ဇန်နဝါရီ ၆ ရက်တွင် အောက်လွှတ်တော်က ရွေးချယ်သည့် ကော်မတီသည် အင်္ဂါနေ့တွင် အထင်ရှားဆုံးကြားနာမှုကို ပြုလုပ်ခဲ့စဉ် ထိုအချိန်က သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏နောက်လိုက်များအား ကက်ပီတိုးတွင် လူအုပ်ကြီးအား သေစေလောက်သည့် တိုက်ခိုက်မှုဆီသို့ တွန်းပို့ခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ်၌ တာဝန်ရှိကြောင်း တွေ့ရှိခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒီမိုကရေစီစံနှုန်းကို ဖီဆန်ရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သောကြောင့်သူ၏ အကြောင်းပြချက်သည် လွဲမှားနေကြောင်းကို သူ့အနေဖြင့် သိခဲ့သည်ဆိုခြင်းမှာ ယနေ့တွင် အနည်းငယ် သံသယဝင်စရာ ဖြစ်လာသည်။
ဇန်နဝါရီ ၆ ရက်က အဖြစ်ဆိုးကို ရပ်တန့်ရန် အရာရှိဟောင်းအများအပြားသည် အချည်းနှီး တိုက်ပွဲဝင်ခဲ့ရကြောင်း သက်သေများနှင့် အထောက်အထားများက ပြသခဲ့သည်။ ၎င်းတို့ကို နာခံရမည့်အစား ထရန့်သည် ၂၀၂၀ ရွေးကောက်ပွဲကို သူ့ထံမှ ခိုးယူသွားခြင်းဖြစ်သည်ဟူသော လိမ်ညာမှုကိုသာ ဆုပ်ကိုင်ထားခဲ့သည်။ သူသည်၎င်း၏နောက် လိုက်များအား မှားယွင်းသောအကြောင်းပြချက်ဖြင့် စည်းရုံးလှုံ့ဆော်ရန် ရက်သတ္တပတ်များကို မြှုပ်နှံထားခဲ့သည်။ ထို့နောက် ဘဲဥပုံခန်းမတွင် ပြောကြားခဲ့သည့် သူ၏ ကြော်ငြာဆန်ဆန် စာကြောင်းများက သူ့ကိုထောက်ခံသူများကြားတွင် ဒေါသများ ထွက်ပေါ်စေခဲ့ပြီး ကက်ပီတိုးတွင် လူသေမှုဖြစ်စေသော လူအုပ်စုဖြင့် တိုက်ခိုက်မှုဆီ ဦးတည်စေခဲ့သည်။
ရာထူးနေရာကို အလွဲသုံးစားလုပ်မှုနှင့် လွှတ်တော်ကော်မတီဝင်များထံမှ ယင်းကဲ့သို့ ပြင်းထန်ပြတ်သားသော မှတ်ချက်ပြုမှုမျိုးတို့ နှင့်ပတ်သက်သော ထိတ်လန့်တုန်လှုပ်ဖွယ် အထောက်အထားမျိုးကို နိုင်ငံတစ်နိုင်ငံတွင် ကြားဖူးခဲလှပါ၏။
ထရန့်သည် “စိတ်ကစားလွယ်သော ကလေးမဟုတ်ကြောင်း”နှင့် တာဝန်ခံရမည်ဖြစ်ကြောင်း ၀ိုမင်း ရီပက်ဘလီကင်အမတ်နှင့် ကော်မတီဒုတိယဥက္ကဌ လစ်ဇ်ချေနီ၏ မှတ်ချက်ပြုမှုဖြင့် ကြားနာမှုကို စတင်ခဲ့သည်။ လူသိရှင်ကြား မဖော်ထုတ်ရသေးသော၊ ကော်မတီ၏တင်ပြချက်များ၌ စိစစ်ဖော်ပြရခြင်း မရှိသေးသည့် သက်သေတစ်ဦးကို ဆက်သွယ်မေးမြန်းရန် သမ္မတဟောင်း (ဒေါ်နယ်ထရန့်)က ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက်အား ကော်မတီက တရားရေးဌာနကို အကြောင်းကြားခဲ့သည်ဟု ကြားနာမှု ပြီးဆုံးချိန်တွင် လစ်ဇ်ချေနီက ထုတ်ဖော်ပြောကြားခဲ့သည်။
လစ်ဇ်ချေနီ၏ ထုတ်ပြန်ချက်များကြားတွင် သက်သေများက ထရန့်အား အမှန်တရားကို ယုံကြည်လက်ခံလာအောင် စည်းရုံးရန် ကြိုးပမ်းမှုကြောင့် ရှုပ်ထွေးနေသော အိမ်ဖြူတော်အကြောင်း ပြောဆိုခဲ့သည်။ အရေးကြီးသော အခိုက်အတန့်မှာ ဆဲဆိုကြိမ်းမောင်းမှု၊ အော်ဟစ်စော်ကားမှုတို့ဖြင့် အမှတ်တရဖြစ်ခဲ့သော ဒီဇင်ဘာ ၁၈ ရက် ဘဲဥပုံရုံးခန်း စုဝေးပွဲဖြစ်သည်။ ယင်းအစည်းအဝေးတွင် အမျိုး သားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း မိုက်ကယ်ဖလင်းနှင့် ၎င်း၏ရှေ့နေ ဆစ်ဒနီပေါင်ဝဲလ်တို့ အပါအဝင် လိုအပ်သည့် သက်ဆိုင်ရာရင်းမြစ်များ ချို့တဲ့ကြသည့် ဇာတ်ကောင်တစ်သိုက်က ရွေးကောက်ပွဲကို ဖျက်သိမ်းနိုင်ကြောင်း အကြံပြုခဲ့ကြသည်။ သူ၏လက်ထောက်အချို့က ငြင်းဆန်ခဲ့သေးသော်လည်း ထရန့်က ၎င်းတို့၏ အကြံပြုချက်ကို နောက်ဆုံးတွင် လက်ခံခဲ့ပုံရသည်။
ကော်မတီက တင်ပြခဲ့သော တုန်လှုပ်ဖွယ် အထောက်အထားများထဲတွင် ထရန့်၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာဟောင်း ဘရက်ပါစကေးနှင့် ထရန့်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ကက်ထရီနာ ပီယာဆင်တို့ကြား အဆိုပါရုန်းရင်းဆန်ခတ်မှုအပြီး မက်ဆေ့ခ်ျဖလှယ်မှုတစ်ခု ပါဝင်သည်။သူ၏ နှုတ်ထွက်စကားများက လူအုပ်ကြီးကို ဒေါသမီးတောက်လောင်အောင် ရှို့ခဲ့သောကြောင့် ထရန့်အား သမ္မတဖြစ်လာအောင် ကူညီပေးခဲ့သည့်အတွက် သူ့အနေဖြင့် အပြစ်ရှိသည်ဟု ခံစားရကြောင်းပါစ ကေးက ထုတ်ဖော်ပြောကြားခဲ့သည်။
ပီယာဆင်က “အဲဒီအချိန်မှာ မင်းမှန်တယ်လို့ ခံစားရတာကို မင်းလုပ်ခဲ့တာပဲ”ဟု မက်ဆေ့ခ်ျပို့ခဲ့သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ အခု အမျိုးသမီးတစ်ယောက်တော့ သေသွားပြီ”ဟု ပါစကေးက ပြန်ကြားသည်။
ပီယာဆင်က ထရန့်၏ ပြောကြားချက်သည် တိုက်ခိုက်မှုဖြစ်စေသည့် အကြောင်းရင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပါစကေးက “ကက်ထရီနာရေ၊ ဟုတ်တော့ ဟုတ်ပါတယ်။”ဟု ပြန်ပြောခဲ့သည်။
အရီဇိုးနားပြည်နယ် ရီပက်ဘလီကင်အမတ် ဒက်ဘီလက်စကိုသည် ဇန်နဝါရီ ၆ ရက်တွင် ဖြစ်ပျက်နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဖွဲ့ဝင်များအတွက် ဘေးကင်းရေး အစီအစဉ် ရေးဆွဲရန် ကွန်ဂရက်ခေါင်းဆောင်များကို တောင်းဆိုခဲ့ကြောင်း သက်သေအ ထောက်အထားကိုလည်း ကော်မတီက တင်ပြခဲ့သည်။ သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ သည်ရွေးကောက်ပွဲကို ပြောင်းလဲအောင် မလုပ်နိုင်ခဲ့သောကြောင့် ဖြစ်နိုင်ဖွယ် ရလဒ်ကို ၎င်းတို့ သိလိုက်ရသည်နှင့် “လူအုပ်ကြီးတော့ ရူးသွားတော့မှာပဲ” ဟု ယင်းအချိန်တွင် ဒက်ဘီလက်စကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အသံဖိုင်ကို နယူးယောက်တိုင်းမ် သတင်းထောက် အဲလက်စ်ဘန်းနှင့် ဂျိုနသန်မာတင်တို့က ရရှိခဲ့သည်။
အချုပ်အားဖြင့်ဆိုသော်၊ သမ္မတဟောင်းသည် ဇန်နဝါရီ ၆ ရက် အဖြစ်အပျက်များကို တွန်းပို့ရန် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော၊ ပြောင်မြောက်သော ကျွမ်းကျင်မှုများကို အသုံးပြုကာ နိုင်ငံကို ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးဆီ ကံဆိုးမိုးမှောင်ကျစေခဲ့ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့သည်။ ထရန့်အား ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အမှန်တရားကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ငံ၏ အကျိုးစီးပွားကို ဆန့်ကျင်လျက် ၎င်းကိုယ်တိုင်၏ အကျိုးစီးပွားကို မြှင့်တင်နေသောကြောင့် လူအုပ်ဖြင့် အကြမ်း ဖက်မှုအန္တရာယ် ရှိဆဲဖြစ်ကြောင်းလည်း ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ ထရန့်ကို သမိုင်း၏ အနိမ့်ဆုံး အဆင့်တစ်နေရာတွင် အင်္ဂတေဖြင့် အသေကိုင်မထားပါက အမေရိကတွင် အရှိတရားကို သိမြင်မှုအား ဝေမျှနိုင်မည်မဟုတ် သကဲ့သို့ ကမ္ဘာကြီးတွင်လည်း တရားမျှတမှု ရှိနိုင်မည်မဟုတ်ပါ။
၂၀၂၄ ခုနှစ်သို့ ရောက်လျှင် မဲဆန္ဒရှင် များအနေဖြင့် သမ္မတလောင်း မဲပြားပေါ် ထရန့်၏ အမည်အား တွေ့ရှိရပါက ယခုကြားနာမှုသည် အရှုံးအနိုင်ပေါ်ရေး၌ တုန်လှုပ်ဖွယ် လျှပ်တစ်ပြက်အမြင်ကို ပေးပါလိမ့်မည်။ အမှန်တရား သို့မဟုတ် အမေရိကန်တို့၏ ဘေးကင်းရေး-မည်သည့်အရာကိုမျှ ခွင့်မပြုဘဲ သူ၏ အနန္တစွမ်းအားရှင်ဖြစ်ရေး ပြင်းပြသည့် ရည်မှန်းချက်များ၌သာ ရပ်တည်နေသည့် လူတစ်ဦးကို ရွေးချယ်ခြင်းမည်ကြောင်း မဲဆန္ဒရှင်များအား ကြီးမားသော နှိုးဆော်မှု တစ်ခုအဖြစ် ယခုကြားနာစစ်ဆေးမှုက ထမ်း ဆောင်သင့်ပါ၏။
Ref: CNN
ကက်ပီတိုးတိုက်ခိုက်ခံရမှုဖြစ်စဉ်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ဒေါ်နယ်ထရန့် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၎င်းကို ထောက်ခံသူ လူအုပ်ကြီးသည် ၀ါရှင်တန်ဒီစီရှိ ကက်ပီတိုး အဆောက်အအုံကို တိုက်ခိုက်ခဲ့သည်။ လွှတ် တော်၏ ပူးတွဲအစည်းအဝေးတွင် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အောင်ပွဲအား တရားဝင်ဖြစ်စေမည့် Electoral Colllege မဲများ ရေတွက်ခြင်းကို တားဆီးခြင်းဖြင့် ထရန့် အာဏာဆက်လက်တည်မြဲရေးကို ကြိုး ပမ်းခဲ့ကြသည်။ အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည့် အောက်လွှတ်တော် ရွေးချယ်ရေးကော်မတီ၏ အဆိုအရ ယင်းတိုက်ခိုက်မှုသည် သမ္မတ ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲ ရလဒ်ကို လှန်ပစ်ရန် အပိုင်း ခုနစ်ပိုင်း ပါဝင်သောအစီအစဉ်၏ အထွတ်အထိပ် ဖြစ်ကြောင်း သိရသည်။
ရုန်းရင်းဆန်ခတ်မှုပြုလုပ်သူများက တရားဥပဒေထိန်းသိမ်းရေးအရာရှိများကို ဖြတ်ကျော်ဝင်ရောက်ကာ ရိုက်နှက်တိုက်ခိုက်မှုများကြောင့် လွှတ်တော်အမတ်များ၊ ဝန်ထမ်းများနှင့် အဆောက်အအုံအတွင်းရှိ အ ခြားသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သို့မဟုတ် လုံခြုံရာရှာဖွေ၍ နေကြရန် ပြောကြားကာ ကက်ပီတိုးအဆောက်အအုံဝင်းကို ပိတ်ထားခဲ့ရသည်။ လူအုပ်ကြီးသည် ပြတင်းပေါက်များမှတစ်ဆင့် ဖောက်ထွင်း ဝင်ရောက်ပြီး နာရီပေါင်းများစွာကြာအောင် ပရိဘောဂပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် လွှတ်တော်အမတ်များကို အကြမ်းဖက်ခြိမ်းခြောက်ခဲ့သည်။
ဖြစ်ရပ်မစမီနှင့် ဖြစ်ပွားစဉ် သို့မဟုတ် ဖြစ်ရပ်နောက်ဆက်တွဲအဖြစ် လူပေါင်း ငါးဦးသေဆုံးခဲ့သည်။ တစ်ဦးမှာ ကက်ပီတိုးရဲများ၏ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နောက်တစ်ဦးမှာ မူးယစ်ဆေးလွန်ကဲမှုကြောင့် သေဆုံးရခြင်းဖြစ်ကာ အခြားသုံးဦးမှာ သဘာဝအတိုင်း ဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည်။ ရဲအရာရှိ ၁၃၈ ဦး အပါအဝင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့သည့် ရဲအရာရှိလေးဦးသည် ခုနစ်လအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး