ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)ရဲ့ အဖွင့်ပွဲစဉ် (၂)ပွဲမှာတော့ အင်တာမီလန်အသင်းဟာ ဆန်စီရိုမှာ ချက်ကလပ် ဆလားဗီးယားပရက်ဂ်ကို (၁-၁)ဂိုးနဲ့သရေကျခဲ့သလို၊ လိုင်ယွန်အသင်းကလည်း ပြင်သစ်မြေမှာ ဇင်းနစ်အသင်းကို (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)ရဲ့ အဖွင့်ပွဲစဉ် (၂)ပွဲမှာတော့ အင်တာမီလန်အသင်းဟာ ဆန်စီရိုမှာ ချက်ကလပ် ဆလားဗီးယားပရက်ဂ်ကို (၁-၁)ဂိုးနဲ့သရေကျခဲ့သလို၊ လိုင်ယွန်အသင်းကလည်း ပြင်သစ်မြေမှာ ဇင်းနစ်အသင်းကို (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ဒီရာသီ စီးရီးအေပွဲစဉ် (၃)အပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အင်တာမီလန်အသင်းနည်းပြ ကွန်တီအနေနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာတော့ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပြီး ဘာစီလိုနာ၊ ဒေါ့မွန်တို့လိုပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာကြောင့် ဖိအားများသွားခဲ့တာတော့ အမှန်ပါပဲ။
အိမ်ကွင်းအဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့အတွက် လော်တာရိုမာတီနက်ဇ်၊ လူကာကူ၊ ဆန်စီ၊ ဒီဗရိုင်း၊ ရှာကရီညာ၊ ကန်ဒရီဗာတို့နဲ့ အင်တာမီလန်လူစုံခဲ့ပေမယ့် အနိုင်ရလဒ်အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ပြည်တွင်းကစားသမားတွေကို အမာခံထားဖွဲ့စည်းထားတဲ့ ဆလားဗီးယားပရက်ဂ်အသင်းဟာ အဝေးကွင်းဖြစ်ပေမယ့် အင်တာမီလန်ကိုရှိန်မနေဘဲ မာမာထန်ထန်တုံ့ပြန်သွားခဲ့တာပါ။ ပွဲစကတည်းက အင်တာမီလန်အသင်း ကစားကွက်စီးဖို့ကြိုးစားခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုမှာ လိုအပ်ချက်တွေရှိနေတာကြောင့် ဘောလုံးက အပျက်များနေခဲ့ပါတယ်။
ဆလားဗီးယားပရက်ဂ်အသင်းက ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်ကနေ အင်တာမီလန်အသင်းကို ဖိအားပေးဖို့ကြိုးစားခဲ့တာပါ။ ပထမပိုင်းကတော့ နှစ်သင်းစလုံးထိန်းကစားနေတာကြောင့် ပျင်းစရာကောင်းခဲ့ပြီး ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အင်တာမီလန်အသင်းဂိုးရဖို့အားထုတ်လာခဲ့လို့ ပွဲကအနည်းငယ်သွက်လာခဲ့ပါတယ်။
ပွဲရဲ့အရှိန်ကိုမြင့်စေတာက ပွဲချိန် (၆၃)မိနစ်မှာ အိုလာရင်ကာက ဆလားဗီးယားပရက်ဂ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူလိုက်တာပါပဲ။ အုပ်စုတွင်းအားအနည်းဆုံးအသင်း ဆလားဗီးယားပရက်ဂ်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရလို့ အင်တာမီလန်တို့ ချေပဂိုးအတွက်ကြိုးစားလာခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပါတယ်။
ဒါပေမဲ့ ဆလားဗီးယားပရက်ဂ်အသင်းရဲ့ခံစစ်ကလည်း အင်တာမီလန်တိုက်စစ်ကိုအကောင်းဆုံးကြံ့ကြံ့ခံနိုင်ခဲ့လို့ မိနစ် (၉၀)ပြည့်တဲ့အထိ အင်တာမီလန်တို့ဂိုးမရခဲ့ပါဘူး။
ဒီရလဒ်အတိုင်းပွဲပြီးဖို့နီးစပ်ခဲ့ပေမယ့် အင်တာမီလန်အသင်းအတွက် ကံကောင်းခဲ့တာက နာကျင်အချိန်ပို (၂)မိနစ်မှာ ဆန်စီရဲ့ပြစ်ဒဏ်ဘောကန်ချက် ဘားတန်းထိထွက်ခဲ့တာကို လူစားဝင်ကစားသမားဘာရယ်လာက ချေပဂိုး သွင်းယူပေးခဲ့တာပါ။
နောက်ထပ်ပွဲစဉ်မှာတော့ လိုင်ယွန်အသင်းဟာ အိမ်ကွင်းမှာ ဇင်းနစ်အသင်းကို ဒီပိုင်းရဲ့ပယ်နယ်တီချေပဂိုးကြောင့်သာ သရေသာကစားနိုင်ခဲ့ပါတယ်။
အိမ်ရှင်အသင်းဖြစ်တဲ့ လိုင်ယွန်အသင်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဇင်းနစ်အသင်းရဲ့မာထန်တဲ့တုံ့ပြန်မှုတွေကြောင့် ဂိုးရဖို့ခက်ခဲ့ပါတယ်။
ဇင်းနစ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၄၁)မိနစ်မှာ အက်ဇ်မိုနန်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာတော့ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လိုင်ယွန်အသင်း ချေပဂိုးအတွက် ကြိုးစားလာခဲ့သလို၊ ဇင်းနစ်အသင်းကလည်း ဂိုးမပေးရဖို့အားစိုက်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ရှိလာခဲ့ပါတယ်။
ပွဲချိန် (၅၁)မိနစ်မှာတော့ လိုင်ယွန်အသင်းချေပဂိုးရခဲ့ပြီး ဒီပိုင်းက ပယ်နယ်တီကနေ အမှားအယွင်းမရှိကန်သွင်းယူခဲ့တာပါ။
လက်ကျန်ပွဲချိန်မှာ နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ နှစ်ဖက်ဂိုးသမားတွေ လက်စွမ်းပြခဲ့တာကြောင့် (၁-၁)ဂိုးနဲ့ပဲပွဲပြီးဆုံးသွားခဲ့ပါတယ်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်