Top News

ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
24htopnews | October 27, 2024 3:12 PM CST

ချယ်လ်ဆီး - နယူးကာဆယ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ချယ်လ်ဆီးက ဒီရာသီမှာ တည်ငြိမ်မှု ပြသနိုင်တဲ့ ခြေစွမ်းကို ပြဖို့ ရုန်းကန်နေရတယ်။ နိုင်ပွဲတွေဆက်တိုက် ယူခဲ့ပြီးတဲ့ နောက်မှာ နော်တင်ဟမ်ကို သရေသာကစားနိုင်ခဲ့ပြီး လီဗာပူးလ်ကို ရှုံးခဲ့တယ်။ နှစ်ပွဲစလုံးမှာ အားနည်းချက်တွေရှိခဲ့တာကို လည်း တွေ့ရတယ်။ ဒီရာသီချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာလည်း တော်တော်လေး အမှတ်လျော့နေတဲ့ အနေအထား ဖြစ် နေတယ်။ နယူးကာဆယ်ကိုယ်တိုင်လည်း ဒီရာသီမှာ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံး ခဲ့တယ်။ တိုက်စစ်မှာ လူမစုံတဲ့ ပြဿနာလည်း ရှိနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဘရိုက်တန်ကို ရှုံးခဲ့ပြီး ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကလည်း အားရစရာမရှိဘူး။ ချယ်လ်ဆီးက ဒီပွဲမှာ ကူကူရယ်လာ၊ ဖိုဖာနာတို့ ပြန်ပါလာမှာဖြစ်လို့ ခံစစ်ပိုင်းက ပြန်အား ကောင်းလာနိုင်တယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။ 

ခရစ္စတယ်ပဲလေ့စ် - စပါး (တနင်္ဂနွေည ၈း၃၀ နာရီ)

ပဲလေ့စ်က လက်စတာနဲ့ မန်ယူနိုက်တက်တု့ိကို သရေကျခဲ့ပြီးတဲ့နောက် အဲဗာတန်၊ လီဗာပူးလ်၊ နော်တင်ဟမ်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ Narrow Margin တွေနဲ့ ရှုံးခဲ့တာ ဖြစ်ပြီး ကစားပုံကလည်း တက်တော့တက်လာတယ်။ တိုက်စစ်က ရုန်းကန်နေရတာကို တွေ့ရတယ်။ စပါးက တိုက်စစ်ပိုင်းအရမ်းအားကောင်းနေတာတွေ့ရတယ်။ ဆွန်လည်း ပြန်ပါလာပြီး လူစုံနေတယ်။ စပါးကို ကြိုက်တယ်။ 

ဝက်စ်ဟမ်း - မန်ယူ (တနင်္ဂနွေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းက တကယ့်ခြေရူးအသင်းလိုမျိုး ဖြစ်နေပြီး ကွင်းလယ်ကလည်း စိတ်မ ချရဘူး။ ခံစစ်မှာ ယူနိုက်တက်က စိတ်ဝင်စားဖူးတဲ့ တိုဒီဘိုပါလာပေမယ့် အားရစရာမဟုတ် သေးဘူး။ လက်ရှိ အချိန်မှာ မန်ယူနိုက်တက်က ဟွိုင်လန်းနဲ့အတူ တိုက်စစ်ပိုင်းကစားပုံ က အားပါတယ်။ သပ်ရပ်မှုအပိုင်းမှာတော့ လိုအပ်နေသေးတယ်။ ဝက်စ်ဟမ်းကွင်းမှာတော့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ကို ကြိုက်တယ်။ 

အာဆင်နယ် - လီဗာပူးလ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဒီဘက်နှစ်တွေမှာ ပရီမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ပြီးနှစ်သင်းစလုံးက ပုံစံကောင်း လည်းပြနေကြတယ်။ အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ခြုံကြည့်ရင် အားကောင်းနေဆဲပါ။ ဒီပွဲမှာ အာဆင်နယ်ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အော်ဒီဂွါ၊ ဆာကာ၊ ဆာလီဘာတို့ မပါဝင်နိုင်တာ က အာဆင်နယ်ရဲ့ ပွဲကြိုပြင်ဆင်မှုတွေကို အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ အပြောင်းအလဲတွေနဲ့ ပြု ပြင်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ လီဗာပူးလ်ကလည်း ဂျိုတာ ဒဏ်ရာရထားပေမယ့် တိုက်စစ်က ပြဿနာမရှိသလို ကျန် နေရာစုံမှာလည်း ကစားသမားအစုံအလင်ပါတယ်။ အစဉ်အလာအရ အာဆင်နယ်ကအိမ်ကွင်းမှာ ရလဒ်ကောင်းတွေရလာ ပေမယ့် ဒီရာသီလီဗာပူးလ်ရဲ့ခံစစ်ကို အာဆင်နယ်တိုက်စစ်ကျော်နိုင်ပါ့မလားစဉ်းစားရမယ်။ သရေကျသွားနိုင်တယ်။ 


READ NEXT
Cancel OK