မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper Co.,Ltd တို့ ပူးပေါင်းပြီး သန်လျင်မြို့နယ် သီလဝါဘူတာအနီးရှိ သီလဝါရှိ MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီဘူတာသို့ ကွန်တိန်နာတွဲများဖြင့် ကွန်တိန်နာ ရထားပြေးဆွဲရန် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား ဒီဇင်ဘာ ၃ ရက်က မြန်မာ့မီးရထားရုံးချုပ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ Best Eternity Recycle Pulp and Paper Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Best Eternity Recycle Pulp and Paper Co.,Ltd မန်နေဂျင်းဒါရိုက်တာတို့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper Co.,Ltd တို့ နှစ်ဦးသဘောတူစာချုပ်အရ ပြေးဆွဲမည့် ကွန်တိန်နာရထားမှာ ကုန်ကြမ်းယူ ကုန်ချောပို့စနစ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး သီလဝါ MITT ဆိပ်ကမ်းနှင့် ရေနီဘူတာမှ ၂၁၅ ဒသမ ၇၅ မိုင် ကွာဝေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါဘူတာအနီးရှိ MITT ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောကြီးများမှ ချယူသည့် ကုန်သေတ္တာများကို မီးရထားတွဲများပေါ်သို့ တိုက်ရိုက်တင်ဆောင်ပြီး ကုန်သေတ္တာ တွဲပေါင်း ၂၇ တွဲဖြင့် ရထားပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သေတ္တာရထားအား မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲခြင်းဖြစ်ပြီး ရထားတစ်စီးလျှင် တန်ချိန် ၁၄၀၀ ပါရှိကာ အစုန်အဆန် ကွန်တိန်နာတွဲများဖြင့် ပြေးဆွဲခြင်းဖြစ်သည်ဟု သိရသည်။
“ အသွားကုန် အပြန်ကုန် ကွန်တိန်နာတွဲတွေဖြစ်ပြီး ကုန်ကြမ်းယူ ကုန်ချောပို့စနစ်နဲ့ သီလဝါ-ရေနီ ကွန်တိန်နာရထားပြေးဆွဲတာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ဒဂုံအရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်းနှစ်ခုအား တည်ဆောက်ထားပြီး ဖြစ်သည်။ အဆိုပါ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ်ဖြင့် KM Terminal & Logistics Limited နှင့် Resource Group Logistics Co.,ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်းဖြစ်သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး