Top News

မြန်မာ့လက်ရွေးစင်အသင်း FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နိမ့်ကျသွားသောကြောင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်တွင် Pot-3 သို ့ရောက်ရှိ
24htopnews | October 27, 2024 12:12 AM CST

  မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ ့ချုပ်(FIFA) က နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နိမ့်ကျသွားသောကြောင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွွဲရန် ဆီဒင်သတ်မှတ်ချက်တွင်လည်း Pot-3 သို ့ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

        မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ ့ချုပ်(FIFA) က ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွက် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁၅၂ နေရာသို ့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာအတွက် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁၄၈ နေရာ၌ ရပ်တည်နေခဲ့သော်လည်း ဒီဇင်ဘာတွင်မူ  အဆင့် ၃ ဆင့်အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မူလက ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်တွင် Pot-2 ၌ ရပ်တည် နေခဲ့သော်လည်း ယခုအခါ ကမ္ဘာ့အဆင့် သတ်မှတ်ချက် လျော့ကျသွားခဲ့သောကြောင့် Pot-3 သို ့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် အိမ်ရှင်နိုင်ငံ ခြောက်နိုင်ငံရွေးချယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

AFC သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို စုစုပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လေးသင်း ခြောက်အုပ်စု ပါဝင်မည်ဖြစ်သည်။

ခြေစစ်ပွဲ ကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးအသင်းများနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ငါးသင်း၊ စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

AFC သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို Centralised Venues ပုံစံဖြင့် တစ်ကျော့သာ ကျင်းပမည်ဖြစ်သည်။

AFC သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဇွန် ၈၊ ၁၁၊ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

AFC သည် အုပ်စုမဲခွဲရန်အတွက် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်ထားပြီး ဆီဒင်သတ်မှတ်ချက်အရ Pot-1 တွင် ဥဇဘက်ကစ္စတန်၊ ဘာရိန်း၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ Pot-2 တွင် တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကူဝိတ်၊ ဟောင်ကောင်၊ Pot-3  တွင် မြန်မာ၊ ယီမင်၊ အာဖဂန်နစ္စတန်၊ မလေးရှား၊ မော်လ်ဒိုက်၊ စင်ကာပူ၊ Pot-4  တွင် နီပေါ၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။

၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အပါအဝင်အသင်း ၁၃ သင်း ဝင်ခွင့်ရရှိထားပြီးဖြစ်သည်။


READ NEXT
Cancel OK