Top News

အီတလီ စီးရီးအေ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်
24htopnews | October 28, 2024 6:12 PM CST

ဗီရိုနာ - အူဒီးနီးစ် (အင်္ဂါနေ့ မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီ)

 

ဗီရိုနာက အသင်းလိုက်ကစားပုံမာကျောပြီး လက်ရှိအချိန်မှာ အူဒီးနီးစ်ထက် တိုက်ပွဲဝင်စိတ်ဓာတ်ပိုမိုကောင်းမွန်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာ အကောင်းဆုံးတုံ့ ပြန်နိုင်ခဲ့တာတွေ့ရတယ်။ (၃)ပွဲဆက်ရှုံးထားလို့ အူဒီးနီးစ် ပြန်ရုန်းကန်မယ်ဆိုပေမယ့် ဗီရိုနာပဲ အနိုင်ရပါလိမ့်မယ်။

ဘရက်စီယာ - ဂျူဗင်တပ်စ် (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ)

ဘရက်စီယာရဲ့ ခြေစွမ်းကခန့်မှန်းရခက်ပါတယ်။ အိမ်ကွင်းပွဲစဉ်တစ်ပွဲကစားထားပြီး ဘိုလော့ဂ်နာကို အရှုံးပေးထားရပါတယ်။ ဒီပွဲမှာ ဘာလိုတယ်လီ ပြန်ပါလာမှာဖြစ်လို့ တိုက်စစ် ကစားပုံပိုကောင်းလာနိုင်ပြီး အားနည်းချက်ရှိနေတဲ့ ဂျူဗင်တပ်စ်ခံစစ်ကို ခြိမ်းခြောက်နိုင်မယ်ထင်တယ်။ ဂျူဗင်တပ်စ်တိုက်စစ်က စီရော်နယ်လ်ဒိုဗဟိုပြုထားဆဲဖြစ်ပြီး အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိနေသေးလို့ (၂)ဂိုးပြတ်နိုင်မယ်မထင်ဘူး။

 

 


READ NEXT
Cancel OK