၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လခွဲအတွင်း မူဆယ်နယ်စပ်မှ ကုန်သွယ်မှုဒေါ်လာ ၁၁၄၈ သန်းကျော် ရရှိပြီး ယခင်နှစ်ကာ လတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၂ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ နမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀၀၆ ဒသမ ၈၉၃ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၁ ဒသမ ၄၈၃သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၄၈ဒသမ ၃၇၆ သန်းရရှိခဲ့သည်။
ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၉၀ ဒသမ ၄၈၆ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၇၀ ဒသမ ၁၄၀ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၂၆၀ ဒသမ ၆၂၆ သန်းရရှိခဲ့သည်။
အဆိုပါကာလတူနှစ်ခုကိုနှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင်ဒေါ်လာ ၁၆ ဒသမ ၄၀၇ သန်း ပိုမိုရရှိပြီး သွင်းကုန်ပိုင်းတွင် ဒေါ်လာ ၁၂၈ ဒသမ ၆၅ရသန်းလျော့ကျခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၂ ဒသမ ၂၅၀ သန်း လျော့ကျခဲ့သည်။
နှစ်အလိုက် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၈၂၉ ဒသမ ၈၆၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅၁၇ ဒသမ ၆၈၄ သန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၁၈ ဒသမ ၁၆၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၇၇ ဒသမ ၈၇၇ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၄၁၀ ဒသမ ၀၅၆ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈၄၁ ဒသမ ၈၇၉ သန်း၊ ၂၀၁၈ ကြားကာလခြောက်လတွင် ဒေါ်လာ ၂၉၉၅ ဒသမ ၄၀၁ သန်း၊၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၉၁၇ ဒသ မ ၉၇၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၇ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၅၇ ဒသမ ၇၂၄ သန်းရရှိခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅ ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်းထားသည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center များအပြန်အလှန်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်