Top News

တရုတ်တွင် ယခုနှစ်၏ ပထမဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဟောင်ကောင်ရေပြင်တွင် သင်္ဘောတစ်စင်း နှစ်ပိုင်းကျိုးခဲ့
24htopnews | October 29, 2024 1:12 PM CST

ဇူလိုင် ၂ ရက် ဟောင်ကောင်ရေပြင်တွင် တိုင်ဖွန်းချာဘာကြောင့် နှစ်ပိုင်းကျိုးသွားသည့်  သင်္ဘောအား တွေ့မြင်ရစဉ်  (Photo: AFP)

တရုတ်နိုင်ငံတွင် ယခုနှစ်၏ပထမဆုံး တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ဇူလိုင် ၂ ရက်က ၎င်း၏တောင်ပိုင်း ကမ်းခြေများတွင်  လေပြင်းမုန်တိုင်းများနှင့် မိုးရွာသွန်းမှုများဖြစ် ပေါ်နေပြီး နိုင်ငံ၏လူဦးရေအထူထပ်ဆုံးဂွမ် ဒေါင်းအပါအဝင် ပြည်နယ်အများအပြားတွင် မိုးရေချိန်စံချိန်တင် ရောက်ရှိနိုင်ပြီးကြီးမားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ နိုင်ခြေရှိသည်ဟု မိုးလေဝသခန့်မှန်းသူများ က သတိပေးထားသည်။

မော်မင်းမြို့မှ အရှေ့မြောက်ဘက်ကီလို မီတာ ၂၇၀ အကွာရှိဟောင်ကောင်ရေပြင် တွင် တိုင်ဖွန်းချာဘာ ဖြတ်သန်းတိုက်ခတ်ချိန်  သင်္ဘောသားအယောက် ၃၀ လိုက်ပါလာ သည့် စက်မှုသင်္ဘောတစ်စီး နှစ်ပိုင်းပြတ်သွား ပြီး သင်္ဘောသားဒါဇင်ချီ ပျောက်ဆုံးလျက်ရှိ သည်ဟုအာဏာပိုင်များကဆိုသည်။တရုတ် တွင်သြဂုတ်လအထိကြီးမားသည့်ရေကြီးမှု အပါအဝင် ဆိုးရွားသည့်ရာသီဥတုများဆက် လက်ကြုံတွေ့နိုင်ခြေရှိသည်ဟုခန့်မှန်းထား သည်။        

ခေါင်ရန်းပန်း၏ထိုင်းအမည်ဖြစ်သော ချာဘာဟုပေးထားသည့် တိုင်ဖွန်းသည် ဇူ လိုင် ၂ ရက်နေ့လယ်ခင်းအချိန်တွင် ဂွမ်ဒေါင်း ၏ မော်မင်းမြို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့ ပြီးနောက်အနောက်မြောက်ပိုင်းသို့ တစ်နာရီ လျှင် ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာအထိ ရွေ့လျားခဲ့ကြောင်း အမျိုးသားမိုးလေဝသစင် တာက ထုတ်ပြန်ခဲ့သည်။

ပြင်းထန်မှု အလယ်အလတ်ရှိသော် လည်း အချိန်ကြာလာသည်နှင့်အမျှ အင်အား လျော့နည်းလာဖွယ်ရှိသော တိုင်ဖွန်းချာဘာ သည် အလွန်သည်းထန်သော မိုးရွာသွန်းမှု များကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပြီး ယင်းဒေသ၌ မုတ်သုံကာလအတွင်း ရွာသွန်းလေ့ရှိသော မိုးရွာသွန်းမှုစံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိသည် ဟု စင်တာ၏ မိုးလေဝသခန့်မှန်းသူအကြီးအ ကဲ ဂေါင် ရွှမ်ကျိုးက ပြောကြားခဲ့သည်။

“ပေါများတဲ့ မုတ်သုံရေခိုးရေငွေ့တွေ ဟာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုနဲ့ သဘာဝကို ကျော်လွန်စေတဲ့ မိုးရေချိန်တွေဆီကို ဦးတည် သွားနိုင်ပါတယ်” ဂေါင်က ပြောကြားခဲ့ပြီးအ ချို့နေရာများတွင် မိုးရေချိန် ၆၀၀ မီလီမီတာ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

တရုတ်၏တိုင်ဖွန်းများ ဝင်ရောက်တိုက် ခတ်လေ့ရှိသော နိုင်ငံအနောက်ပိုင်းဂွမ်ဒေါင်း မြို့၊ နိုင်ငံအရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂွမ်ရှီဒေသနှင့် ဟိုင်နန်ပြည်နယ်တို့သည်မိုး ရွာသွန်းမှုများကြောင့် မြေပြိုမှုများ၊ ရေကြီးမှု များ ကြုံတွေ့ရနိုင်ခြေရှိသည်ဟုဂေါင်က ပြော ကြားခဲ့သည်။

တရုတ်၏တိုင်ဖွန်းမုန်တိုင်းများကိုအ မြဲခံရလေ့ရှိသော နိုင်ငံအနောက်ပိုင်းဂွမ် ဒေါင်းတွင် အန္တရာယ်ရှိသကဲ့သို့ နိုင်ငံအရှေ့ ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂွမ်ရှီဒေသနှင့် ဟိုင်နန်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုများ ကြောင့် မြေပြိုမှုများနှင့်ရေကြီးမှုများကြုံ တွေ့ ရနိုင်ခြေရှိသည်ဟု ဂေါင်ကဆိုသည်။

ဟိုင်နန်သည် ဇူလိုင် ၂ ရက်က ၎င်း၏အ ရေးပေါ်တုံ့ပြန်ရေးအဆင့်ကိုဒုတိယအမြင့် ဆုံးဖြစ်သည့် အဆင့်နှစ်အထိ တိုးမြှင့်သတ် မှတ်ခဲ့သည်။ ထို့ပြင် ဟိုင်နန်ကျွန်းတစ်ဝန်းရှိ မီးရထားဝန်ဆောင်မှုများကို ဆိုင်းငံ့ခဲ့ပြီးဟိုင် ကောနှင့်ဆန်ညာမြို့များမှ အသွားအပြန်ပြေး ဆွဲနေသော လေကြောင်းခရီးစဉ် ၄ဝဝကျော် ကို ဖျက်သိမ်းခဲ့သည်။

မကာအိုတွင် တိုင်ဖွန်းချာဘာချဉ်းကပ် လာစဉ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှု ကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟုနိုင်ငံပိုင်သတင်းများတွင်ဆိုသည်။                            


READ NEXT
Cancel OK