Top News

နယ်စပ်တံတိုင်း၊ အစိုးရလည်ပတ်မှု ရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ သဘောတူညီချက်ကို အမေရိကန်အမတ်များ ထုတ်ပြန်.
24htopnews | October 24, 2024 12:12 PM CST

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က  တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့တွင် စုဝေးပွဲတစ်ခု၌ လူအုပ်ကြီးအား မိန့်ခွန်းပြောကြားစဉ် မက္ကဆီကိုနယ်စပ်၌ တံတိုင်းတစ်ခု တည်ဆောက်ရန် ဒေါ်လာ ၁.၄ ဘီလျံနီးပါးပေးရန်နှင့် နောက်ထပ် အစိုးရလည်ပတ်မှု ရပ်ဆိုင်းခြင်းမှ ရှောင်လွှဲရန် မူများကို သဘောတူညီချက်တစ်ခုအား အမေရိကန် ဥပေဒပြုအမတ်များက ဖေဖော်ဝါရီ ၁၁ ရက်နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

ထိုပမာဏသည် ထရန့်က တောင်းဆိုထားသော ဒေါ်လာ ၅.၇ ဘီလျံထက် အလွန်နည်းပါးနေသော်လည်း သဘောတူညီချက် ရရှိပါက ဖေဖော်ဝါရီ ၁၅ ရက်၌ အစိုးရဌာန အများအပြား၏ အသုံးစရိတ်များကို ဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ထားသည့် နောက်ထပ် ဝရုန်းသုန်းကား အနေအထားတစ်ခုကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။

ရီပက်ဘလီကင်နှင့် ဒီမိုကရက်တစ် အမတ်များအကြား ရရှိခဲ့သော ထိုသဘောတူညီချက်တွင် ထရန့်၏ အဓိက မဲဆွယ်ကတိတစ်ခု ဖြစ်သော မက္ကဆီကိုနယ်စပ်၌ တံတိုင်းတစ်ခု တည်ဆောက်ရန် ဒေါ်လာ ၁.၃၇၅ ဘီလျံ ထောက်ပံ့ရန်လည်း ပါဝင်ကြောင်း ရီပက်ဘလီကင်ပါတီ ကိုယ်စား အဓိကညှိနှိုင်းသူ အထက်လွှတ်တော်အမတ် ရစ်ချက်ရှယ်ဘီက ပြောကြားခဲ့သည်။ ထိုသဘောတူခဲ့သော ပမာဏသည် တက္ကဆက်တောင်ဘက် ရီယိုဂရန်ဒီ တောင်ကြားဒေသတွင် အရှည် ၅၅ မိုင် (၈၉ ကီလိုမီတာ) နီးပါးကို တံတိုင်းဆောက်ရန် ထောက်ပံ့ပေးမည် ဖြစ်သည်။

သို့သော် ထိုသဘောတူညီချက်အား ဖော်ဆောင်ရန် အိမ်ဖြူတော်၏ အတည်ပြုချက်ယူရန် လိုအပ်နေသေးသည်။

အငြင်းပွားဖွယ် နယ်စပ်တံတိုင်းကိစ္စသည် ထရန့်က ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် ရွေးကောက်ခံရန် ကြိုးပမ်းမှုအတွက် စတင်လိုက်ခြင်းဖြစ်ပြီး အယ်ပါဆို၌ စုဝေးမှုသည်  နောက်ထပ်ရောက်လာမည့် အရာများကို ပထမဆုံး မြည်းစမ်းမှုဖြစ်သည်။ တံတိုင်းများသည် ထိန်းချုပ်မှု ကင်းမဲ့နေသော မက္ကဆီကို ရာဇဝတ်သားများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည့်နေရာကို ထရန့်က သမိုင်းဝင်ဆုံမှတ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထရန့် မဲဆွယ်သည့် နေရာနှင့် အလွန်အမင်း အလှမ်းမဝေးသည့်နေရာတွင် ၂၀၂၀ ပြည့်နှစ်၌ ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ခြေရှိသည့် ဒီမိုကရက်တစ်အမတ် ဘီတိုအိုရူအာကီကလည်း စုဝေးမှုကို ကျင်းပနေသည်။ ယနေ့ညတွင် အမေရိကန်-မက္ကဆီကိုနယ်စပ်မှ အနာဂတ်အတွက် အမှန်တရားနှင့် အပြုသဘောဆောင်သော၊ အားလုံးပါဝင်သော၊ ရည်မှန်းချက်ကြီးမားသော သဘောထားနှင့်အတူ လိမ်လည်မှုနှင့် အမုန်းတရားများကိုလည်း ကြုံရမည်ဖြစ်ကြောင်း အယ်ပါဆိုမှ အိုရူအာကီက ပြောကြားခဲ့သည်။

အယ်ပါဆိုမြို့တစ်လျှောက် တံတိုင်းများ ကာရံခြင်းသည် မက္ကဆီကိုမှ ပြဿနာဖြစ်နေသော Ciudad Juarez မြို့မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အလွန်အမင်း လျှော့ချနိုင်ခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။ အယ်ပါဆိုမြို့တော်ဝန် ဒီးမာဂိုးကမူ ၎င်းတို့သည် ယခင်ကနှင့် ယခုပါ ဘေးကင်းကြောင်း၊ ထိုတံတိုင်းသည် ရာဇဝတ်မှုအချို့ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော် အခြေခံအကြောင်းရင်းမှာ ၎င်းတို့၏ ရဲများနှင့် လုံခြုံရေးများကြောင့် မိမိတို့သည် ဘေးကင်းလုံခြုံနေကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

 


READ NEXT
Cancel OK