Top News

ပဥ္စမမြောက် ရာထူးသက်တမ်းအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာ ကျမ်းသစ္စာ ကျိန်ဆို
24htopnews | October 26, 2024 11:12 PM CST

အတိုက်အခံများက သပိတ်မှောက်ခဲ့သည့် ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာသည် ဇန်နဝါရီ ၁၁ ရက်က ၎င်း၏ ပဥ္စမမြောက် ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၏ အာဏာရ အာဝါမီ Awami အဖွဲ့ချုပ်ပါတီသည် ရွေးကောက် ပွဲတွင် ပါလီမန်အမတ်နေရာ လေးပုံသုံးပုံနီး ပါး အနိုင်ရရှိခဲ့ကာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီ နာက ပဥ္စမမြောက် ရာထူးသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်း၏မဟာမိတ် ပါတီများနှင့် ၎င်းတို့နှင့် ဆက်ဆံ ရေးကောင်းမွန်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကလည်း ကျန်ရှိသည့် အ မတ်နေရာ အားလုံးနီးပါးကို အနိုင်ရခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အုပ်ချုပ်မှုသက်တမ်းကို ထပ်မံဆွဲဆန့်ပေးခဲ့သော ပြီး ခဲ့သည့် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် လွတ်လပ်မျှတမှုမရှိကြောင်း အမေရိ ကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ပြော ကြားထားသည်။

တရုတ်၏သြဇာ ကြီးထွားလာစဉ် ဘင်္ဂလားဒေ့ရှ်သည် အိမ်နီးချင်း အိန္ဒိယကဲ့သို့ပင် အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်၏ အရေးပါသော မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

သို့သော် ဒေသတွင်း အင်အားကြီးနိုင်ငံ များဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့က ဟာ ဆီနာ၏ အနိုင်ရလဒ်ကို ဂုဏ်ပြုခဲ့သည်။

လူဦးရေ သန်း ၁၇၀ ခန့် နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ် တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေး ကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်အမတ်များ ကို တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများကို လွှတ်တော်မဲဆန္ဒနယ် ၃၀၀ တွင် ကျင်းပခဲ့သည်။

အတိုက်အခံ BNP ပါတီက အထွေထွေ သပိတ်ပြုလုပ်ရန် ဆော်သြတိုက်တွန်းခဲ့ပြီး အတုအယောင် ရွေးကောက်ပွဲဟုဆိုကာ ဒါ ဇင်နှင့်ချီသည့် အခြားပါတီများနှင့်အတူ ဇန်န ၀ါရီ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းမရှိပေ။ BNP ပါတီ၏ ထိပ်ပိုင်းတာဝန် ရှိသူများ အပါအဝင် ပါတီဝင်အများအပြား ဖမ်းဆီးခံရခြင်းကြောင့် ၎င်းင်းပါတီသည် အင် အားချည့်နဲ့နေသည်။

ဝန်ကြီးချုပ်ဟာဆီနာနှင့် ၎င်း၏အစိုးရ အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ဒေသစံတော် ချိန် ည ၇ နာရီတွင် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းဝန် မာဘူ ဟော့စိန်က ပြောကြားခဲ့သည်။

ယခင်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် ဝန်ကြီး ၁၅ ဦးခန့်ကို ချန်လှပ်ခဲ့သော်လည်း အဆင့်အမြင့်ဆုံး ဝန်ကြီးများကမူ ၎င်းင်းတို့၏ ရာထူးနေရာကို ဆက်လက်ထိန်းထားနိုင်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်ခဲ့သည့် ၀ါရင့်သံတမန်တစ်ဦးဖြစ် သူ အေကေ အဗ္ဗဒူမိုမန်ကိုမူ နိုင်ငံခြားရေး ဝန်ကြီးရာထူးအတွက် ချန်လှပ်ခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း မကြာခဏ နာမကျန်းဖြစ်ခဲ့သည့် ဘဏ္ဍာရေးဝန်ကြီး အေ အိတ်ချ်အမ် မူစတာဖာကာမယ်သည်လည်း ရာထူးမှထွက်ခွာမည်ဖြစ်ကာ ၎င်းင်း၏နေရာကို နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အစားထိုး မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟာဆီနာသည် အဓိကဝန် ကြီးဌာနများဖြစ်သည့် ကာကွယ်ရေးနှင့် စွမ်း အင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်သည်။

ဟာဆီနာသည် တစ်ချိန်က ဆင်းရဲချွတ် ခြုံကျခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေး ကို တစ်ဟုန်ထိုး တိုးတက်လာအောင် ကြီးကြပ် စီမံခဲ့သော်လည်း ၎င်းင်း၏အစိုးရသည် လူ့အ ခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့် ပြန့် ကျူးလွန်ကာ အတိုက်အခံများအပေါ် အညှာအတာမဲ့စွာ ဖြိုခွင်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် လာ ရောက်မဲပေးသူဦးရေမှာ ၄၁ ဒသမ ၈ ရာခိုင် နှုန်းသာရှိခဲ့ကြောင်း သိရသည်။         Ref: AFP


READ NEXT
Cancel OK