တောင်ဒဂုံရှိ အထက်တန်းကျောင်း၌ ၉ တန်းကျောင်းသား ၁၃ ဦးထံမှ WY သုံးပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ် စားလှယ် ဦးညီညီက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားသည်။
နဝမတန်းကျောင်းသား ၁၃ ဦးထံမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သဖြင့် ၎င်းတို့အား ဆရာများနှင့်တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာ တစ်လိပ်လျှင် ၂၅၀၀ ကျပ် ပေးရသည့် ဆေးခြောက် ပါဝင်သော ဆေးလိပ်ကိုလည်း သုံးစွဲသည်ဟု သိရှိခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အဓိကကတော့ WY စိတ်ကြွဆေးပြား သုံးစွဲခြင်းနဲ့အတူ ဆေးခြောက်ပါ ဆေးလိပ်များ သုံးစွဲ ခြင်းတွေကိုပါ ထပ်မံ ဖော်ထုတ်ရရှိတာပေါ့။ မိတာက ဒီဟာတွေကို သုံးစွဲတဲ့ ဆက်စပ်ပစ္စည်းတွေပေါ့။ ဥပမာ ခဲပတ်ပြား မိတယ်။ ပိုက်မိတယ်။ ကော်ပတ်လေး မိတယ်။ မိတဲ့ အကြောင်းအရင်းကလည်း ပြင်ပမှာရှိနေတဲ့ ကျောင်းသားမိဘတွေ ပြည်သူတွေကနေ လှမ်းပြီး သတင်းပို့တာပေါ့။ ဆရာမကို။ ပို့ရင်းနဲ့မှ ဆရာမကနေ ရှာလိုက်တော့မှ မိပြီးတော့ ထပ်ဖော်ရင်း ထပ်ဖော်ရင်းနဲ့မှ သုံးစွဲတဲ့သူတွေမှာ ဒီ WY ၊ ဆေး ခြောက်ပါတစ်လိပ်ကို ၂၅၀၀ လောက် ပေးရတယ်ဆိုပြီးတော့ပါ မိလာတာပေါ့နော်။ အားလုံး ၁၃ ယောက် ပေါ့။ ဒါ ဘယ်က ရတာလည်း ဘယ်သူတွေ လုပ်နေကြတာလဲဆိုတော့မှ ၁၃ ဦးထွက်လာတာပေါ့။ ဆေးလိပ်ကိုလည်း တစ်လိပ်ကို ၂၅၀၀ နဲ့ ဝယ်သောက်ရတယ်လို့လည်း ပြောပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောကြားသည်။
လက်ရှိတွင် ကလေးငယ်များအား ကျောင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မိဘထံပြန်အပ်ထား ကြောင်း သိရသည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီသုံးစွဲတယ်ဖြစ်ဖြစ် ရောင်းဝယ်တယ်ဖြစ်ဖြစ်၊ ဖောက်ကားတယ်ဖြစ်ဖြစ် ကျောင်းမှာတွေ့ရတယ်ဆိုတာ တကယ်တော့ မကောင်းဘူး။ ဒါလည်းပဲ အခုမှလား ဆိုတော့ မဟုတ်ဘူး။ ဖြစ်နေတာကကြာပြီ။ ပေးတဲ့သူကလည်း သတင်းကို ရဲရဲတင်းတင်း သိပ်ပြီးတော့ သတ္တိရှိလို့ ပေးတယ်မဟုတ်ဘူး။ ဒီကလေးတွေရဲ့ အနာဂတ် နောင်ရေးအတွက်ကို ကြည့်ပြီးတော့ ပေးရတာ။အဲလိုမျိုးဆိုတော့ ဒီဟာအပေါ်မှာ ဘယ်လိုမျိုးအနေနဲ့ကျောင်းထဲအထိ ရောက်လာတယ်ဆိုတာကိုတော့ သက်ဆိုင်ရာဥပဒေစိုးမိုးရေး ဝန်ထမ်းတွေအနေနဲ့ကတော့ ဒီဟာ ကို ဖော်ထုတ်ဖို့တော့ လိုတယ်ဆိုတဲ့ဟာကိုတော့ ပြောချင်တာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
ထို့အပြင် တောင်ဒဂုံမြို့နယ်တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလေ့ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တိုင်းနှင့်မြို့ နယ်ရဲတပ်ဖွဲ့များက ရပ်ကွက်နှစ်ခုတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ ခဲ့သေးကြောင်း၊အောက်ခြေမှအသေးစား ဖြန့်ဝေမှုများအပြင် မူးယစ်ဆေးဝါးအရင်းမြစ်ကြီးများကို ထိထိ ရောက်ရောက်ရှာဖွေဖမ်းဆီးရန် လိုအပ်ကြောင်း၊ ထို့အပြင် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများ လုပ်ရန်ရှိကြောင်း ၎င်းကဆိုသည်။
“အခုဟာက ကျွန်တော် တို့တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ကျောင်းသားတွေလူငယ်တွေဆီမှာ ဒါကြီး ကပစ်မှတ်တစ်ခုအနေနဲ့ ရောက်လာတယ်ဆိုတဲ့ဟာက တော်တော်လေး ကို စိုးရိမ်စရာတစ်ခုအနေနဲ့အပြင် ကို စိတ်မသက်မသာဖြစ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုလို ဖြစ်နေတဲ့ဆိုတဲ့အပေါ်မှာ ကျွန်တော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မြို့နယ်ရဲတပ်ဖွဲ့ ပြည်သူတွေ ကျောင်းစရာဆရာမတွေနဲ့ အားလုံးပေါင်းစုစည်းပြီးတော့ ဘယ်လိုမျိုးဒါမျိုးလွတ်အောင်လုပ်မလဲ ဆိုတဲ့အဖြေကိုလည်းရှာပြီးသားဖြစ် ပါတယ်” လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောကြားသည်။
ထို့ကြောင့် ကျောင်းများ ၌အဝင်/အထွက်များတွင်လွယ်အိတ်များကို စစ်ဆေးရန်လိုအပ်ကြောင်း၊ ယခင်က ချွန်ထက်အရာများ၊ လက် နက်များပါမပါ ကျောင်းများတွင် စစ်ဆေးသည့်အလေ့အကျင့်ရှိပြီး ၊အဆိုပါ အလေ့အကျင့်မှာလျော့ပါးလာကြောင်း ယင်းကိုပြန်လည် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက အကြံပြုပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီသည် “ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက်ကလေးသူငယ်များနှင့် ကျောင်းသားအရွယ် လူငယ်များအကြားတါင် တွေ့ကြုံ ဖြစ်ပွားနေသော မူးယစ်စိတ်ကြွဆေးပြား သုံးစွဲမှုများပပျောက်ရေး အစီ အမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်း” အဆိုအား ပြီးခဲ့သည့်စက်တင်ဘာလအတွင်း က တင်ခဲ့သေးကြောင်း သိရသည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်