Top News

ဗဟိုဘဏ်က စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါးနှင့် ယွမ် ခုနစ်သိန်း ထပ်မံထုတ်ရောင်း
24htopnews | October 28, 2024 5:12 PM CST

ဗဟိုဘဏ်က စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါး နှင့် ယွမ်ခုနစ်သိန်း ထပ်မံထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၂၃ သန်းနီးပါး ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၂၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ်ရှစ်သိန်း ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က FX Market Online Trading Platform တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော် (၈၅၁၈၀၇၂ ဒသမ ၂၉)နှင့် ထိုင်းဘတ်နှစ် သန်းကျော် (၂၀၅၂၀၄၇ ဒသမ ၈၇) ထုတ်ရောင်းခဲ့သည်။ စက်တင်ဘာ ၁၈ တွင် ဗဟိုဘဏ်က FX Market Online Trading Platform တွင် ထိုင်းဘတ်သုံးသန်းကျော် ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း FX Trading Platformတွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက် FX Market Online Trading Platform တွင် ဘတ် သုံးသန်းကျော် (၃၂၅၄၀၁၇ ဒသမ ၂၇ ) ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၁၂ ကျပ်ဖြင့် ဒေါ်လာ ၃၀၀၀၀၊ စက်တင်ဘာ ၁၆ တွင် တစ်ဒေါ်လာလျှင် ၃၅၁၁ ကျပ်ဖြင့် ဒေါ်လာငါးသန်းထပ်မံထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က  နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ ၂၃၀၀၀၀၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော် (၁၅၂၄၄၄၇ ဒသမ ၈၄)နှင့် ထိုင်းဘတ် ၉၅၆၉၃၀ ကို စက်တင်ဘာ ၁၃ ရက်က ထပ်မံထုတ်ရောင်းခဲ့သည်။


READ NEXT
Cancel OK