Top News

■ ပြင်သစ်လီဂူးပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
24htopnews | October 26, 2024 1:12 PM CST

အန်ဂါစ် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၉:၃၀ နာရီ)

အန်ဂါစ်က ဒီရာသီလီဂူးမှာ နိုင်ပွဲမရသေးဘူး။ ဒါပေမဲ့ ကစားပုံကတော့ ဆိုးရွားနေတာမျိုးမဟုတ်ပါဘူး။ အိမ်ကွင်းမှာ နိုင်ပွဲရှာဖို့ကြိုးစားမယ့် အန်ဂါစ်ကို ကြိုက်တယ်။



Reims - ဘရက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၁၁:၃၀ နာရီ)

Reims က အိမ်ကွင်းမာဂုဏ်မြင့်ပြီး တိုက်စစ်ကစားပုံလည်း အားရစရာကောင်းတယ်။ ဘရက်စ်က အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ Reims ကို ရွေးချယ်ချင်တယ်။



လန်းစ် - လိုင်လီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁:၃၀ နာရီ)

လန်းစ်က လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးဘူး။ သူတို့ရဲ့ ခံစစ်ကစားပုံက မာကျောပြီး ကျစ်လစ်တဲ့ စုဖွဲ့မှုလည်း ရှိတယ်။ လိုင်လီကလည်း ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနေတယ်။ ဒါပေမဲ့ လန်းစ်ကွင်းမှာတော့ လိုင်လီ အလွန်ဆုံး သရေလောက်ပဲရမယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။


READ NEXT
Cancel OK