Top News

ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ရုတ်တရက်ပျောက်ဆုံး
24htopnews | October 28, 2024 9:12 AM CST

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းသည် ဒီဇင်ဘာ ၁၁ ရက် မွန်းလွှဲပိုင်းက ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များနှင့် ပါတီ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုသည်။

ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲအတွက် စားနပ်ရိက္ခာစီစဉ်ရန် မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာသို့ သွားရောက်စဉ် မွန်းလွဲပိုင်းတွင် အဆက်သွယ် မရတော့ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

“ကျွန်တော်တို့ စုံစမ်းရသလောက်ကတော့ မနေ့ကမနက်ပိုင်းတည်းက ဘူးသီးတောင်မြို့နယ်က ရွာတစ်ရွာကို ဆင်းသွားတယ်။ ဆင်းသွားတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထောက်ခံပွဲလုပ်ဖို့ပါ။ နောက်တစ်ခါ ရွာမှာစားနပ်ရိက္ခာ အခက်အခဲရှိတဲ့ အကြောင်းအကြောင်းကြားတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုအကြောင်း ကြားပါတယ်။ နောက် မြို့နယ်အတွင်းရေးမှူးကိုလည်း လုပ်စရာရှိတယ်ဆိုပြီး လှမ်းခေါ်ပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးကတော့ လိုက်မသွားပါဘူး။ အလုပ်မအားဘူးဆိုပြီးတော့။ နောက်တစ်ချက်တီးလောက် သူ့ကိုဖုန်းနဲ့ ဆက်သွယ်တဲ့အခါကျတော့ ဆက်သွယ်လို့ မရတော့ပါဘူး။ အဲဒီကတည်းကအဆက်သွယ် ပြတ်သွားတာပါ။ ခုထိတော့ ကျွန်တော်တို့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ သက်ဆိုင်ရာကို အကြောင်းကြားထားပြီးတော့ ဘာဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းနေတုန််းပဲ ရှိိပါသေးတယ် ”ဟု ဒေါက်တာမျိုးညွှွန့်က ပြောကြားသည်။

မြို့နယ် ဥက္ကဌပျောက်ဆုံးသည့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး ပါတီအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဦးရဲသိန်းပျောက်ဆုံးမှုနှင့် ပက်သက်၍ မည်သည့်သတင်းမှ ထပ်မံမသိရသေးကြောင်း မိသားစုဝင်တစ်ဦးက ဒီဇင်ဘာ ၁၂ ရက် နေ့လည်ပိုင်းတွင် ပြောကြားသည်။

“မိသားစုရဲ့ အကိုအကြီးဆုံးတစ်ယောက် ပျောက်သွားတော့ ဝမ်းနည်းတာပေါ့ရှင် ”ဟု အထက်ပါမိသားစုဝင်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့နယ် NLD ပါတီက ဦးဆောင်ပြုလုပ်ရန်ရှိရာ မြို့နယ် ဥက္ကဌ ပျောက်ဆုံးနေသည့်အတွက် ထောက်ခံပွဲ မပြုလုပ်ဖြစ်ကြောင်း သိရှိရသည်။

 

 

 


READ NEXT
Cancel OK