မူယက်ဒင်က ဆိုခဲ့သည်။
သောကြာနေ့ ဝတ်ပြုမှုများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗလီများတွင်လုပ် ဆောင်ကြသည့် အခြားသောဝတ်ပြုဆု တောင်းမှုများစသော ဘာသာရေးပွဲအခမ်း အနားများကျင်းပခြင်းကို ဆက်လက်ပိတ်ပင် တားမြစ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။ ရောက်ရှိလာတော့မည် Aidilfitri အားလပ်ရက်ကာလအတွက် နေရပ်မြို့သို့ ပြန်လာကြခြင်းအပါအဝင် နိုင်ငံတွင်းရှိ ပြည် နယ်များသို့ ခရီးသွားလာခြင်းတို့ကို ခွင့်မပြု ကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ် များကိုလည်း ဆက်လက်ပိတ်ထားမည်ဖြစ် ကြောင်း မူယက်ဒင်က ဆိုသည်။
“တားမြစ်ပိတ်ပင်ထားတဲ့ လုပ်ငန်း စာရင်းအပြည့်အစုံကို အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ့စာရင်း ကို COVID-19 ကူးစက်မှုနှုန်းပေါ် မူ တည်ပြီးတော့ အချိန်နဲ့အမျှ ပြန်လည်သုံး သပ်သွားမှာဖြစ်ပါတယ် ” ဟု ၎င်းင်းက ပြော ကြားခဲ့သည်။
မလေးရှားနိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ MCO အမိန့်ကို မတ် ၁၈ ရက်မှ သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး သက်တမ်းသုံးကြိမ် ထပ်တိုးခဲ့ရကာ လာမည့် မေ ၁၂ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
မေ ၁ ရက်အထိ မလေးရှားတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၆၀၀၂ ဦးရှိပြီး ထိုအရေအတွက်ထဲမှ လူနာ ၄၁၇၁ ဦး (၆၉.၅ ရာခိုင်နှုန်း) မှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
MCO အမိန့်၏အကျိုးရလဒ်အဖြစ် မကြာသေးမီသီတင်းပတ်များအတွင်း မလေးရှားနိုင်ငံတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ကျဆင်းသွားပြီးနောက် စီးပွား ရေးကဏ္ဍအများစုကို ပြန်လည်ဖွင့်လှစ်ရန် မူယက်ဒင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။ MCO ပြဋ္ဌာန်းခဲ့ပြီးနောက် မလေးရှား နိုင်ငံ၏စီးပွားရေးသည် နေ့စဉ် ရင်းဂစ် ၂.၄ ဘီလျံ (ဒေါ်လာသန်း ၅၆၀) ဆုံးရှုံးခဲ့ကြောင်း၊ ငွေဆုံးရှုံးမှုစုစုပေါင်းပမာဏသည် ရင်းဂစ် ၆၃ ဘီလျံခန့်ရှိကြောင်း၊ MCO အမိန့်ကို နောက်လအထိ သက်တမ်းတိုးပြဋ္ဌာန်းပါက မလေးရှားနိုင်ငံ၏စီးပွားရေးတွင် နောက် ထပ် ဒေါ်လာ ၃၅ ဘီလျံဆုံးရှုံးလိမ့် မည်ဖြစ် ကြောင်း ဝန်ကြီးချုပ်မူယက်ဒင်က ဆိုသည်။
လာမည့်လများအတွင်း မည်သည့်နိုင်ငံကမျှ COVID-19 ကူးစက်မှုသစ်လုံးဝ မရှိအောင် ထိန်းချုပ် လုပ်ဆောင်နိုင်လိမ့်ဦးမည် မဟုတ်ကြောင်း ထို့ကြောင့် မလေးရှားနိုင်ငံသည် ဖြစ်လာနိုင်သမျှ အရာ အားလုံးကို ရင်ဆိုင်ရန် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ရမည် ဖြစ်ကြောင်း မူ ယက်ဒင်က ပြောကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား