၂၀၁၉-၂၀ ရာသီအတွက် လာလီဂါ၏ တစ်ရာသီစာလက်မှတ်ရောင်းချရမှုမှာ စံချိန်သစ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၂၀)၏ တစ်ရာသီစာလက်မှတ် ရောင်းချရမှုစုစုပေါင်းမှာ (၆)သိန်းကျော်ရှိခဲ့ကြောင်း သိရှိရသည်။
၂၀၁၉-၂၀ ရာသီအတွက် လာလီဂါ၏ တစ်ရာသီစာလက်မှတ်ရောင်းချရမှုမှာ စံချိန်သစ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၂၀)၏ တစ်ရာသီစာလက်မှတ် ရောင်းချရမှုစုစုပေါင်းမှာ (၆)သိန်းကျော်ရှိခဲ့ကြောင်း သိရှိရသည်။
လာလီဂါ၏ တစ်ရာသီစာလက်မှတ် ရောင်းချရမှုမှာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက (၅၉၅၈၄၄)စောင်ရှိခဲ့ပြီး ယခု ၂၀၁၉-၂၀ ရာသီတွင် (၆၁၀၇၅၁)စောင်ဖြင့် စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တစ်ရာသီစာလက်မှတ်ရောင်းချရမှု (၆)သိန်းကျော်ခဲ့ခြင်းမှာ လာလီဂါအနေဖြင့် မှတ်တိုင်သစ်စိုက်ထူနိုင်ခြင်းဖြစ်သည်ဟုလည်း Marca သတင်းစာက ဖော်ပြခဲ့သည်။
လာလီဂါပြိုင်ပွဲဝင်အသင်း(၂၀)၏ ထက်ဝက်ပမာဏဖြစ်သော အသင်း(၁၀)သင်း၏ တစ်ရာသီစာလက်မှတ်ရောင်းချရမှုမှာ ပြီးခဲ့သည့်ရာသီကထက် မြင့်တက်ခဲ့သလို၊ အလာဗတ်စ်၊ ဂီတာဖေး၊ လီဗန်တေးနှင့် ဆိုစီဒက်တို့မှာ သမိုင်းတစ်လျှောက် စံချိန်သစ် ဖြစ်သည်အထိ ရောင်းချခဲ့ရခြင်းကြောင့်လည်း (၆)သိန်းကျော်အမှတ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်ရာသီကထက် တစ်ရာသီစာလက်မှတ်ရောင်းချရမှု လျော့ကျခဲ့သည့်အသင်း (၃)သင်းသာရှိခဲ့ပြီး အက်စ်ပန်ညို၊ ဗယ်လာဒိုလစ်နှင့် အိုဆာဆူနာတို့ဖြစ်သည်။
သို့သော် အိုဆာဆူနာအသင်းသည် ကွင်းပြင်ဆင်မှုပြုလုပ်နေသည့်အတွက် တစ်ရာသီစာလက်မှတ်ကို လျှော့၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာ၊ ရီးယဲလ်၊ ဆီဗီလာ၊ ဗလင်စီယာ၊ ဗီလာရီးယဲလ်၊ ဘက်တစ်နှင့် လီဟာနက်စ်အသင်းတို့မှာ ပြီးခဲ့သည့်ရာသီကအတိုင်း တစ်ရာသီစာလက်မှတ်များကို ကုန်စင်အောင် ရောင်းချခဲ့ရကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာအသင်းက တစ်ရာသီစာ လက်မှတ်အများဆုံးရောင်းချရသည့်အသင်း အဖြစ် (၈၅ဝဝဝ)ဖြင့် ဦးဆောင်ခဲ့ပြီး ရီးယဲလ်က ဒုတိယ၊ အက်သလက်တီကိုက တတိယနေရာတွင် ရပ်တည်ခဲ့သည်။
■ လာလီဂါအသင်းများ၏ တစ်ရာသီစာလက်မှတ်ရောင်းချရမှု
အသင်း လက်မှတ်စောင်ရေ
ဘာစီလိုနာ ၈၅ဝဝဝ
ရီးယဲလ် ၆၁ဝဝဝ
အက်သလက်တီကို ၅၇၈၁၃
ဘက်တစ် ၅၀၃၇၃
ဘီလ်ဘာအို ၄၅၀၇၁
ဆီဗီလာ ၄၄၁၇၇
ဗလင်စီယာ ၄ဝဝဝဝ
ဆိုစီဒက် ၃၂ဝဝဝ
ဆယ်လ်တာဗီဂို ၂၂၅ဝဝ
အက်စ်ပန်ညို ၂၂ဝဝဝ
လီဗန်တေး ၂၂ဝဝဝ
ဗီလာရီးယဲလ် ၁၉ဝဝဝ
ဗယ်လာဒိုလစ် ၁၈၈၄၁
အလာဗတ်စ် ၁၇၆၀၃
မာယော့ကာ ၁၆၁၂၅
အိုဆာဆူနာ ၁၅၄၉၈
ဂရန်နာဒါ ၁၃ဝဝဝ
ဂီတာဖေး ၁၂၈၅၀
လီဟာနက်စ် ၁၀၃ဝဝ
အီဘာ ၅၆ဝဝ
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား