အာဆင်နယ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၀၀:၃၀ နာရီ)
ဆောက်သမ်တန်က အာဆင်နယ်အတွက် လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်တာသေချာတယ်။ မာကျောပြီး၊ စုစည်းမှုကောင်းတဲ့ ဆောက်သမ်တန်ခံစစ်ကို ကျော်ဖြတ်ဖို့လည်း တိုက်စစ်အားနည်းနေတဲ့ အာဆင်နယ်မှာ အခက်အခဲရှိပါတယ်။ သရေကျခဲ့ရင် အံ့ဩစရာမရှိပါဘူး။
လိဒ်စ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၀၀:၃၀ နာရီ)
ဘီယဲလ်ဆာရဲ့ လိဒ်စ်က အာဆင်နယ်၊ အဲဗာတန်တို့ဆီက (၄)မှတ်ယူပြီးတော့ ချယ်လ်ဆီး၊ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ ခြေစွမ်းကတော့ မဆိုးဘူး။ ခံစစ်မှာပဲ ပြဿနာပေါ်နေတာ တွေ့ရတယ်။ နယူးကာဆယ်က မာကျောပြီး၊ ဟန်ချက်ညီနေတယ်။ နယူးကာဆယ်ကိုကြိုက်တယ်။
လက်စတာ - အဲဗာတန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၀၀:၃၀ နာရီ)
လက်စတာနဲ့ ပွဲမတိုင်ခင်မှာ ချယ်လ်ဆီးကိုအနိုင်ရခဲ့တာ အဲဗာတန်အတွက် စိတ်ခွန်အားဖြစ်စေပါတယ်။ ရစ်ချာလီဆန်ပြန်လာကတည်းက ကစားပုံပြန်ကောင်းလာတာတွေ့ရတယ်။ လက်စတာကလည်း အသင်းလိုက်နည်းနည်းအားပျော့နေပုံပေါ်တယ်။ ဒီပွဲက သရေကျသွားနိုင်ပါတယ်။
ဖူလ်ဟမ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၃၀ နာရီ)
ဘရိုက်တန်က ခြေစွမ်းကောင်းသလောက် ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရတဲ့အသင်းပါ။ ဖူလ်ဟမ်ကလည်း ရလဒ်တွေထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးရှိပါတယ်။ နှစ်သင်းစလုံး ဖြစ်သင့်သလောက်မဖြစ်ကြသေးဘူးလို့ ဆိုရမယ်။ ဒီပွဲမှာတော့ ဖူလ်ဟမ် မရှုံးလောက်ဘူးလို့ ထင်တယ်။
ဝက်စ်ဟမ်း - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၃၀ နာရီ)
ဝက်စ်ဟမ်းရဲ့ ရလဒ်တွေက အံ့ဩစရာပါ။ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲနိုင်ခဲ့တယ်ဆိုတဲ့ Rhythm က ချီးကျူးစရာ ကောင်းသလို၊ ယုံကြည်မှုအမြင့်ဆုံးရောက်နေတာကိုလည်း မြင်ရတယ်။ ပဲလေ့စ်ကလည်း ကစားပုံမဆိုးပါဘူး။ ဒါပေမဲ့ ဝက်စ်ဟမ်းလောက် ခြေမငြိမ်ပါဘူး။ ဝက်စ်ဟမ်းကို ကြိုက်တယ်။
လီဗာပူးလ် - စပါး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၃၀ နာရီ)
ဂျိုတာ ရှိနေတာ လီဗာပူးလ်အတွက်ကောင်းပေမဲ့ ဂျိုတာ မကစားနိုင်ရင်လည်း လီဗာပူးလ်က ပြဿနာမရှိပါဘူး။ အရင်လို (၄-၃-၃)အထိုင်နဲ့ မာနေ-ဖေမီနို-ဆာလာအတွဲအတိုင်း ပြန်ကစားရုံပဲ။ ခံစစ်နဲ့ ကွင်းလယ်ကလည်း တဖြည်းဖြည်းနဲ့ လူပြန်စုံလာတာတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပွဲကြီးတွေမှာ ဗန်ဒိုက် ပါခဲ့ရင်တော့ ပိုစိတ်ချရနိုင်တယ်။ ခံစစ်ပြဿနာတွေနဲ့ မန်စီးတီး၊ လက်စတာတို့ဆီက (၄)မှတ်ယူခဲ့တာ ကျေနပ်စရာဖြစ်သလို၊ ဝုလ်ဗ်လိုမာကျောတဲ့အသင်းတစ်သင်းကိုလည်း (၄-ဝ)ဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့တာတွေ့ရတယ်။ စပါးကတော့ ဟာရီကိန်း+ဆွန်ဟောင်မင်တိုက်စစ်အတွဲနဲ့ လီဗာပူးလ်ကို ဒုက္ခပေးဖို့ ကြိုးစားမယ်။ ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေကစားမယ့်အချိန်မှာ လီဗာပူးလ်က ဘယ်လောက် Pressing လုပ်နိုင်မလဲဆိုတဲ့ အချက်ကလည်း ဒီပွဲအတွက် အရေးပါတဲ့အချက်ဖြစ်တယ်။ စပါးသာ Press Break လုပ်နိုင်ရင် လီဗာပူးလ်ခံစစ် ပြဿနာပေါ်နိုင်တယ်။ ဒါပေမဲ့ လီဗာပူးလ်ကွင်းမှာတော့ လီဗာပူးလ် မရှုံးလောက်ဘူးထင်တယ်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး