မြောက်ကိုရီးယားအစိုးရကထုတ်ပြန်သည့် ဓာတ်ပုံတွင် ဇန်နဝါရီ ၁၄ ရက်က မြောက်ပြုံဂန်ပြည်နယ်တွင် ရထားပေါ်မှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို တွေ့ရစဉ်
မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ နျူ ကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းများကို ဆက်လက်လုပ်ဆောင်နေပြီး ဆိုက်ဘာတိုက်ခိုက်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေ ကြေးများ ရရှိခဲ့ကာ ယင်းသည် မြောက်ကိုရီး ယား အစိုးရအတွက် အရေးကြီးသည့် ဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်သည်ဟု ဖေဖော်ဝါရီ ၅ ရက်က ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ ရသည့် ကုလသမဂ္ဂ၏ လျှို့ဝှက်အဆင့် အစီ ရင်ခံစာ၏ ကောက်နုတ်ချက်တစ်ခုအရ သိရ သည်။
ပိတ်ဆို့မှုများကို စောင့်ကြည့်လေ့လာ သည့် လွတ်လပ်သည့် အဖွဲ့က နှစ်စဉ်တင် သွင်းလေ့ရှိသည့် ယင်းအစီရင်ခံစာကို ဖေ ဖော်ဝါရီ ၄ ရက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြောက်ကိုရီးယား ပိတ်ဆို့မှုဆိုင် ရာ ကော်မတီကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
“နျူကလီးယားစမ်းသပ်မှုများ သို့မဟုတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ းစမ်းသပ် ခြင်းမရှိခဲ့သော်လည်း မြောက်ကိုရီးယားသည် ကွဲပွားခြင်းဖြင့် နျူကလီးယားစွမ်းအင်ထုတ် လုပ်နိုင်သည့် ပစ္စည်းများထုတ်လုပ်ရန်အ တွက် ၎င်းင်း၏ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက် စေရန် ဆက်လက်လုပ်ဆောင်နေသည်”ဟု ကျွမ်းကျင်သူများက ယင်းအစီရင်ခံစာတွင် ရေးသားခဲ့သည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များအရ နျူ ကလီးယားစမ်းသပ်မှုများနှင့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများကို ကာလကြာရှည်တားမြစ်ခံ ထားရသည်။
မြောက်ကိုရီးယားသည် နျူကလီးယား နှင့် ပဲ့ထိန်းဒုံးကျည် အခြေခံအဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို ဆက်လက်လုပ်ဆောင်နေပြီး လိုအပ် သည့် ပစ္စည်းကိရိယာများနှင့် နည်းပညာများ ရရှိရန်ကြိုးပမ်းနေကာ ဆိုက်ဘာရပ်ဝန်းနှင့် ပူးတွဲသိပ္ပံ သုတေသန နည်းလမ်းများအပါအ ဝင် ပြည်ပနိုင်ငံများတွင် ယင်းစီမံကိန်းများကို မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို သိရှိနား လည်ထားသည်ဟု အစီရင်ခံစာတွင်ဖော်ပြခဲ့ သည်။
၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီး ယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများကိုခံခဲ့ ရပြီး လုံခြုံရေးကောင်စီကလည်း မကြာသေးမီ နှစ်များအတွင်းက မြောက်ကိုရီးယား၏ နျူက လီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းအတွက် ငွေကြေးရရှိစေမည့် အရင်းအမြစ်များကို ပစ် မှတ်ထားရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ် ဆောင်ခဲ့သည်ဟု ပိတ်ဆို့မှုများ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ဇန်နဝါရီလ အ တွင်းက ပဲ့ထိန်းဒုံးကျည် ကိုးစင်း စမ်းသပ်ပစ် လွှတ်ခဲ့ပြီး ယင်းသည် မြောက်ကိုရီးယားနိုင်ငံ ၏ လက်နက်စမ်းသပ်မှုသမိုင်းတစ်လျောက် တစ်လအတွင်း ဒုံးကျည်အများဆုံး စမ်းသပ်မှု ဖြစ်ခဲ့သည်။
ထို့ပြင်မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိသည့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ ကို ရယူရန် ဒစ်ဂျစ်တယ်ငွေကြေးပလက် ဖောင်းများကို ခုနစ်ကြိမ်ထက်မနည်းတိုက် ခိုက်ခဲ့သည်ဟု ပြီးခဲ့သည့်လက ဆိုက်ဘာလုံ ခြုံရေးကုမ္ပဏီ Chainalysis ၏ ထုတ်ပြန်ချက် ကို ကိုးကားပြီး ပိတ်ဆို့မှုလေ့လာစောင့်ကြည့် ရေးအဖွဲ့ က ပြောကြားခဲ့သည်။ Ref: Reuters
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား