Top News

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုက တိုက်ပွဲရှောင်အရပ်သားများကို ပြန်ပေးဆွဲခြင်း တပ်သားအဖြစ် အတင်းအကျပ်စုဆောင်းခြင်းတို့ရှိနေသည်ဟု လူ့အခွင့်အရေးစောင်ကြည့်မှုအဖွဲ့ (HRW) ထုတ်ပြန်
24htopnews | October 28, 2024 1:12 AM CST

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတစ်စုသည် ရှမ်းပြည်နယ်၌ တိုက်ပွဲရှောင်လာသော အရပ်သားများကို ပြန်ပေးဆွဲခြင်း တပ်သားအဖြစ် အတင်းအကျပ်စုဆောင်းခြင်းတို့ရှိနေသည်ဟု လူ့အခွင့်အရေးစောင်ကြည့်မှုအဖွဲ့ (HRW) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) သည် အရပ်သားများအပေါ် ကျူးလွန်နေသည့် ကြမ်းတမ်းသောလုပ်ရပ်များကို ချက်ချင်းရပ်သင့်ပြီး မြန်မာတပ်မတော်နှင့်လည်းကောင်း၊ နစကလိုလားသော ပြည်သူ့စစ်အဖွဲ့များနှင့်လည်းကောင်း ဖြစ်ပွားသောတိုက်ပွဲများတွင် အရပ်သားများကို အကာအကွယ်ပေးရန် ရနိုင်သော အစီအမံအားလုံးကို ချမှတ်သင့်သည်ဟု ဖော်ပြထားသည်။

“မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဟာ အရပ်သားတွေကိုပြန်ပေးဆွဲတာ၊ တပ်သားအဖြစ် အတင်းအကျပ်စုဆောင်းတာတို့ကို လုပ်ဆောင်ပြီး အရပ်သားတွေကို ဆိုးဆိုးရွားရွား အန္တရာယ်ကျရောက်စေခြင်းဖြင့် စစ်ပွဲဥပဒေကို ချိုးဖောက်နေပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အာရှဒါရိုက်တာ အယ်လိန်းပီယာဆင်က ပြောကြားသည်။

“တိုင်းရင်းသားတွေဟာ မြန်မာတပ်မတော် ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေက ၎င်းတို့ရဲ့ စစ်တပ်ထဲအတင်းအကျပ် သွတ်သွင်းဝာာမျိုးရှိနေတယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ တိုက်ပွဲတွေကနေ ဘေးကင်းရာကို ရှာဖွေသင့်ပါတယ်” ဟု ပီယာဆင်က ပြောသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ ပူးပေါင်းထားသော ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စစ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ ပြိုင်ဘက်အုပ်စုများနှင့် တပ်မတော်တို့ဖြစ်ပွားသော တိုက်ပွဲများကြောင့် အောက်တိုဘာလနှောင်းပိုင်းကတည်းက ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ၁၀၀၀၀၀ အပါအဝင် လူ ၆၀၀၀၀၀ ကျော်စစ်ဘေးရှောင်နေရသည်။

ပြည်သူထောင်ပေါင်းများစွာသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ၏မြို့တော် လောက်ကိုင်မှ ထွက်ပြေးလာခဲ့ကြသည်။ ယခင်က MNDAA ထိန်းချုပ်ထားသော လောက်ကိုင်ကို MNDAA က ထိုးစစ်မဆင်မီ ပြည်သူများ လောက်ကိုင်မှ ရှောင်ပြေးလာကြခြင်းဖြစ်သည်။ ယခင်က ပိတ်ထားသော တောတွင်းကားလမ်းများကို ဖွင့်ပေးခြင်းဖြင့် ရှောင်ပြေးလာသူများကို MNDAA က အကူအညီပေးခဲ့သည်ဆိုသော်လည်း MNDAA သည် မိုဘိုင်းဖုန်းများကို သိမ်းယူခြင်း၊ လောက်ကိုင်မှ ထွက်လာသူများကို ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်းမီဒီယာနှင့်မျက်မြင်တွေ့သူများက ပြောကြားခဲ့သည်။ ထိန်းသိမ်းခံရသူအ‌ရေအတွက်ကို မသိရပေ။

နိုဝင်ဘာ ၂၄ ရက်တွင် လောက်ကိုင်မှ ချင်ရွှေဟော်ကိုသွားသည့် အမျိုးသား ခုနစ်ဦးကို MNDAA က ပြန်ပေးဆွဲခဲ့သည်။ ချင်းရွှေဟော် အပြင်ဘက် ကားလမ်းဘေး‌တွင် ၎င်းတို့ထိန်းသိမ်းခံရသည်ကို ၎င်းတို့၏မိတ်ဆွေများက နောက်ဆုံးမြင်လိုက်ရသည်ဟု ဆွေမျိုးများက ရှမ်းသံတော်ဆင့်ကို‌ပြောကြားခဲ့သည်။

စိုင်းအိုက်နော်(၁၈ နှစ်)၊ မောင်ညီကာ (၁၉ နှစ်)၊ စိုင်းလျန်းဂန် (၂၀ နှစ်)၊ စိုင်းအီလော် (၂၆ နှစ်)၊ မောင်နော်ဂွန်း (၂၆ နှစ်)၊ စိုင်းအောင်ဟန်း (၂၇ နှစ်)၊ အသက်၂၀ အရွယ် အမည်မသိ သတ္တမမြောက်အမျိုးသားတစ်ဦးတို့ကို စစ်ရေးဝာာဝန်ဆောင်စေလိမ့်မည်ဟု MDDAA ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း ရှမ်းသံတော်ဆင့်က ‌ဖော်ပြခဲ့သည်။

လောက်ကိုင်နှင့်ချင်ရွှေဟော်အကြား ပါစင်ကျော်ရွာအပြင်ဘက်တွင် MNDAA က လူငယ်အများအပြားကို ရပ်တန့်စေပြီး ထိန်းသိမ်းခဲ့သည်ကို မိမိတွေ့ခဲ့သည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် အဆိုပါလမ်းကြောင်းအတိုင်း လောက်ကိုင်မှ ထွက်လာသော ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

“ဆိုင်ကယ်တွေနဲ့ နှစ်ဦးတစ်အုပ်စု သုံးဦးတစ်အုပ်စု လာသူတွေကို MNDAA တိုက်ခိုက်ရေးသမားတွေက ရပ်တန့်ခိုင်းခဲ့ပါတယ်။ သူတို့က စုံတွဲတွေကိုတော့ မရပ်ခိုင်းပါဘူး။ ကျွန်တော့်မှာလည်း ဆိုင်ကယ်နောက်ခုံမှာ အမျိူသမီးသူနာပြုတစ်ဦးပါလာတော့ ကျွန်တော့်ဆိုင်ကယ်ကို မရပ်ခိုင်းပါဘူး။ဒါပေမဲ့ အသက်ငယ်တဲ့ အမျိုးသားတွေကိုတော့ တားခဲ့ပါဝယ်။ သူတို့ကို  စုစည်းထားပြီး တစ်နေရာရာကို ခေါ်သွားပါတယ်” ဟု ဆရာဝန်ကပြောသည်။

 


READ NEXT
Cancel OK