အိမ်အကူမိန်းကလေးကို မျက်လုံးတစ်လုံးနှင့် မျက်နှာတစ်ခြမ်း ပျက်စီးစေသည်အထိ အက်စစ်ဖြင့်လောင်းခဲ့သော အိမ်ရှင်အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ချမ်းမြသာစည်မြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။
“မနန်းမေဇင်ဦးကို အက်စစ်နဲ့ပက် လောင်းစေမှုအတွက် မနီနီနုနွယ်ကို အပြင်း အထန်နာကျင်စေမှုရယ်၊ ပိတ်လှောင်မှုရယ် ပုဒ်မနှစ်ခုနဲ့စွဲဆိုထားတာပါ။ ယောက္ခမဖြစ်သူ ဒေါ်မိုးမိုးနဲ့ သူ့အမျိုးသားကိုတော့ ပိတ်လှောင်မှုကို အားပေးကူညီတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ စွဲတင်ခဲ့တာပါ။ စစ်ဆေးတွေ့ရှိချက်တွေအရ မနီနီနုနွယ်ကိုတော့ အပြင်းအထန်နာကျင်စေမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့တာပါ။ နောက်တစ်ခုဖြစ်တဲ့ ပိတ်လှောင်မှုနဲ့ပတ်သက်ပြီး အပြစ်မရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ယောက္ခမဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူကို စွဲဆိုထားတဲ့ပိတ်လှောင်ခြင်းကို အားပေးကူညီမှုကလည်း မမြောက်တာကြောင့် သူတို့လည်း လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ မနီနီနုနွယ်နဲ့ ယောက္ခမဖြစ်သူ ဒေါ်မိုးမိုးကတော့ မန္တလေးခရိုင်တရားရုံးမှာ လူကုန်ကူးမှုနဲ့ စွဲဆိုခံနေရတာကြောင့် အချုပ်နဲ့ပဲ အမှုကိုဆက်လက် ရင်ဆိုင်နေကြပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားသူကြီး ဦးကျော်စွာလင်းက အမှုအမိန့်ချမှုနှင့်ပတ်သက်ပြီး ပြောကြားသည်။
အက်စစ်ဖြင့်ပက်ခံခဲ့ရခြင်းကြောင့် မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ရသည့် အိမ်အကူမိန်းကလေးကို ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ခဲ့သည်ဟုဆိုကာ မနီနီနုနွယ်နှင့် ဒေါ်မိုမိုးတို့အား ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂အရ အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လဆန်းပိုင်း ကမန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆိုခဲ့ရာ နိုဝင်ဘာ ၁၉ ရက်တွင် စွဲချက်တင်မိန့်ချမှတ်ခဲ့ပြီး ပြန်ခေါ်သက်သေများအား စစ်ဆေးနေသည်ဟု သိရသည်။
၂၀၀၈ ခုနှစ်ခန့်က ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တစ်လတစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုး မိုးကုန်စုံဆိုင်ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရကာ ထိုသို့အလုပ်လုပ်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သင်္ကြန်လည်ခဲ့ကြောင်း သိရသည်။
ထိုသို့သင်္ကြန်လည်စဉ် မနီနီနုနွယ်၏ သူငယ်ချင်းဆိုသူ ဟိန်းကိုကိုက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်က သူမကို ရိုင်းပျစွာဆက်ဆံလာခဲ့ ပြီး ၂၀၁၀ ခုနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်တွင် သူမရေချိုးနေစဉ်မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ခဲ့ရာ ဝဲဘက်မျက်နှာတစ်ခြမ်းပျက်စီးပြီး ဝဲဘက်မျက်လုံးကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့အက်စစ်ဖြင့် လောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း သိရပြီး ဖခင်ဖြစ်သူ ရောက်လာချိန်၌ ရပ်ကွက်ရုံးသို့ခေါ်ဆောင်ကာ ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို ငွေကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ငွေကျပ်နှစ်သိန်းတစ်ကြိမ်ပေးခဲ့ကြောင်း၊ အဆိုပါအက်ဆစ်ဖြင့် ပက်ခဲ့သည့် ဒဏ်ရာများကြောင့် အခန်းတွင်း ပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့သည်ဟု သိရသည်။
အက်စစ်ဖြင့်ပက်ခံရသည့် ဒဏ်ရာများ ရရှိကတည်းက အိပ်ခန်းထဲပိတ်လှောင်ထားသည်မှာ လေးနှစ်ခန့်ကြာမြင်ခဲ့ပြီး ရေချိုးချိန်လောက်သာ အပြင်ထုတ်ပေးခဲ့ကာ ဒဏ်ရာများ သက်သာတော့မှသာ အိမ်ထဲတွင်ပင် နေထိုင်သွားလာခွင့်ရပြီး အိမ်အလုပ်များ လုပ်ပေးခဲ့ရကြောင်း၊ စုစုပေါင်း ရှစ်နှစ်ခန့်ရှိပြီဖြစ်ကာ အိမ်ကထွက်လာခဲ့သည်မှာ ၁၄ နှစ်အရွယ်သာရှိခဲ့ပြီး အက်စစ်ဖြင့် ပက်ခံရသည့် ဒဏ်ရာများကြောင့် မျက်လုံးတစ်ဖက်ကွယ်လွန်ခဲ့ကာ ခန္ဓာကိုယ်တစ်ခြမ်းလုံး အက်စစ် ပက်ထားသည့် ဒဏ်ရာများ ခံစားခဲ့ရပြီး ဆေးကုသမှုကို တစ်နှစ်ကျော်ကြာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မနန်းမေဇင်ဦးသည် ၎င်းတို့အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာ အဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
-
အာဖရိကအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ တွင် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည်
-
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲကို နာမည်ကြီးတိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်
-
ဆော်ဒီပရိုလိဂ်တွင် မပျော်ရွှင်သဖြင့် အသင်းပြန်ပြောင်းရန် နေမာ ကြိုးစားနေသည်ဆိုခြင်းကို အေးဂျင့်ဖြစ်သူ ငြင်းဆန်ပယ်ချ
-
ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ဆက်လက်ပိတ်ပင်ထားရန် FIFA နှင့် UEFA တို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုရှားမပါဝင်
-
မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက် အထပ်မြင့်တိုက် လှေကားခွင်တွင် ကိုယ်ဝန်ဆောင် မိန်းကလေးကို သတ်ခဲ့သူအား နေ့တွင်းချင်း ဖမ်းဆီးရမိ