မန်ယူနောက်ခံလူဟောင်း အီဗရာက ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခေတ်လွန် အသင်းရုန်းကန်နေရခြင်းအတွက် မိမိတို့ကစားသမားဟေင်းများနှင့် ဖာဂူဆန်တို့တွင် အပြစ်ရှိကြောင်း အံ့အားသင့်ဖွယ်ပြောကြားခဲ့သည်။
ပြင်သစ်နောက်ခံလူဟောင်း အီဗရာသည် မန်ယူအသင်းတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ (၈)နှစ်ကျော်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်အပါအဝင် ဆုဖလား (၁၄) လုံးထိ ရယူနိုင်ခဲ့သည်။ ဖာဂူဆန်သည် ၂၀၁၂-၁၃ ရာသီကုန်တွင် နည်းပြဘဝမှ အနားယူသွားခဲ့ပြီး အီဗရာမှာလည်း မန်ယူအသင်းတွင် တစ်ရာသီသာ ဆက်ကစားခဲ့ပြီး ၂၀၁၄ နွေရာသီတွင် ဂျူဗင်တပ်စ် အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။
ထိုစဉ်က ဖာဂူဆန်၏ မန်ယူနည်းပြရာထူးကို ဆက်ခံခဲ့သည့် ဒေးဗစ်မွိုက်စ်မှာလည်း တစ်ရာသီအကြာမှာပင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။ ယင်းနောက်တွင် မန်ယူအသင်း၌ နည်းပြအပြောင်းအလဲများစွာပေါ်ပေါက်ခဲ့သော်လည်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို စိန်ခေါ် နိုင်ခြင်းမရှိတော့ဘဲ ရုန်းကန်ခဲ့ရသည်။
လက်ရှိနည်းပြ တန်ဟက်ဂ်လက်ထက်တွင် မန်ယူအသင်းမှာ ယခုရာသီတွင် အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် ရမှတ်(၁၀) မှတ်ဖြင့် (၁၂) နေရာ၌ ရပ်တည်နေသည်။ မန်ယူအသင်းအနေဖြင့် ယခုကဲ့သို့ ရုန်းကန်နေရခြင်းမှာ ကစားသမားဟောင်းများနှင့် ဖာဂူဆန်တို့တွင် တာဝန်ရှိကြောင်း အီဗရာက ဆိုခဲ့ခြင်းဖြစ်သည်။
အီဗရာက "အခုအချိန်မှာ မန်ယူအကြောင်းကို ပြောဖို့ ခက်ခဲပါတယ်။ အရင်တုန်းက ကျွန်တော်ဟာ ပရိသတ်တွေအတွက်၊ တံဆိပ်အတွက်၊ သမိုင်းအတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်တယ်။ ဖာဂူဆန်ကို အပြစ်တင်မိတယ်။ ကျွန်တော်တို့ အသင်းကထွက်ခွာခဲ့တာ စောလွန်းခဲ့ပါတယ်။ အတုယူရမယ့်သူမရှိဘဲ ကစားရတာ ကစားသမားတွေအတွက် မလွယ်ပါဘူး။ တန်ဟက်ဂ်က အကောင်းဆုံးလုပ်နေပေမဲ့ မလုံလောက်ပါဘူး။ မန်ယူဟာ ၂၀၁၃ မှာ ပရီးမီးယားလိဂ်ရပြီးကတည်းက ပြိုပျက်ခဲ့ရတာပါ"ဟု ပြောကြားခဲ့သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ