နောဝစ်ချ် နှင့် ချယ်လ်ဆီး (စနေည ၆းဝ၀ နာရီ)
ဒီပွဲမှာ နိုင်ပွဲစပြီးမရှာနိုင်ရင် လမ်းပတ်အတွက် ဖိအားတွေဝင်လာလိမ့်မယ်။ ရာထူးအတွက် ဖိအားဆိုတာထက် လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှု လျော့လာနိုင်တယ်။ ဒီပွဲပြီးရင် နောက်ကစားရမယ့် (၃)ပွဲက ရှက်ဖီး၊ ဝုလ်ဗ်၊ လီဗာပူးလ်တို့ဖြစ်ပြီး ချယ်လ်ဆီးအတွက် ခက်ခဲဦးမှာပါ။ ပွတ်ကီဦးဆောင်တဲ့တိုက်စစ်က ကောင်းသလို၊ အိမ်ကွင်းမှာလည်း မာကျောတဲ့ အသင်းအဖြစ် နောဝစ်ချ်ကို မြင်နိုင်တယ်။ ချယ်လ်ဆီး ကပ်နိုင်ဖို့တော့ ရှိပါတယ်။
ဘရိုက်တန် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)
ဆောက်သမ်တန်ရဲ့ကစားပုံက လက်ရှိရလဒ်၊ ရပ်တည်မှုတွေနဲ့ ကြည့်ရင် မတန်ပါဘူး။ လီဗာပူးလ်ကို ခြေရည်တူကစားခဲ့သလို၊ ဘန်လေကိုလည်း စိတ်ကြိုက်ထိုးဖောက်နေရင်း ဂိုးပြတ်ရှုံးခဲ့တယ်။ ပြဿနာက ခံစစ်မှာရှိပြီး မပြေလည်သေးရင် ထပ်ပြီး ဒုက္ခရောက်ပါဦးမယ်။ ဘရိုက်တန်က မာကျောတဲ့အသင်းဖြစ်ပြီး သူတို့ကွင်းမှာ အလဲထိုးဖို့လည်းခက်ခဲပါတယ်။ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။
မန်ယူ နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
မန်ယူက အဖွင့်ပွဲမှာ (၃)မှတ်ရခဲ့ပေမယ့်၊ ဝုလ်ဗ်နဲ့ပွဲမှာတော့ သရေကျခဲ့တယ်။ ဒါပေမဲ့ (၆)မှတ်ရထားပြီးဖြစ်နေသင့်တဲ့ ခြေစွမ်းကို ပြခဲ့ပါတယ်။ ဒီအသင်းမှာ ယုံကြည်မှုရှိပြီး၊ လွတ်လပ်တဲ့ကစားပုံကိုလည်း မြင်လာရတယ်။ တိုက်စစ်ပိုင်းရဲဲ့အမြန်နှုန်းကလည်း အားရစရာကောင်းပါတယ်။ ပဲလေ့စ်မှာ ပြဿနာတွေအများကြီးရှိနေပါတယ်။ မန်ယူအတွက် (၃)မှတ်ယူဖို့ မခက်တဲ့ပွဲပါ။
ရှက်ဖီးယူနိုက်တက် နှင့် လက်စတာ (စနေည ၈း၃၀ နာရီ)
တန်းတက်အသင်းတစ်သင်းအနေနဲ့ ရှက်ဖီးယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က ကျေနပ်စရာပါ။ (၄)မှတ်ယူထားပြီး ပြီးခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တယ်။ လက်စတာကတော့ ဝုလ်ဗ်နဲ့ပွဲရော၊ ချယ်လ်ဆီးနဲ့ပွဲမှာပါ တည်ငြိမ်မှုရှိရှိကစားနိုင်ခဲ့တာကို ပြခဲ့တယ်။ (၂)ပွဲမှာ (၂)မှတ်ပဲရသေးသလို၊ ရှေ့လာမယ့် (၃)ပွဲမှာ (၂)ပွဲက မန်ယူ၊ စပါးတို့နဲ့ ကစားရမှာပါ။ ဒီပွဲမှာတော့ လက်စတာ နိုင်ပွဲစယူလိမ့်မယ်။
ဝက်ဖို့ဒ် နှင့် ဝက်စ်ဟမ်း (စနေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်လည်း ရှုံးပွဲဆက်နေတယ်။ တိုက်စစ်ပိုင်းက တော်တော်လေးကို အလုပ် မဖြစ်တာတော့ သိသာတယ်။ ကွင်းလယ်ကလည်း စုစည်းမှုကောင်းပေမယ့် တိုက်စစ်မှာ အခွင့်အရေးဖန်တီးမှုတွေ အားနည်းနေတာကို တွေ့ရတယ်။ ဝက်စ်ဟမ်းကတော့ အထင်ကြီးထားသလောက် ကစားပုံသိပ်မစွံသေးပါဘူး။ လျော့တိလျော့ရဲနဲ့ ခံစစ်ပိုင်းကလည်း အားနည်းချက်တွေရှိတယ်။ ဝက်ဖို့ဒ် အမှတ်စယူနိုင်ဖို့ သေချာတယ်။ နိုင်ဖို့လည်းရှိတယ်။
လီဗာပူးလ် နှင့် အာဆင်နယ် (စနေည ၁၁းဝ၀ နာရီ)
လီဗာပူးလ်ကွင်းမှာ အာဆင်နယ်က သိပ်အခက်အခဲမရှိတဲ့ ပြိုင်ဘက်ဖြစ်ခဲ့တယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင်လည်း အာဆင်နယ်က အသင်းကြီးအချင်းချင်းဆိုတဲ့အနေအထားမှာတောင် လီဗာပူးလ်ကို ယှဉ်နိုင်တဲ့ အနေအထားမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီရာသီက အရင်နှစ်တွေထက် ပိုပြီး ထူးခြားမှာသေချာပါတယ်။ ပိုပြီး အကြိတ်အနယ်ရှိလိမ့်မယ်။ အာဆင်နယ်ရဲ့ ကစားသမားအင်အားက သိသိသာသာတောင့်တင်းလာတာမျိုးမဟုတ်ပေမယ့် လူဖြည့်ခဲ့တာတွေက အားနည်းတဲ့ နေရာတွေဖြစ်တယ်။ ဒီပုံစံက အရင်လီဗာပူးလ်အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုဆိုတဲ့ ပုံစံမျိုးလို့လည်း ပြောလို့ရတယ်။ အခုအချိန်အထိ လီဗာပူးလ်က ပိုကောင်းနေဆဲဖြစ်သလို၊ အဆင့်မြင့်တဲ့ကစားပုံကို ပြသနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ်မရှိဘူး။ ဒါပေမဲ့ လီဗာပူးလ်အတွက် အရင်ထက်ပိုခက်ခဲနိုင်တာက အာဆင်နယ်တိုက်စစ်ရဲ့ အမြန်နှုန်းပါ။ လီဗာပူးလ်လိုပဲ ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့ ကစားပုံလည်းဖြစ်တယ်။ လီဗာပူးလ် နိုင်ပွဲယူပါဦးမယ်။ ဂိုးတော့မပြတ်နိုင်ဘူး။
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား