Top News

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | October 27, 2024 1:12 AM CST

လိုင်ယွန် နှင့် ဇင်းနစ် (အင်္ဂါည ၁၁း၂၅ နာရီ)

ဇင်းနစ်က ရုရှားလိဂ်မှာ ခြေစွမ်းပြနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်။ နောက်ဆုံး (၂)ပွဲဆက်အနိုင်ကစားထားပြီး လတ်တလောရလဒ်ပိုင်းက လိုင်ယွန်ထက်ပိုကောင်းတာတွေ့ရတယ်။ ဒါပေမဲ့ လိုင်ယွန်က ဥရောပမှာ ဇင်းနစ်ထက် ပိုအဆင့်မြင့်တဲ့အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဒီပိုင်း၊ ဒမ်ဘီလီ တို့ ခြေစွမ်းပြနေတယ်။ ဒါ့အပြင် ဘာထရန်ထရာအိုရေးနဲ့ ကော်နေးတို့လိုကစားသမားတွေကလည်း ဇင်းနစ်ကို ဒုက္ခပေးနိုင်တဲ့သူတွေပါ။ ဇင်းနစ်ရဲ့အဝေးကွင်းရလဒ်ပိုင်းကလည်း အားရစရာ သိပ်မရှိလို့ လိုင်ယွန်ကိုပဲ ကြိုက်တယ်။

အင်တာမီလန် နှင့် ဆလားဗီးယားပရပ်ဂ် (အင်္ဂါည ၁၁း၂၅ နာရီ)

ဆလားဗီးယားပရက်ဂ်က ဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာ တို့နဲ့တစ်အုပ်စုတည်းကျနေတဲ့အနေအထားမှာ ယူရိုပါလိဂ်မျှော်လင့်ချက်တောင် သိပ်မရှိဘူး။ ဒီရာသီအင်တာမီလန်အသင်းက အရမ်းအားကောင်းနေပြီး ကွန်တီရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံပြန်ရလာတာတွေ့ရတယ်။ ဆလားဗီးယားပရပ်ဂ်အတွက် အဝေးကွင်း(၃)ပွဲမှာ အမှတ်မျှော်လင့်ဖို့ မရှိပါဘူး။ အင်တာမီလန် သေချာပေါက် အနိုင်ကစားမယ့်ပွဲဖြစ်ပြီး (၂-၀)လောက်ဖြစ်နိုင်တယ်။

ချယ်လ်ဆီး နှင့် ဗလင်စီယာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဒီရာသီမှာ ချယ်လ်ဆီးရဲ့တိုက်စစ်ပိုင်းက သိသိသာသာကောင်းမွန်နေပြီး ဂိုးမြူးနေတာတွေ့ရတယ်။ လူငယ်ကစားသမားတွေနဲ့အတူ ကစားအားကောင်းသလို၊ အတွေ့အကြုံရင့်ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ဗလင်စီယာက အသင်းကောင်းတစ်သင်းဆိုပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ရုန်းကန်ရလိမ့်မယ်။ ချယ်လ်ဆီးနိုင်ဖို့ရှိပြီး (၂-၁၊ ၂-၀)လောက် ဖြစ်နိုင်တယ်။

အေဂျက်စ်     နှင့် လိုင်လီ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဒီလစ်၊ ဒီယွန်းတို့လို လူငယ်ကြယ်ပွင့်တွေ အသင်းက ထွက်သွားပေမယ့် အေဂျက်စ်က ဟန်မပျက်ဆက်လက်ချီတက်နေဆဲပဲ။ နယ်သာလန်လိဂ်မှာလည်း ထိပ်ဆုံးကရပ်တည်နေသလို၊ နေရိစ်၊ တာဒစ်၊ ပရိုမက်စ်၊ ဗန်ဒယ်ဘိခ်၊ ဇီယာ့ရှ်တို့လို ကစားသမားတွေနဲ့အတူ ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြဦးမယ်လို့ ယူဆရတယ်။ အိမ်ကွင်းမှာ လိုင်လီကို အနိုင်ကစားဖို့လည်း သိပ်မခက်ပါဘူး။

ဘင်ဖီကာ နှင့် လိုက်ပ်ဇစ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းကို ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်း ရဲ့ခြေစွမ်းက အားရစရာပါ။ ဒီရာသီ ဘွန်ဒစ်လီဂါမှာလည်း တောက်လျှောက်ခြေစွမ်းပြနေတာတွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ တီမိုဗာနာဂိုးတွေ သွင်းနေသလို၊ ဖော့စ်ဘတ်လည်း ဒီရာသီမှာ ခြေစွမ်းပြနေတယ်။ ဘင်ဖီကာအသင်းက ယာအိုဖီးလစ်ထွက် သွားလို့ အားနည်းသွားပြီး အားကောင်းတဲ့ဖြည့်တင်းမှုတွေလည်း မတွေ့ရဘူး။ ဘင်ဖီကာအသင်းရဲ့ ကွင်းဆိုပေမယ့် လိုက်ပ်ဇစ် ကိုကြိုက်တယ်။

ဒေါ့မွန် နှင့် ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဥရောပထိပ်တန်းအသင်းကြီးနှစ်သင်းဖြစ်ပြီး ဒီအုပ်စုမှာ အုပ်စုဗိုလ်နေရာအပြိုင်လုရမယ့်အသင်းတွေလည်းဖြစ်တယ်။ ဒီအုပ်စုမှာ ကွန်တီရဲ့ အင်တာမီလန်လည်းပါနေတဲ့အတွက် အုပ်စုကျပ်လို့ပြောလို့ရပြီး၊ ဒီ (၃)သင်းထဲက တစ်သင်းသင်းခြေချော်သွားနိုင်ပါတယ်။ ဒေါ့မွန်က ဒီရာသီမှာ အင်အားဖြည့်တင်းမှုကောင်းတွေပြုလုပ်ထားပြီး ခြေစွမ်းပိုင်းကလည်းအကောင်းဆုံးအနေအထားဖြစ်နေတယ်။ တိုက်စစ်ပိုင်းမှာ ဂိုးတွေသွင်းနေတဲ့ အယ်လ်ကာဆာကတော့ သူမအောင်မြင်ခဲ့တဲ့ ကလပ်အသင်းဟောင်းနဲ့ ပြန်ကစားရမှာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ဖို့ ကြိုးစားဦးမှာပါ။ လက်ရှိအနေအထားအရ ဘာစီလိုနာထက် ဒေါ့မွန်က ပိုအားကောင်းနေပြီး၊ ဆန်ချို၊ ဟာဇက်၊ အယ်လ်ကာဆာတို့ရဲ့ တိုက်စစ်က ဘာစီလိုနာခံစစ်ကိုဒုက္ခပေးနိုင်ပါတယ်။ ဘာစီလိုနာကတော့ မက်ဆီမကစားနိုင်မချင်း အားနည်းနေဦးမှာဖြစ်ပြီး ဖာတီ၊ ဆွာရက်ဇ်၊ ဂရီးဇ်မန်းတို့တိုက်စစ်က ဒေါ့မွန်ကွင်း မှာ ရုန်းကန်ရဖို့ များတယ်။ ဒေါ့မွန်ကို ကြိုက်တယ်။

နာပိုလီ နှင့် လီဗာပူးလ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်က ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာ ရုန်းကန်ခဲ့ရတယ်။ အခုဒီပွဲမှာလည်း ဥရောပရဲ့အသင်းကောင်းတစ်သင်းဖြစ်တဲ့ နာပိုလီနဲ့ ကစားရမှာဖြစ်လို့ အခက်အခဲရှိမှာပါ။ ရာသီကြိုတုန်းက နာပိုလီက (၃)ဂိုးပြတ်နိုင်ခဲ့ဖူးပေမယ့် ဒီပွဲကသီးခြားစီပါ။ (၁-၁)လောက်ဖြစ်လိမ့်မယ်။

ဆာလ်ဇ်ဘာ့ဂ် နှင့် KRC ဂျန့် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဆာလ်ဇ်ဘာ့ဂ်အသင်းက စိတ်ဝင်စားဖို့ကောင်းတဲ့အသင်းဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ဘယ်လောက်ပေါက်ကွဲပြနိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ သြစတြီးယားလိဂ်ရဲ့မန်စီးတီး၊ လီဗာပူးလ်လိုအသင်းမျိုးဖြစ်ပြီး ပြိုင်ဘက်မရှိအနေအထားမျိုးပါ။ မနှစ်က နာပိုလီအသင်းကို ယူရိုပါလိဂ်ကနေ ထွက်ခွာစေခဲ့ပြီး နာမည်ကြီးကစားသမားမရှိပေမယ့် အသင်းလိုက်ကစားပုံအရမ်းကောင်းတယ်။ ဒီပွဲလည်း ဆာလ်ဘာ့ဂ်ပဲ အလွယ်တကူ အနိုင်ရလိမ့်မယ်။

 


READ NEXT
Cancel OK