ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်းကွင်းလယ်လူ ကွန်တေအနေဖြင့် မန်ယူအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်းကွင်းလယ်လူ ကွန်တေအနေဖြင့် မန်ယူအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ကွန်တေသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ရရှိခဲ့သော ဒူးဒဏ်ရာအကင်းမသေမှုကြောင့် ချယ်လ်ဆီးအသင်း၏ ဂျပန်ခရီးစဉ်မှ လန်ဒန်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ကွန်တေသည် ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း ကစားခဲ့သည့် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့၏ ပွဲစဉ်အများအပြားကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူလည်းဖြစ်သည်။
လမ်းပတ်က ကွန်တေအား လန်ဒန်သို့ ပြန်လွှတ်ခဲ့ခြင်းမှာ ကစားသမားဖြစ်သူ၏ ဒဏ်ရာပိုမိုသက်သာလာစေရန်ဖြစ်ကြောင်းနှင့် သြဂုတ်လ (၁၁)ရက်နေ့တွင် မန်ယူအသင်းနှင့်ကစားရမည့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်၌ ကွန်တေပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
လမ်းပတ်က ''ကွန်တေအဆင်ပြေပါတယ်။ ကျွန်တော့်အနေနဲ့ ကွန်တေကို ရာသီကြိုခြေစမ်းခရီးစဉ်မှာမပါဝင်ဘဲ လန်ဒန်ကိုပြန်လွှတ်ခဲ့တာဟာ ကစားသမားရဲ့ဒဏ်ရာအခြေအနေပိုမို တိုးတက်လာဖို့ဖြစ်ပါတယ်။ သူ့အနေနဲ့ လန်ဒန်မှာ ဒဏ်ရာကပြန်လည်သက်သာလာအောင် အကောင်းဆုံးပြန်လည်ကြိုးစားမှာဖြစ်ပြီး သိပ်မကြာခင်မှာ အသင်းအတွက် ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်'' ဟုပြောကြားခဲ့သည်။
ထို့ပြင် လမ်းပတ်က ဘာစီလိုနာအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သော လူငယ်ကစားသမား အေဘရာဟမ်ကို ချီးကျူးပြောကြားခဲ့သည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်