Top News

ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို Fly Alliance အဖွဲ့ဝင်များဖြစ်သော မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင် လေကြောင်းလိုင်းတို့က နေ့စဉ်အလှည့်ကျ ပျံသန်းမည်
24htopnews | October 28, 2024 9:12 AM CST

 

ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို Fly Alliance အဖွဲ့ဝင်များဖြစ်သော မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေ ကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့က နေ့စဉ်အလှည့်ကျ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်အား  တနင်္လာနှင့် သောကြာနေ့များတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အင်္ဂါနှင့် စနေတွင် မန်းရတနာပုံလေကြောင်းလိုင်း၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် အဲသံလွင်လေကြောင်းလိုင်းတို့က အလှည့်ကျပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ခရီးသည်များ၏တန်ဖိုးကြီးပစ္စည်းများကို Check Baggage တွင် သယ်ဆောင်ခြင်းမပြုဘဲ 7kg ရရှိသော Hand Carry ထဲတွင်ထည့်ပြီး တစ်ပါတည်းယူဆောင်ရန် အသိပေးချက်ထုတ်ပြန်ထား ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းစျေးလျှော့ရောင်းချမည့် MNA 74 Anniversary Promotion အား  သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ MNA 74 Anniversary Promotion ကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွား ကာလကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၇ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ် မှတ်ပေးထားသည့်အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ရက်ချိန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို MNA Website www.flymna.com ၊Mobile Application  ၊MNA Ticketing Counters နှင့် Authorized Travel Agent များတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းခဲ့ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing737-800 NG လေယာဉ်ဖြင့် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။                                     

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် သို့ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ်စဉ်တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှပျံသန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်းပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့   စီစဉ်နေပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ပြည်တွင်းခရီးစဉ်များတွင်  ၊Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 


READ NEXT
Cancel OK