Top News

■ ဝင်ငွေအကောင်းဆုံး ဘောလုံးသုံးသပ်သူအဖြစ် ဂယ်ရီလိုင်နီကာ ရပ်တည်နေ     
24htopnews | October 25, 2024 5:12 PM CST

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာသည် လက်ရှိအချိန်တွင် ဝင်ငွေအကောင်းဆုံးဘောလုံး သုံးသပ်သူအဖြစ် ရပ်တည်နေကြောင်း သိရသည်။ 

ဂယ်ရီလိုင်နီကာ(၆၃ နှစ်)သည် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာ၊ စပါးနှင့် နာဂိုယာဂရမ်းပတ်စ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်သည်။ 

၎င်းသည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခြင်းမပြုဘဲ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီလိုင်နီကာသည် လက်ရှိအချိန်တွင် တစ်နှစ်လစာ ပေါင်(၁၃၅၀၀၀၀)ရရှိနေသည့်အတွက် ဝင်ငွေအကောင်းဆုံးဘောလုံးသုံးသပ်သူအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။


READ NEXT
Cancel OK