ဧပြီလ ၁၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်က မိတ္တီလာမြို့၊ မကျီးခြောက် ကျေးရွာတွင် ညအချိန် နေအိမ်ပေါ် တက်ရောက်လာသူ တစ်ဦးက အသက်ဆယ်နှစ်အရွယ် စကားမပြောနိုင်သော ကလေးငယ်အား ဓားဖြင့်ထိုးကာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက မိတ္တီလာမြို့နယ်၊ မကျီးခြောက် ကျေးရွာနေ ဦးကျော်နိုင် အသက် (၅၃) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ငယ် အသက် (၄၃) နှစ််သည် နေအိမ်တွင်် ညအိပ်နေစဉ် ဒေါ်ငယ်မှ အိမ်ပေါ်တွင် သားဖြစ်သူ အသက်ဆယ်နှစ်အရွယ် စကားမပြောတက်သော ကလေးငယ်ဖြင့် အတူအိပ်စဉ် လူရိပ်မြင်လိုက်သဖြင့် လန့်အော်ခဲ့ရာ အဆိုပါ အမည်မသိ အမျိုးသားမှာ အနီးရှိ အသက်ဆယ်နှစ်အရွယ် စကားမပြောတတ်သော ကလေးငယ်အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ကလေးငယ်တွင် လည်ပင်းနှင့် လက်၌ ထိုးသွင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦး သိရသည်။
"ကျွန်တော်တို့ ရွာတွေဘက်မှာ အဲ့ဒီလို မဖြစ်ဖူးဘူး၊ အခု ဖြစ်တဲ့ အိမ်ကလည်း ပိုက်ဆံပေါတဲ့ အိမ်လည်း မဟုတ်ဘူး၊ သူ့ယောက်ကျားဆို ရေခဲချောင်းရောင်းတာ၊ ယောက်ကျားက အိမ်အောက်မှာအိပ်၊ မိန််းမက အဲ့ဒီကလေးနဲ့ အိမ်ပေါ်ထပ်မှာ အိပ်တာ၊ အဲ့ဒါ့ မအေက လူရိပ်မြင်လို့ အော်လိုက်တော့ ကလေးကို ဓားနဲ့ထိုးပြီး ထွက်ပြေးတာ၊ အဲ့ဒီဝင်လာတဲ့လူရဲ့ ကတ္တီပါ ဖိနပ်တစ်ရံ ကျန်ခဲ့တယ်၊ ဓားအရိုးက ထွက်ပြေးရင်း လွှင့်ပစ်ခဲ့တာ ထင်တယ်၊ ဓားအရိုးကို အိမ်ခေါင်းရင်းမှာ တွေ့တယ်၊ ကလေးဘေးမှာတင် ခြောက်လက်မလောက် စတီးဓား ကျန်ခဲ့တယ်၊ ကလေး လည်ပင်းနဲ့ လက်တွေမှာ ဓားနဲ့ ထိုးလိုက်လို့ ပြတ်ရှဒဏ်ရာတွေ ရတယ်၊ ကလေးက စကားမပြောတတ်တော့ မေးလို့ စမ်းလို့ မရဘူး၊ ကလေးက တော်တော်လန့်သွားတာ၊ အခုဆေးရုံမှာ ဆရာဝန်တွေ ဆေးထိုးတာကို မခံတော့ဘူး၊ အဲ့ဒါ့နဲ့ ညက သူခိုး၊ သူခိုးဆိုလို့ တစ်ရွာလုံး ဝိုင်းလိုက်တာ မမိလိုက်ဘူး၊ မြင်လိုက်တဲ့ ကလေးအမေက ပြောတာတော့ အကျင်္ီမပါဘူး၊ အမျိုးသား တစ််ယောက်ထဲလို့ ပြောတယ်၊ မိတ္တီလာမြို့ဘက်ကို ထွက်ပြေးသွားတာ၊ အဲ့ဒါနဲ့ ရဲစခန်းကို ကျွန်တော်ပြေး အကြောင်းကြားတော့ ရဲတွေလိုက်လာပြီး စစ်ချက်တော့ ယူသွားတယ်၊ အမှု့ဖွင့် မဖွင့်တော့ မသိဘူး” ဟု မိတ္တီလာမြို့နယ် မကျီးခြောက်ကျေးရွာမှ ရာအိမ်မှုး ဦးကျော်ဌေးမှ ပြောပြသည်။
“မနေ့ညက ရွာကလှမ်း အကြောင််းကြားတော့ ရွာကို ကျွန််တော်တို့ အဖွဲ့သွားတာ၊ ရွာရောက်တော့ ကလေးက စခန်းမှာဆိုလို့ စခန်းထပ်လိုက်၊ စခန်းရှေ့မှာတင် ဒဏ်ရာရတဲ့ ကလေးကို ပတ်တီးတွေစီးပြီး ရဲတွေပြောပြီး မိတ္တီလာခရို်င်ဆေးရုံ ပို့ပေးလိုက်တာ၊ ကလေးဒဏ်ရာ အခြေအနေက လက်နဲ့ ဓားကို ကာလိုက်လို့ မသေတာ ထင်တယ်၊ လည်ပင်းက ဓားထိထားတာ လေပြွန်ကို မြင်နေရပြီ၊ လည်ပင်းလေပြွန်သာ ထိရင်တော့ သေမှာ လက်ကလည်း လက်သွယ်ကြွယ်နဲ့ လက်ခလယ်မှာ ဓားထိထားတာ အရိုးတွေပေါ်နေပြီ၊ ကျွန်တော်တို့ ကားနဲ့ အဖွဲ့ဝင်လေးယောက် သွားခေါ်ပြီး ဒဏ်ရာရတဲ့ ကလေးကို မိတ္တီလာခရိုင် ဆေးရုံကြီးကို ပို့ပေးလိုက်တယ်” ဟု မိတ္တီလာမြို့၊ မျိုးဆက်သစ် မြတ်ပါရီ သွေးလှူရှင် ပရဟိတအသင်းမှ ကိုကျော်ကိုကိုက ပြောကြားသည်။
အဆိုပါ အမှုအား မိတ္တီလာမြို့၊ ပြည်သာယာရပ်ကွက်၊ အမှတ် (၃) နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ