၂၀၃၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန် စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ရည်မှန်း
24htopnews | October 26, 2024 9:12 AM CST
FAS ဒုဥက္ကဋ္ဌ အက်ဒ်ဝင်းတန်က လာမည့် (၁၅) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် ရည်မှန်းထားကြောင်းပြောကြားခဲ့သည်။
စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS)သည် လာမည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ရန်ရည်မှန်းနေကြောင်း သိရသည်။
FAS ဒုဥက္ကဋ္ဌ အက်ဒ်ဝင်းတန်က လာမည့် (၁၅) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် ရည်မှန်းထားကြောင်းပြောကြားခဲ့သည်။
အက်ဒ်ဝင်းတန်က "၂၀၃၄ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲအသင်း (၄၈) သင်းရှိမှာဆိုတော့ အာရှက (၈) နေရာရမှာပါ။ ဒါကြောင့် ၂၀၃၄ မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တော့ မဟုတ်ပါဘူး"ဟု The Straits Times သတင်းစာနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
READ NEXT
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ