တောင်ကိုရီးယား၊ အီရန်နှင့် တရုတ် ဆေးရုံများနှင့် အကျဉ်းထောင်များတွင် ဗိုင်း ရပ်စ်ပိုးအသစ် ကူးစက်ပျံ့နှံ့နေမှုက လူ ပေါင်း ၂,၂၀၀ ကို သေဆုံးစေခဲ့ပြီးဖြစ်သည့် သေစေနိုင်သည့်ရောဂါပိုးပျံ့နှံ့မှုအပေါ် စိုး ရိမ်မှုများကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြန်လည်မြင့်တက်လာစေခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကို ပြင်း ပြင်းထန်ထန် တိုက်ဖျက်ရန် ပျက်ကွက်ခဲ့ပါ က နိုင်ငံများအနေဖြင့် ပြင်းထန်သည့် ပြဿ နာများကို ရင်ဆိုင်ရနိုင်သည်ဟု သတိပေး လာခဲ့သည်။ အဆိုပါရောဂါပိုးသည် ယခုအ ခါ တရုတ်နိုင်ငံတွင် လူပေါင်း ၇၅,၀၀၀ ကျော်ကို ကူးစက်ခဲ့ပြီး ပြည်ပတွင် လူပေါင်း ၁,၁၀၀ ကို ကူးစက်ခဲ့ပြီဖြစ်သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် လူပေါင်း ၁၁၈ ဦး ထပ်မံ သေဆုံးကြောင်း တရုတ်နိုင်ငံ က ထုတ်ပြန်ခဲ့ရာ သေဆုံးသူအရေအတွက် မှာ ၂,၂၃၆ ဦး ရှိသွားပြီဖြစ်ပြီး အများစုမှာ ဟူပေပြည်နယ်မှ ဖြစ်သည်။
အမျိုးသားကျန်းမာရေးကော်မရှင်က လူပေါင်း ၈၈၉ ဦး ထပ်မံကူးစက်ခံရကြောင်း လည်း ထုတ်ပြန်ခဲ့ရာ ယင်းအရေအတွက်မှာ ယခင်နေ့များကထက် ပို၍တက်လာကြောင်း သိရသည်။
ယင်းတို့အနက် ၂၅၈ ဦးမှာ ဟူပေ ပြည် နယ်အပြင်ဘက်မှဖြစ်ပြီး နိုင်ငံ၏ကျန် အစိတ်အပိုင်းများ၌ ရောဂါထပ်မံကူးစက်မှု ၁၆ ရက်တာ ကျဆင်းမှုသည်လည်း အဆုံးသတ် သွားခဲ့ပြီဖြစ်သည်။
ရောဂါထပ်မံကူးစက်မှုအတွက် ထင် ရှားသော နေရာအသစ်များ ပေါ်ထွက်လာ ခဲ့ရာ ယင်းတို့မှာ အကျဉ်းထောင်များနှင့် ဆေးရုံများဖြစ်သည်။
အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ ရန်ချန်း အကျဉ်းထောင်တွင် လုံခြုံရေး ခုနစ်ဦးနှင့် အကျဉ်းသား ၂၀၀ တို့ ရောဂါကူးစက်ခံ ရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အရာရှိ ရှစ်ဦး အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
ဝူဟန်အမျိုးသမီးအကျဉ်းထောင်တွင် ရောဂါကူးစက်ခံရသူ ၂၃၀ ဦး ရှိပြီး ထောင် မှူး အလုပ်ထုတ်ခံရကြောင်း ဟူပေပြည် နယ်မှ အစိုးရသတင်းစာက ဖော်ပြသည်။ ရှာ ယန်းခရိုင်ရှိ အခြားအကျဉ်းထောင်တစ်ခု၌ လည်း ကူးစက်ခံရသူ ၄၁ ဦး ရှိသည်။
အရှေ့ပိုင်း ချင်းချန်းပြည်နယ်ရှိ ရှီလီ ဖန်အကျဉ်းထောင်၌ ကူးစက်ခံရသူ ၃၄ ဦး ရှိပြီး အကျဉ်းထောင် ညွှန်ကြားရေးမှူးတစ် ဦးနှင့် အခြားအရာရှိတစ်ဦး အလုပ်ဖြုတ်ခံ ခဲ့ရသည်။
ပေကျင်းမြို့တွင် ဖုစင်းဆေးရုံမှ ဆေး ဘက်ဝန်ထမ်းများ၊ လူနာများနှင့် ၎င်းင်းတို့၏ ဆွေမျိုးများအပါအဝင် လူပေါင်း ၃၆ ဦး ရောဂါကူးစက်ခံရသည်ဟု ကျန်းမာရေး အာ ဏာပိုင်များက ပြောကြားခဲ့သည်။
ပီကင်းတက္ကသိုလ်ပြည်သူ့ဆေးရုံ၌ ရောဂါကူးစက်ခံထားရသည့် ဆွေမျိုးနှစ်ဦး လာရောက်ကြည့်ရှုခဲ့ပြီးနောက် လူနာတစ်ဦး ရောဂါကူးစက်ခံရသည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် တောင်ကိုရီး ယားနိုင်ငံက လူပေါင်း ၅၂ ဦး ရောဂါထပ်မံ ကူးစက်ခံရကြောင်း ကြေညာခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၅၆ ဦး ရှိသွားပြီး
တရုတ်နိုင်ငံပြင်ပ၌ အဆိုးရွားဆုံးရောဂါကူး စက်ခံရသည့်နိုင်ငံ ဖြစ်လာသည်။
ခွမ်မြို့တွင် သက်ကြီးအရွယ် အမျိုး သားနှစ်ဦး အဆိုပါဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့ပြီး အီရန်က အိမ်နီးချင်းနိုင်ငံများ မှ လာရောက်မှုနှင့် ၎င်းင်းနိုင်ငံများသို့ သွား ရောက်မှုများကို ပိတ်ပင်ခဲ့ပြီးနောက် ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃ မှုတွင် နှစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။
သြစတြေးလျနိုင်ငံတွင် ဂျပန်ကမ်းလွန် ၌ ရောဂါခြေချုပ်ဖြင့် ရပ်နားထားရသော သင်္ဘောမှ ပြန်လာသူနှစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း ကြေညာခဲ့သည်။
ရာနှင့်ချီသော လူများကို စစ်ဆေးခဲ့ ပြီးနောက် ရောဂါပိုး တွေ့ရှိရခြင်း မရှိဟုဆို ကာ သင်္ဘောမှနေ၍ ထွက်ခွာခွင့်ပြုခဲ့ပြီး လူ အများအပြားသည် ၎င်းင်းတို့ နေရပ်တိုင်းပြည် များသို့ ပြန်သွားခဲ့ကြရာ နောက်ထပ် ရောဂါ ခြေချုပ်ချထားခြင်းကို ရင်ဆိုင်ခဲ့ရပြန်သည်။
သြစတြေးလျနိုင်ငံတွင် သင်္ဘောမှ ပြန် လာသူနှစ်ဦး၌ ရောဂါပိုး တွေ့ရှိရခြင်းက Diamond Princess သင်္ဘောပေါ်မှ ခရီး သည်များအား ရောဂါပိုး တွေ့ရှိရခြင်း မရှိဟု ဆိုကာ နေရပ်ပြန်စေခဲ့သည့် ဂျပန်အစိုးရ၏ မူဝါဒအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ သည်။ ဂျပန်လူမျိုးများဖြစ်ကြပြီး နှစ်ဦးစလုံး အသက် ၈၀ ကျော်များ ဖြစ်ကြသည့် သင်္ဘော ခရီးသည်ဟောင်းနှစ်ဦးမှာလည်း ဂျပန်နိုင်ငံ တွင် အဆိုပါရောဂါဖြင့် ဖေဖော်ဝါရီ ၂၀ ရက်၌ သေဆုံးခဲ့သည်။
Ref: AFP
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား