အစ္စရေး-ပါလက်စတိုင်း တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး မေ ၁၆ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ခဲ့ရာ အမေရိကန်၏ဟန့်တားမှုကြောင့် သဘောထားကြေညာချက် မထုတ်ပြန်နိုင်ခဲ့ဘဲ ၎င်းအပေါ် တရုတ်နိုင်ငံကစိတ်ပျက်လျက်ရှိသည်။
“စိတ်မကောင်းစရာပါပဲ ၊နိုင်ငံတစ်နိုင်ငံက အဟန့်အတားလုပ်ခဲ့လို့ လုံခြုံရေးကောင်စီဟာ အရှေ့အလယ်ပိုင်းအရေးမှာ တစ်သံတည်းမထွက်နိုင်ခဲ့ဘူး”ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက Video Conferencing ဖြင့်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အမေရိကန်က ၎င်းနှင့်ထိုက်တန်သည့် တာဝန်ယူမှုတာဝန်ခံမှုများရှိရန်လည်း ဝမ်ယိကတောင်းဆိုခဲ့သည်။
အမေရိကန်သည် အစ္စရေး၏အဓိက မဟာမိတ်နိုင်ငံဖြစ်ပြီး သံတမန်ရေးကိုအချိန် ပေးချင်သည်ဆိုသည့် အမေရိကန်၏ အချိန်ဆွဲမှုကြောင့် အစ္စရေး-ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူမှုကို မူလမေ ၁၄ ရက်မှ ၁၆ ရက်သို့ ရွှေ့လိုက်ရသည်။၎င်းတို့အနေဖြင့် တိတ်တဆိတ် ဆောင်ရွက်နေသည်များရှိပြီး လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကြောင့်ရလာဒ်ပြောင်းပြန် ဖြစ်သွားနိုင်သည်ဟု ဂျိုးဘိုင်ဒင်အစိုးရက ပြောသည်။
မေလ၏လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဌဖြစ်သည့်တရုတ်နိုင်ငံက အစည်းအဝေးတွင် အစ္စရေး-ပါလက်စတိုင်းတို့အကြား အပစ်အခတ်ချက်ချင်းရပ်စဲကြရန် ၊ လုံခြုံရေးကောင်စီက ပါလက်စတိုင်းကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန်၊ အစ္စရေးပါလက်စတိုင်းအရေးကို လုံခြုံရေးကောင်စီက ထိရောက်သည့်တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ရန်၊ အစ္စရေးနှင့်ပါလက်စတိုင်း နှစ်ပြည်ထောင်ထူပြီး အပြန်အလှန် အသိအမှတ်ပြုရေးမူဝါဒကို အကောင်အထည်ဖော်ရန် စသည့်အချက် လေးချက်ကို တိုက်တွန်းခဲ့သည်။
ထို့ပြင် အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများကို တရုတ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံပြုလုပ်ပေးရန်ကြိုဆိုကြောင်းလည်း ဝမ်ယိကပြောကြားခဲ့သည်။
အရှေ့ဂျေရုစလင်တွင်နေထိုင်သည့် ပါလက်စတိုင်းမိသားစုများ နှင်ထုတ်ခံရရာမှ ဆန္ဒပြမှုများပေါ်ပေါက်လာသည့်အတွက် မေ ၁၀ ရက်တွင် အစ္စရေးလုံခြုံရေးတပ်များက ဖြိုခွဲနှိမ်နင်းမှုများလုပ်ဆောင်ခဲ့ပြီး ဝတ်ပြုဆုတောင်းသူများရှိနေသည့် Al aqsa ဗလီထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက်မေ ၁၀ ရက်ညပိုင်းမှာတွင် ဟားမာ့စ်အုပ်စုဘက်မှ အစ္စရေးဘက်သို့ ရော့ကတ်များဖြင့် တရစပ်စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။
မေ ၁၆ ရက်တိုက်ပွဲသည် လူသေဆုံးမှုအများဆုံးဟု ဂါဇာဘက်ကပြောပြီး တိုက်ပွဲဖြစ်ချိန်မှစ၍ ဂါဇာဘက်တွင် သေဆုံးသူ ၂၀၀ ကျော်၊ဒဏ်ရာရသူ ၁,၂၀၀ ကျော်ရှိလာကာ အစ္စရေးဘက်တွင် သေဆုံးသူ ၁၀ ဦးရှိခဲ့သည်ဟု သတင်းများကဖော်ပြသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား