မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေးစာပို့ရထားခရီးစဉ်အား မေလ ၆ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ “ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး စာပို့ရထား ခရီးစဉ်ကို မေ ၆ ရက် နံနက် ၇ နာရီကနေစတင်ပြီး ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့မီးရထားက ကိုဗစ်ကာလ ခရီးသည်စီးနင်းမှု လျော့နည်းခြင်းကြောင့် ရပ်နားထားသည့် ရထားခရီးစဉ်များအနက် အချို့အား ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်စီးနင်းမှု ပေါ်မူတည်၍ လူစီးရထားများ ထပ်မံပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ ကိုဗစ်ကာလမှာ ခရီးသည်စီးနင်းမှု လျော့နည်းတာကြောင်း ခရီးဝေးရထားနဲ့ မြို့့ပတ်ရထားခရီးစဉ်အချို့ကို ပြေးဆွဲမှုရပ်နားထားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ခရီးသည်စီးနင်းမှုပေါ်မူတည်ပြီး ရထားခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ရထားခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲဖို့စီစဉ်နေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့မီးရထားက မန္တလေး-ကောလင်း လမ်းပိုင်းတွင် RBE နှစ်တွဲပါ ရထားဆိုင်းဖြင့် ဧပြီ ၂၆ ရက်မှ စတင်ကာ မန္တလေး-ကောလင်းခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည် စာပို့ ရထားခရီးစဉ်အား ဧပြီ ၂၄ရက်တွင် ပြန်လည် ပြေးဆွဲခဲ့ပြီးရန် ကုန်မြို့ပတ်ရထားခရီးစဉ် အပါအဝင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များအား ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားသည် ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရထားခရီးစဉ်များအနက် အချို့အား ပြန်လည်ပြေးဆွဲခဲ့ရာ ဧပြီ ၂၄ရက်တွင် ယခင် ကြည့်မြင်တိုင်-ပြည် စာပို့ရထားခရီးစဉ်အား ရန်ကုန်ဘူတာကြီးမှ စတင်ကာ ရန်ကုန်-ပြည် ရထားခရီးစဉ်အား စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ် ၈ အစုန် လူစီးရထားနှင့် နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် RBE လူစီးရထားခရီးစဉ်များအား ဧပြီ ၄ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်- မော်လမြိုင်-ရေး-ထားဝယ်၊ ရန်ကုန်-ပြည်၊ မန္တလေး-လားရှိုး စသည့် ရထားလမ်းပိုင်းများနှင့် အခြားလမ်းပိုင်းအသီးသီးတွင် လူစီးအမြန်ရထား၊ လူစီးစာပို့ရထား၊ လူစီးရထား၊ ခရီးတိုရထားများနှင့် ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်များကို ရထားစင်းရေ တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်နေခြင်းဖြစ်သည်။
ယခင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစဉ် ရထားလမ်းကွန်ရက် တစ်လျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်းတို့ဖြင့် ခရီးဝေးရထားစုစုပေါင်း ၁၅၆ စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း ၂၁ ဆိုင်းဖြင့် ၁၆၈ ခေါက်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း