နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင် ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ နစက ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့်အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍသည် အ လွန်ကျယ်ပြန့်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းနိုင်ငံအလိုက်ပူး ပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များ အချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများမှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲချုပ်က အာဆီယံရဲအဖွဲ့ညီလာခံများ ကျင်းပခဲ့မှု၊ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကျင်းပခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က နိုင်ငံအလိုက်တစ်ဦးချင်းမိတ်ဆက်ပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကျင်းပနေသည့်ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအချင်းချင်း လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များတွင် ပူးပေါင်းတား ဆီးနှိမ်နင်းရေးဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပြီး (၄၂)ကြိမ် မြောက်အာဆီယံရဲအဖွဲ့ညီလာခံသို့တက် ရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာ ရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ တက်ရောက်ကြောင်း သိရသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ