Top News

အပစ်အခတ်ရပ်စဲရေး ကာလကုန်ဆုံးပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား
24htopnews | October 26, 2024 1:12 AM CST

အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်တို့က အစ်ပွဲတော် အားလပ်ရက် အထိမ်းအမှတ်အဖြစ် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း ဟဲမန်းပြည်နယ်တွင် မေ ၁၆ ရက်က အာဖဂန်အစိုးရတပ်ဖွဲ့များနှင့်တာလီဘန်တို့ကြား တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်ခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယခုလအစောပိုင်းက အမေရိကန်သည် အာဖဂန်နစ္စတန် မှ ၎င်း၏နောက်ဆုံးတပ်ဖွဲ့များ ရုပ်သိမ်းမှုစတင်ချိန်ကတည်းက ဟဲမန်းပြည်နယ် မြို့တော် လက်ရှ်ကာဂါအပြင်ဘက် တွင်အစိုးရတပ်ဖွဲ့နှင့်တာလီဘန်တို့ကြား ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ဟု အာဖဂန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုတွေဟာ ဒီနေ့အစောပိုင်း (မေ ၁၆)မှာ စတင်ဖြစ်ပွားခဲ့ပြီးဆက်လက်ဖြစ် ပွားနေဆဲပါ” ဟု ဟဲမန်းပြည်နယ်ကောင်စီ၏ အကြီးအကဲ အက်တော်လာ အာဖဂန်က အေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့သည်။

တာလီဘန်တိုက်ခိုက်ရေးသမားများသည် လက်ရှ်ကာ ဂါမြို့အပြင်ဘက်နှင့်အခြား ခရိုင်များရှိ လုံခြုံရေးဂိတ်များကို တိုက်ခိုက်ခဲ့ သည်ဟု ၎င်းကဆိုသည်။

“အာဖဂန်တပ်ဖွဲ့တွေက တိုက်ခိုက်မှု တွေ စတင်လုပ်ဆောင်ခဲ့တာပါ။ကျွန်တော် တို့တွေကိုပဲ အပြစ်တင်မနေပါနဲ့” ဟုတာလီ ဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။

အစ် အားလက်ရက်များအတွင်းသုံးရက် ကြာအပစ်အခတ်ရပ်စဲရန် တာလီဘန်တို့ ဘက်မှ စတင်ထုတ်ပြန်ခဲ့ပြီး အာဖဂန်အစိုးရ ကလည်း ယင်းထုတ်ပြန်ချက်ကို အလျင်အ မြန်သဘောတူလက်ခံကြောင်းထုတ်ပြန်ခဲ့ ကာ ယင်းအပစ်အခတ်ရပ်စဲရေးကာလသည် မေ ၁၅ ရက်တွင်အဆုံးသတ်သွားခဲ့သည်။

အာဖဂန်နစ္စတန်၏မြို့တော် ကဘူးအ ပြင်ဘက်ရှိ ဗလီတစ်ခုတွင် မေ ၁၄ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးသောကြာနေ့ဝတ်ပြု သူများကို ဦးဆောင်သည့် ဘာသာရေး ဆရာ အပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ပြီးနောက်  တည်ငြိမ်မှုများ ပျက်ပြားခဲ့သည်။

တာလီဘန်တို့က ယင်းဖြစ်စဉ်ကို ကျူး လွန်ခဲ့ခြင်းမရှိဟု ထုတ်ပြန်ခဲ့ပြီး ယင်းတိုက် ခိုက်မှုမှာ IS စစ်သွေးကြွများ၏လုပ်ရပ်ဖြစ် ကြောင်း ဂျီဟတ်အဖွဲ့များအားစောင့်ကြည့် သည့် SITE စုံစမ်းထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နှစ်၂၀ ကြာ ရှည်လျားသည့် ပဋိပက္ခအ တွင်း ယခုအပစ်အခတ်ရပ်စဲမှုသည် တိုက် ခိုက်မှုများကို ရပ်တန့်ရန် လေးကြိမ်မြောက် သဘောတူညီချက် ဖြစ်သည်။

ဟဲမန်းနှင့် ကန်ဒါဟာ ပြည်နယ်အပါအ ဝင် အာဖဂန်ရှိ ပြည်နယ်အများအပြား တွင် ယခင်ကအကြမ်းဖက်မှုများမြင့်တက်ခဲ့ သည်။

အာဖဂန်အစိုးရတပ်ဖွဲ့နှင့် တာလီဘန် တို့ဘက်မှ ညှိနှိုင်းဆွေးနွေးသူများသည်ငြိမ်း ချမ်းရေးစကားဝိုင်းများ အရှိန်မြှင့်တင်လုပ် ဆောင်နိုင်ရန် ကာတာနိုင်ငံ ဒိုဟာမြို့တွင် မေ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

“အစ်ကာလပြီးချိန်မှာ ဆွေးနွေးပွဲတွေ ကို ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဘက်လုံးက သဘောတူညီခဲ့ကြတယ်” ဟု တာလီဘန်တို့ က Twitter တွင်ရေးသားထုတ်ပြန်ခဲ့သည်။

ဧပြီလကုန်ပိုင်းက တူရကီတွင် အာဖဂန် နစ္စတန်ညီလာခံတစ်ရပ် ပြုလုပ်ရန်စီစဉ်ထားသော်လည်း တာလီဘန်တို့ဘက်က တက်ရောက်ရန်ငြင်းဆန်သောကြောင့်ဆွေးနွေးပွဲကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။                                             

 


READ NEXT
Cancel OK