စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းကို အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် RedBird Capital Partners က ယူရို ၁ ဒသမ ၂ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
RedBird ကိုတည်ထောင်သူ ဂယ်ရီကာဒီနယ်လ်နှင့် ယခင်အသင်းပိုင်ရှင်Elliott စီမံခန့်ခွဲမှုကုမ္ပဏီအကြား အရောင်းအဝယ် အတွက် ပြီးခဲ့သည့်ဇွန်လကတည်းက ကနဦး သဘောတူညီမှုရထားခြင်းဖြစ်သည်။ RedBird အနေဖြင့် ငါးနှစ်အတွင်း အေစီမီလန် အသင်း၏ စတုတ္ထမြောက်ပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
အေစီမီလန် အသင်းကို ကာလရှည်ပိုင်ဆိုင်ခဲ့သည့် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီက ၂၀၁၇ ခုနှစ်တွင် တရုတ်စီးပွားရေးအုပ်စုတစ်ခုဖြစ်သည့် Yonghong ထံ စတင်ရောင်း ချခဲ့သည်။ Yonghongက အသင်းကိုဝယ်ယူစဉ် အကြေးွများ ပေးချေနိုင်ခြင်းမရှိသဖြင့်Elliott က ၂၀၁၈ ခုနှစ်တွင် လွှဲပြောင်းရယူခဲ့ ခြင်းဖြစ်သည်။
RedBirdက ဝယ်ယူပြီးနောက် ဘက်စကတ်ဘောအကျော်အမော် လီဘရွန်ဂျိမ်းစ်၊ ရက်ပါဒရက်တို့မှာလည်း အေစီမီလန်အသင်း၏ ရှယ်ယာရှင်များဖြစ်လာကြောင်း သိရသည်။ ၎င်းတို့သည် Main Street Advisors ၏ ပါတနာများဖြစ်ပြီး ယင်းအဖွဲ့ အစည်းသည် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်နှင့် ဘေ့စ်ဘောကလပ် ဘော်စတွန်ရက်ဆော့အသင်းတို့၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်ထားသည်။
RedBird သည် လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group တွင်လည်း ရှယ်ယာများရှိနေသည်။
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်
-
ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုသည် ဒေသခံအစ္စလာမ္မစ်အစွန်းရောက်အဖွဲ့၏လက်ချက်ဟု သီရိလင်္ကာအစိုးရက ပြောကြား
-
အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တရုတ်အလုပ်သမားများ တောင်းဆို
-
ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဇာတ်မြူးသရုပ်ဆောင် ဇယ်လင်စကီးက အပြတ်အသတ်အနိုင်ရ
-
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အီရန်နှင့်ပါကစ္စတန်က နယ်စပ်ပူးတွဲတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်း