ထရန့်၏ လိမ်လည်မှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြိုးပမ်းမှုတို့ကို ဇန်နဝါရီ ၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်ပြီး ဒီမိုကရေစီ၏လည်ပင်းကို မည်သူမျှ ဓားဖြင့် ထိုးခွင့် ပြုမည်မဟုတ်ဟု ဇန်နဝါရီ ၆ ရက် လွှတ်တော် အုံကြွမှု ပထမဆုံးနှစ်ပတ်လည်တွင် သန္နိဋ္ဌာန်ချခဲ့သည်။
အဓိကအားဖြင့် ထရန့်ကို တစ်နှစ်ကြာ မသိကျိုးကျွန်ပြုခဲ့ပြီးနောက် ဘိုင်ဒင်က ထရန့်အား လူလိမ်ဟု ဝေဖန်ထိုးနှက်ခဲ့သည်။ ထရန့်၏ အတ္တက ရွေးကောက်ပွဲအရှုံးကို လက်မခံသည့်အပြင် ရွေးကောက်ပွဲရလဒ်အတည်ပြုမှုကို အဟန့်အတားပြုရန် ထရန့်ထောက်ခံသူများ ကွန်ဂရက်အစည်းအဝေးကျင်းပသည့် Capitol အဆောက်အအုံကို စီးနင်းခဲ့သဖြင့် အမေရိကန် ဒီမိုကရေစီစနစ် ပြိုကွဲလုဆဲ အနေအထားဖြစ်ခဲ့ကြောင်း ဘိုင်ဒင်က ဝေဖန်ခဲ့သည်။
“ဒါဟာ လက်နက်ကိုင် ပုန်ကန်မှုဖြစ်ပါတယ်”ဟု လွှတ်တော်ထဲရှိ Saturday Hall မှ တစ်ဆင့် ဘိုင်ဒင်က ပြောကြားခဲ့သည်။ လွန်ခဲ့သော တစ်နှစ်တွင် ထရန့်အလံများကို ဝှေ့ယမ်းခဲ့ကြသူ ထောင်ပေါင်းများစွာသည် လွှတ်တော်ခန်းမအတွင်း ကျူးကျော်ဝင်ရောက်ရန် ရဲများကို တက်နင်းခဲ့ကြရာ လွှတ်တော်အမတ်များ အသက်လုပြေးခဲ့ရသည်။
“ကျွန်တော်ကတော့ ဒီမိုကရေစီလည်ပင်းကို ဘယ်သူ့ကိုမှ ဓားနဲ့ထိုးဖို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံရေး အကြမ်းဖက်မှုကို စံနှုန်းအဖြစ်လက်ခံတဲ့ နိုင်ငံဖြစ်လာတော့မှာလား”ဟု ဘိုင်ဒင်က မေးခွန်း ထုတ်ခဲ့သည်။
ဘိုင်ဒင်က ထရန့်အမည်ကို တမင်ပြော ပြောဆိုခြင်းမရှိခဲ့သော်လည်း အရှုံးကို လက်မခံနိုင်သောကြောင့် ဒီမိုကရေစီကို အထင်အမြင်သေးခဲ့သည့် လူတစ်ဦး၏ ရုပ်ပုံလွှာကို ၎င်းက ပြတ်ပြတ်သားသား ပြောသွားခဲ့သည်။
ကွန်ဂရက်ကို ကျူးကျော်ဝင်ရောက် နေကြချိန်တွင် ထရန့်သည် အိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်းထဲက သီးသန့်ထမင်းစားခန်းတွင် ထိုင်နေခဲ့ပြီး အဖြစ်အပျက်အားလုံးကို ထိုင်ကြည့်နေခဲ့ကာ ဘာမှ မလုပ်ခဲ့ဟု ဘိုင်ဒင်က ဒေါသတကြီးပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး OAN ရုပ်သံလိုင်း နှင့်တွေ့ဆုံမေးမြန်းရာတွင် ထရန့်က ပြည်နယ်အချို့၌ မဲထောင်ပေါင်းများစွာ မဲလိမ်မှုရှိခဲ့သည်ဟု မှားယွင်း ပြောဆိုခဲ့သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက်ညနေပိုင်းတွင် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုစီ နှင့် အခြားဒီမိုကရက်များသည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားသောရဲများအတွက် လွှတ်တော်အဆောက်အအုံ လှေကားထစ်များပေါ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြကာ “ဘုရားသခင်က အမေရိကကို ကောင်းချီးပေးပါ”ဟု သီဆိုခဲ့ကြသည်။
ရီပတ်ဘလစ်ကန်ပါတီ၏ ထိပ်သီးလွှတ်တော်အမတ်ဖြစ်သူ ဆီနိတ်တာ မစ်ချ်မက်ကော်နယ်သည် မိုင်၆၀၀ ဝေးသော ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် မကြာသေးခင်က ကွယ်လွန်သွားခဲ့သော ဆီးနိတ်အမတ် တစ်ဦး၏ စျာပနသို့ သွားသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
လိမ်ညာပြောဆိုမှုများကို အမျိုးမျိုးလုပ်ဆောင်ကာ မကြုံဖူးသည့် လွှတ်တော်တွင်း စီးနင်းဝင်ရောက်မှု ဖြစ်ပေါ်အောင် သွေးထိုးပေးခဲ့သည့် ထရန့်ကို ပြစ်တင်ရှုတ်ခဲ့သော ၀ါရင့်ရီပတ်ဘလီကန်အမတ်များထဲတွင် မက် ကော်နယ်ပါဝင်ခဲ့သည်။ဒီမိုကရက်များသည် ယင်းကိစ္စကို နိုင်ငံရေးပုံစံဖြစ်အောင် ရုပ်လုံးဖော်လိုနေကြသည်ဟု ရီပတ်ပလီကင် အမတ်တစ်ဦးက ပြောသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်